EPISODE · Mar 30, 2024 · 3 MIN
အာဏာသိမ်း ၃ နှစ်အတွင်း တိုက်လေယာဉ်၊ ရဟတ်ယာဉ် ၁၂ စီး အထိ ပျက်ကျခဲ့
from DVB News · host Democratic Voice of Burma
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်၊ သယ်ပို့လေယာဉ်၊ ရဟတ်ယာဉ်တွေ ၁၂ စီအထိ ပျက်ကျခဲ့ပြီး သေဆုံးခဲ့သူတွေထဲမှာ ဗိုလ်မှူးချုပ်အထိ ပါဝင်နေပါ တယ်။ DVB က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ပစ်ချခံရတာ၊ စက်ချို့ယွင်းတာတွေ ကြောင့် လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ပျက်ကျခဲ့ရတာပါ။ အများစုဟာ အခု ၂၀၂၄ ခုနှစ်ထဲမှာ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ် ၊ ရဟတ်ယာဉ် ၆ စီး ရှိနေပါတယ်။ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ပျက်ကျမှုကြောင့် သေဆုံးသူတွေထဲမှာတော့ ရာထူးအကြီးဆုံး အရာရှိက ဗိုလ်မှူးချုပ်ဖြစ်ပြီး ကရင်ပြည်နယ် သင်္ဃန်းညီနောင်မှာ ဒီနှစ် ဇန်နဝါရီလကုန်ပိုင်းက KNLA တော်လှန်ရေးပူးပေါင်းတပ်ရဲ့ ပစ်ချမှုကြောင့် EuroCopter ရဟတ်ယာဉ် ပျက်ကျပြီး လိုက်ပါလာတဲ့ ဗိုလ်မှူးချုပ် အေးမင်းနောင် သေဆုံးခဲ့တာလို့ KNUက ထုတ်ပြန်ထားတာပါ၊ ပျက်ကျပြီးချိန် တော်လှန်ရေးတပ်တွေရဲ့ ဖမ်းဆီးခံရသူ လေယာဉ်မှူးကတော့ ကရင်နီမှာ ၂၀၂၃ ခုနှစ်က ပစ်ချခံရတဲ့ K-8 တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး ဖြစ်ပါတယ်။ စစ်ကောင်စီလေတပ်ရဲ့ အရန်အင်အား လျော့နည်းလာပေမဲ့ Y-12 လို သယ်ပို့လေယာဉ်တွေကနေ ဗုံးကြဲနေတာတွေကို တော်လှန်ရေးတပ်တွေ ကြုံနေရဆဲပဲလို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ စစ်တပ်က လေယာဉ်တွေကို ထုတ်မပြနိုင်တဲ့ အခြေအနေကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။
What this episode covers

NOW PLAYING
အာဏာသိမ်း ၃ နှစ်အတွင်း တိုက်လေယာဉ်၊ ရဟတ်ယာဉ် ၁၂ စီး အထိ ပျက်ကျခဲ့
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.