EPISODE · Nov 2, 2024 · 4 MIN
အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် မြန်မာ့အရေးပေါ် သက်ရောက်မှု
from DVB News · host Democratic Voice of Burma
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရတယ် ဆိုတာထက် မြန်မာ့အရေးအတွက်နှစ်ဖက်စလုံးကို ဘယ်လိုစည်းရုံးရမယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့အမေရိကန်ရောက် မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ပြောဆိုလိုက်ပါတယ်။ ဒေသစံတော်ချိန် နိုဝင်ဘာ ၅ ရက်မှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်သမ္မတလောင်း ကမ်မလာဟားရစ်နဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်တို့ အပြိုင်မဲဆွယ်စည်းရုံးပွဲတွေ ပြုလုပ်နေကြတာပါ။ ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံတဝန်း မဲဆန္ဒရှင် ၄၉ သန်းဝန်းကျင်ဟာ ကြိုတင်မဲတွေ ပေးထားတယ်လို့ ဖလော်ရီဒါတက္ကသိုလ် ရွေးကောက်ပွဲစစ်တမ်းက ဖော်ပြထားပြီး ကြိုတင်ခန့်မှန်း စစ်တမ်းတွေအရ တဖက်နဲ့တဖက် သိသိသာသာ အသာစီး မယူနိုင်သေးဘူးလို့ ဆိုပါတယ်။ အမေရိကန်ရောက် မြန်မာတွေထဲမှာကို သမ္မတရွေးကောက်ပွဲအတွက် သဘောထား ကွဲလွဲနေကြတာကိုလည်း တွေ့ရပါတယ်။ သမ္မတလောင်းတွေ ကိုယ်စားပြုတဲ့ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ၂ ပါတီစလုံးဟာ မြန်မာ့အရေး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း အခြေအနေတွေ အပေါ်မှာတော့ တူညီတဲ့ ဘုံအလေးထားမှု ရှိတယ်လို့ အမေရိကန်နိုင်ငံရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ Los Angeles Myanmar Movement စည်းရုံးရေးတာဝန်ခံ ဂျိမ်း(စ်)ရွှေက သုံးသပ်ပါတယ်။ https://burmese.dvb.no/post/675980
What this episode covers

NOW PLAYING
အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် မြန်မာ့အရေးပေါ် သက်ရောက်မှု
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.