EPISODE · Jan 25, 2025 · 3 MIN
ချောင်းသာတွင် ဒေသခံများစစ်ရှောင်နေရပြီး ကမ်းခြေ ဟိုတယ်အများစုပိတ်ထား
from DVB News · host Democratic Voice of Burma
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေတည်ရှိတဲ့ ချောင်းသာမြို့နဲ့ အနီးအနားက ရွာတွေမှာ စစ်ရိပ်သမ်းလာတဲ့အတွက် ဒေသခံအများစုကစစ်ရှောင်နေကြပြီး ကမ်းခြေက ဟိုတယ်တွေလည်း ပိတ်ထားရတယ်လို့ ဒေသခံတွေ ပြောပါတယ်၊။ ဇန်နဝါရီ ၂၃ ရက်အထိကို ကမ်းခြေက ဟိုတယ်အကုန်လုံးနီးပါး ပိတ်ထားရကြောင်းနဲ့ ချောင်းသာကမ်းခြေနဲ့ အနီးအနားကျေးရွာဒေသခံတွေက ရန်ကုန်နဲ့ ပုသိမ်မြို့တွေကို ရှောင်တိမ်းနေကြပြီလို့ ချောင်းသာမြို့ ဒေသခံက DVB ကိုပြောပါတယ်။ “အခု ဟိုတယ်တွေက ပိတ်ထားတာ တပတ်လောက်ရှိပြီ ပထမကတည်းက သူတို့ပိတ်ဖို့လုပ်နေတာ၊ ပိတ်ပြန်တော့ ဘယ်လိုတွေရှိမှန်းမသိတော့၊ အခုဟိုးတနေ့က ကျနော်သွားတော့ဟိုတယ်တွေပစ္စည်းတွေ ဝိုင်းတင် ပေးခဲ့ရတယ်။ မီးစက်တွေတောင် အကုန်ရွှေ့ကြတာ။ ပိတ်သွားတာ လုံးဝကို ပိတ်သွားပြီ။ KTV တွေကအစ၊ အရင်က KTV တွေဖွင့်သေးတယ်၊ အခုတော့ အကုန်ပိတ်ကုန်တာ။ ကျန်ခဲ့တာကတော့ အဓိက ပိုက်ဆံမရှိတဲ့သူပဲ ကျန်တာပေါ့ဗျာ၊ ပုသိမ်နဲ့ ရန်ကုန်ကိုရွှေ့ကြတာပေါ့။ ရန်ကုန်တက်တဲ့သူလည်းရှိတယ်၊ ငသိုင်းချောင်းသွားတဲ့သူလည်းရှိတယ်၊ ဒီနားလောက်ပဲသွားတဲ့သူလည်းရှိတယ်။ ပိုက်ဆံ မတတ်နိုင်ကြလို့ထင်တာပဲ။” https://burmese.dvb.no/post/687710
What this episode covers

NOW PLAYING
ချောင်းသာတွင် ဒေသခံများစစ်ရှောင်နေရပြီး ကမ်းခြေ ဟိုတယ်အများစုပိတ်ထား
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.