၁၄၅/၅၀၅ ထောင်မှတ်စု

PODCAST

၁၄၅/၅၀၅ ထောင်မှတ်စု

  1. 3

    ထောင်တွင်းမျက်တောင်တုတိုက်ပွဲ

    မြန်မာနိုင်ငံမှာ စနစ်ဆိုးတွေကြောင့် နိုင်ငံရေးအကျဉ်းကျ ထောင်ဇာတ်လမ်းတွေဟာ ခေတ်အဆက်ဆက် မပြီးမစီးနိုင်ရှိနေတယ်။ စာအုပ်စာပေ၊ အသံစာအုပ်၊ ဇာတ်ကား၊ မှတ်တမ်းရုပ်ရှင် စသဖြင့် နယ်ပယ်စုံကလည်း နည်းအမျိုးမျိုးနဲ့ မှတ်တမ်းပြုကြတယ်။ ထောင်ဆိုတာ အပြစ်ကြွေးဆပ်ရာနေရာ၊ ဘဝတက္ကသိုလ် စသဖြင့် တင်စားကြတယ်ဆိုပေမဲ့ မတရားသဖြင့် အကျဉ်းကျရသူများအတွက်ကတော့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ငရဲခံကြရပါတယ်။ ကိုယ်တစ်သက်လုံး သတိကြီးကြီးထား ရှောင်ရှားလာခဲ့တဲ့၊ ကိုယ်မဖြစ်ချင်တဲ့ ဇာတ်ကောင်တစ်ကောင်အဖြစ် ကိုယ့်ကိုယ်ကိုမွေးမြူပြီး ရှင်သန်ရေးအတွက် မာန်သွင်းရပုံတွေဟာ သူတို့ရဲ့နဂိုစိတ်ကို ဆိုးဆိုးဝါးဝါးထိခိုက်စေပါတယ်။ မြန်မာနိုင်ငံအကျဉ်းထောင်စနစ်လိုမျိုး မတရားမှုကိုတွန်းလွန်သူတွေကို ဖိနှိပ်ကွပ်ညှပ်ဖို့ ရည်ရွယ်ချက်ရှိရှိ ယန္တရားတစ်ခုအဖြစ် အသုံးချရာနေရာတွေဆိုရင် အဝီစိရဲ့အောက်ထပ်လိုပါပဲ။ ဒါပေမဲ့ ဖိနှိပ်ခံတွေမှာလည်း တိုက်ပွဲပုံစံမျိုးစုံရှိပြန်တယ်။ ငရဲကိုအံတုတာပေါ့။ ဒီအပိုင်းဟာ အဲ့လိုအဖြစ်ပျက်တွေထဲက ပုံစံတစ်ခုကို တင်ဆက်ထားတာဖြစ်ပါတယ်။ အခုကြားကြရမှာ ၁၄၅/ ၅၀၅ ထောင်မှတ်စု အပိုင်း ၃...

  2. 2

    ၂၀၂၁ ရဲ့မတ်လမှာ

    ၁၄၅/၅၀၅ ထောင်မှတ်စု အပိုင်း ၂ – ၂၀၂၁ ရဲ့မတ်လမှာ အဲ့ဒီနှစ်ရဲ့ အစောပိုင်းလတွေမှာ လူတွေဟာ လမ်းပေါ်မှာတရုန်းရုန်းနဲ့ ရာဘာကျည်ကနေ ဗုံးသီးတွေအထိ ကြံ့ကြံ့ခံခဲ့ကြတယ်။ တောင့်ခံနေရင်းနဲ့ ခုမြင် ခုပျောက် ဖြစ်သွားသူတွေ၊ ဘယ်တော့မှ ပြန်မဆုံတော့မယ့် အထိအတွေ့ အမူအရာတွေ၊ လွင့်စင်သွားတဲ့ ဘဝတွေများခဲ့တယ်။ ဒီဘဝတွေထဲမှာ စာရေးဆရာရဲ့ ဘဝခဏခဏ‌တွေထဲက ကိုယ်ပိုင်ဖြစ်တည်မှုတစ်ခုလည်း ပါသွားတယ်။ မတရားမှုကို ရှိသမျှအားနဲ့ ကန်ဖြိုရင်း အဖမ်းခံလိုက်ရတဲ့ ဘဝဖြစ်ရပ်တစ်ခု။ ၂၀၂၁ ရဲ့မတ်လမှာ သူ့ဘဝက သီချင်းစာသားတစ်ခုထဲကလိုမျိုး ရာဇဝင်ပြောင်းခဲ့ပြီပေါ့။ အနုပညာသမားတစ်ယောက်ရဲ့ အဖမ်းခံရတဲ့အခန်းနဲ့ စစ်ကြောရေးငရဲခန်းကအသံတွေကို အခုအပိုင်းမှာ အကြမ်း အလွမ်း အ‌တွေးများစွာနဲ့ ခံစားကြားသိကြရမှာဖြစ်ပါတယ်။ ဇာတ်ညွှန်း – MYP ဇာတ်ကြောင်းပြော – မင်းခေါင် Illustration by...

  3. 1

    ထောင်ထဲကိုဝင်တဲ့ရေ

    ၁၄၅/၅၀၅ ထောင်မှတ်စု မိတ်ဆွေတို့ကို အခု မျှဝေခွင့်ရတဲ့ ဒီစာစုတွေက ယေဘုယျအားဖြင့် ကျွန်တော့်ရဲ့ ထောင်အတွေ့အကြုံတွေလို့ ဆိုနိုင်တာပေါ့လေ။ တကယ်တော့ ထောင်အတွေ့အကြုံ ဆိုတာထက် ကျွန်တော့်ရဲ့ အတ္တနောမတိ အာရုံခံစားမှု အရေးအသားတွေဆိုရင် ပိုမှန်ပါလိမ့်မယ်။ ထောင်အတွေ့အကြုံဆိုတာ ဒီဖက်နှစ်တွေမှာတော့ မထူးဆန်းတော့တဲ့ ဇာတ်လမ်းတွေပဲလေ။ ကျွန်တော့်ထက် စုံလင်များပြား ရှုပ်ထွေးဆိုးရွားတဲ့ အတွေ့အကြုံတွေ ပိုပြောနိုင်မယ့် လူငယ်တွေအများကြီး ဒီနိုင်ငံမှာ ရှိနေခဲ့ပြီ။ ခေတ်စကားနဲ့ပြောရရင် အဲ့လောက်ကြီးကျ မပျော်တော့ဘူးပေါ့လေ။ ဒီနိုင်ငံမှာကိုက ထောင်နဲ့လူသား စာပေတွေဆိုတာ ပိုများနေသလားလို့ပါ။ ကိုလိုနီခေတ်စာပေတွေက စတင်ရရင် မဆလခေတ် နောက် ၈၈ အလွန်မျိုးဆက် နောက်ထပ် ဆယ်စုနှစ်တွေမှာလည်း ခံယူချက်အကျဉ်းသားတွေ နိုင်ကျဉ်းဟောင်းတွေရဲ့ ထောင်အတွေ့အကြုံ စာပေတွေက များသလား မမေးနဲ့ပဲ။ Category တစ်ခု ခွဲထားပေးရလောက်အောင်ပါပဲနော်။ အဲဒီ...

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

No description available.

HOSTED BY

Burma Podcast Network

URL copied to clipboard!