ငါတို့ခေတ်ရဲ့မဟာဂီတ

PODCAST

ငါတို့ခေတ်ရဲ့မဟာဂီတ

  1. 2

    Alternative ကိုယ်ပိုင်သံစဉ်

    ငါတို့ခေတ်ရဲ့မဟာဂီတ အပိုင်း (၂) Alternative ကိုယ်ပိုင်သံစဉ် ဂီတဆိုင်ရာအစီစဉ်တစ်ခုဖြစ်တဲ့ “ငါတို့ခေတ်ရဲ့မဟာဂီတ” နောက်တစ်ပိုင်းလာပါပြီ။ ဒီနေရာမှာ နားစိုက်ကြသူ ဂီတမိတ်အပေါင်းကို BPN က အလေးအနက် တောင်းပန်စရာတစ်ခုရှိပါတယ်။ လိုတိုရှင်းပြောရရင် အခုအစီစဉ်ကို တစ်ပိုင်းပြီးတစ်ပိုင်း ခပ်စိပ်စိပ်မတင်ဆက်နိုင်တဲ့ကိစ္စပါ။ BPN အနေနဲ့ အပတ်စဉ်ထုတ်လွှင့်နေကျ အစီစဉ်တွေကိုရေးဆွဲကြရာမှာ အနည်းဆုံး နှစ်လသုံးလခန့် ကြိုတင်ပြင်ဆင်ကြရပါတယ်။ ဒါ့ပြင် တစ်ပတ် တစ်ပုဒ်သာ ထုတ်လုပ်ဖြန့်ချိကြတဲ့အတွက် ဂီတအပိုင်းတွေဟာလည်း အပတ်စဉ်အလှည့်ကျဇယားအတိုင်းသာ တင်ဆက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ထုတ်လုပ်ဖြန့်ချိရေးဇယားမှာ ဂီတအပိုင်းတွေကို ပိုမိုအလှည့်ပေးနိုင်အောင် ရှေ့ကအားနည်းချက်တွေကို မွမ်းမံပြင်ဆင်ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်။ နောက်တစ်ချက်က ဒီအပိုင်းတွေထဲမှာ အစီစဉ်တင်ဆက်သူပြောတဲ့အတိုင်း နောက်ခံသီချင်းတွေကို တစ်ခုချင်းစီထည့်ထားတာမျိုးမဟုတ်ကြောင်း အသိပေးပြောကြားလိုတာဖြစ်ပါတယ်။ သီချင်းတွေထည့်ရာမှာ တင်ဆက်သူပြောတဲ့ ဂီတအမျိုးအစားတိုင်းလိုက်ပြီးထည့်ရင် ပြွတ်သိပ်ကြပ်ပြီး သီချင်းတွေချည်း အာရုံရောက်သွားနိုင်တာမို့ သတိထားရှောင်ကြဉ်ထားတာဖြစ်ပါတယ်။...

  2. 1

    ၈၀-၉၀ ခုနှစ်လွန်ကာလများ

    ငါတို့ခေတ်ရဲ့မဟာဂီတမိတ်ဆက် ဂန္ထဝင်ဖြစ်မှုဆိုတာမှာ ခေတ်အဆက်ဆက် မှတ်တမ်းအစဉ်၊ ကျမ်းအစဉ်မှာ သမိုင်းဝင်ဖော်ပြခံရမှု၊ လက်ရှိထိလည်း မတိမ်ကောသေးမှု စတာတွေပါဝင်ပါတယ်။ စာပေနဲ့အနုပညာလောကမှာ အမေမာလို့ ခေါ်ကြတဲ့ လူထုဒေါ်အမာကလည်း “ပေမီဒေါက်မီရှိမှု၊ ခမ်းနားမှုနဲ့ ဂုဏ်ယူနိုင်လောက်မှု၊ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်မှု” ဆိုတဲ့ အတိုင်းအတာနဲ့ ဂန္ထဝင်ဆန်တာကို လက်တွေ့ကျကျဖွင့်ဆိုပါတယ်။ တကယ်တော့ “ငါတို့ခေတ်ရဲ့မဟာဂီတ” အစီစဉ်က ရှေးကတီးမှုတ်ရေးသားသီဆိုခဲ့ကြတဲ့ ကြိုး၊ ဘွဲ့၊ ပတ်ပျိုး၊ ယိုးဒယား အစရှိတဲ့ မဟာဂီတသီချင်းကြီးတွေအကြောင်းမဟုတ်ပါဘူး။ မဟာဂီတဆိုတာ နာမည်နဲ့အညီ သီချင်းကြီးလို့ အလွယ်ပြောနိုင်တယ်။ ခေတ်အဆက်ဆက် ကျမ်းအစဉ်နဲ့ သမားစဉ်အဆက်ဆက် လက်ဆင့်ကမ်းပေါက်ဖွားခဲ့တဲ့ဂီတ။ ပဒေသရာဇ်ခေတ်ကတည်းက တည်ရှိမှတ်တမ်းတင်ခဲ့ကြလို့ ရွှေနန်းထွက်မဟာဂီတလို့လည်း တော်ဝင်အသုံးနဲ့သုံးနှုန်းကြပါတယ်။ ဒါပေမဲ့အခုတင်ဆက်မယ့် ပေါ့ဒ်ကတ်စ်တွေထဲမှာ ကမ္ဘာကနေ မြန်မာကို ကူးလူးလာတဲ့ နိုင်ငံတကာဂီတ အမျိုးအစားတွေနဲ့ ကိုင်းခွဲတွေအကြောင်းကို စာရေးသူဖြတ်သန်းခဲ့တဲ့ ခေတ်အပေါ်မူတည်ပြီး ခံစားသုတေသနပြုထားမှာ ဖြစ်ပါတယ်။...

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

No description available.

HOSTED BY

Burma Podcast Network

URL copied to clipboard!