PODCAST · business
ရင်ခုန်သံ
by Heartbeats
ရင်ခုန်သံ / Heartbeat podcast program presents the feelings, opinions, the unheard voices of the oppressed community, and discuss a variety of social issues. Let our heartbeats echo through the sky.
-
15
၀က်၀က်ကွဲအောင် ဂွမ်း
Homo-Scope Podcast အစီအစဥ်ကနေ ကြိုဆိုလိုက်ပါတယ်။ မြန်မာ ရုပ်ရှင် ဟာ ဆိုရင် အခု အချိန်မှာ နှစ် ၁၀၀ သက်တန်း ကျော်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာ့ ရုပ်ရှင် သမိုင်း ခေတ် အဆက်ဆက်မှာ LGBT ဇာတ်ကောင် တွေ LGBT ဇာတ်ကားတွေ အများကြီး ရှိခဲ့ပါတယ်။ ကျတော်တို့ Homo-Scope Podcast ဟာ အဲ့ ဇာတ်ကောင်တွေ ဇာတ်ကားတွေကို ခွဲခြမ်း စိတ်ဖြာပြီး သုံးသပ်မဲ့ အစီအစဥ် ဖြစ်ပါတယ်။ ကျတော်တို့ ပထမဆုံး အပိုင်းမှာ “၀က်၀က်ကွဲအောင် ပွင့်” ဆိုတဲ့ ဇာတ်ကားလေးကို သုံးသပ်သွားမှာ ဖြစ်ပါတယ်။
-
14
လက်ထပ်ထိမ်းမြားခြင်းရဲ့ ရင်ခုန်သံ
Valentines Day အမှတ်တရ အနေ နဲ့ တစ်လောက လက်ထပ်သွားတဲ့ ကိုပြည့်နဲ့ ကိုကောင်းမြတ်ထူး တို့က သူတို့ရဲ့ ၁၁ နှစ်တာ ချစ်သက်တန်းအကြောင်းတွေ၊ မိဘတွေရဲ့ တုန့်ပြန်မှုတွေ နဲ့ ရည်ရှည်တွဲလာနိုင်တဲ့ သူတို့ရဲ့ လျှို့၀ှက်ချက်တွေကို တင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ လက်ထပ်ထိမ်းမြားတဲ့အခါမှာ ရတဲ့ ရင်ခုန်သံတွေကို နားဆင်နိုင်ပါပြီခင်ဗျာ။
-
13
ယုံကြည်မှုနဲ့ ရင်ခုန်သံ
ဒီ အပိုင်းမှာတော့ ခရစ်ယာန် ဘာသာကိုးကွယ်တဲ့ အမျိုးသမီးလိင်တူချစ်သူ တစ်ဦးရဲ့ ယုံကြည်တဲ့ ဘာသာရေးနဲ့ သူရဲ့ ကိုယ်ပိုင်ဆက်ဆံရေး အကြောင်းကို တင်ဆက်ပေးထားပါတယ်။
-
12
ကိုယ့်ကိုကိုယ်ချစ်တဲ့ ရင်ခုန်သံ
ဆန့်ကျင်ဘက်လိင်ကဲ့သို့ ခံယူနေထိုင်တဲ့ အမျိုးသမီး တစ်ဦးက သူ့ဘ၀မှာ ကိုယ့်ကိုကိုယ် ချစ်ဖို့ လက်ခံဖို့ က အရေးကြီးကြောင်း ပြောပြထားတဲ့ ရင်ခုန်သံ လေးကို တင်ဆက်ပေးထားပါတယ်။
-
11
မေ့လျော့ခံ ရင်ခုန်သံ
အခု အပိုင်းမှာတော့ Bi အမျိုးသမီးတွေ ကြုံရတဲ့ ပတ်၀န်ကျင်ရဲ့ မေးခွန်းတွေ အယူအဆတွေ ကို Bi အမျိုးသမီးနှစ်ဦး ဆွေးနွေးတင်ဆက်ထားပါတယ်။
-
10
တံခါးအပိတ်ခံရတဲ့ ရင်ခုန်သံ
ဖို၀ါဒ ကြီးဆိုးပြီး LGBTQ တွေအပေါ်အ မြင်လွဲနေတဲ့ နိုင်ငံ မှာ LBTQ တွေ အနေနဲ့ ဘယ်လို အတွေ့အကြုံတွေ ဘယ်လို အခက်အခဲတွေ နဲ့ ရင်ဆိုင်ရလဲ ဘယ်လိုခံစားရလဲဆိုတဲ့ ရင်ခုန်သံတွေကို တင်ဆက်ပေးထားပါတယ်။
-
9
အဆိပ်ဖြေတဲ့ ရင်ခုန်သံ
အခု အပိုင်းမှာတော့ ယောင်္ကျားပီသတယ်ဆိုတာ ဘာလဲ၊ အဆိပ်အတောက် ဖြစ်စေတဲ့ ဖို၀ါဒ ဆိုတာ ဘာလဲ၊ ဘယ်သူတွေအပေါ်အကျိုးသက်ရောက်မှု တွေ ဘယ်လို ရှိလဲဆိုတာ နဲ့ အဲ့ အဆိပ်တွေ ဘယ်လို ဖြေမလဲဆိုတာကို ဆွေးနွေးတင်ဆက်ပေးထားပါတယ်။
-
8
တရားတဲ့ ရင်ခုန်သံ
အားလုံး မင်္ဂလာပါ ရင်ခုန်သံ Podcast အစီအစဥ် ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီ တစ်ခါ LGBT တစ်ယောက်ရဲ့ နိုင်ငံရေး အမြင်တွေ၊ ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ ကို မေးမြန်း တင်ဆက်ပေးဆက်ပေးလိုက်ပါတယ် ခင်ဗျာ။
-
7
မချစ်တတ်ခဲ့တဲ့ ရင်ခုန်သံ
LGBT Relationship တွေ မှာ ကြုံရတဲ့ အခက်အခဲတွေ ဘာတွေ ရှိလဲ။ ပြီးတော့ အဲ့ ပြသနာတွေကို ရင်ဆိုင်ဖို့အတွက် ချစ်တတ်ရဲ့လား ဆိုတဲ့မေးခွန်းနဲ့ အစချီပြီ ရင်ခုန်သံတွေ ၀ေမျှပေးသွားမှာ ဖြစ်ပါတယ်။
-
6
အမှားအမှန် ရင်ခုန်သံ
အားလုံးမင်္ဂလာပါ ရင်ခုန်သံ Podcast အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျာ။ ကြားထဲမှာ ပရိသတ်ကြီးနဲ့ အဆက်ပျက်သွားတဲ့အတွက် ကျတော် အနုညွန်တောင်းပန်ပါတယ်ခင်ဗျာ။ March လက နေစပြီးတော့ တစ်လကို အနည်းဆုံး ၂ ကြိမ် နဲ့ အလျင်းသင့်ရင် သင့်သလို ကျွန်တော်တို့ရဲ့ ရင်ခုန်သံတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ပရိသတ်တွေ အနေနဲ့ ရင်ခုန်သံတွေ ဝေမျှချင်တယ်ဆိုရင်လည်း [email protected] ကို လာရောက် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ ဒီ အပိုင်းမှာတော့ ရှေ့လျှောက် Federal Democracy တည်ဆောက်ရာမှာ အရေးပါမဲ့ အမှားအမှန်ဆုံးဖြတ်နိုင်စွမ်းနဲ့ အကျင့် စာရိတ္တ ဖွဲ့ဖြိုးမှု အဆင့်ဆင့် အကြောင်းကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။
-
5
ဝင်ကစွပ်တို့ ရင်ခုန်သံ
အားလုံးမင်္ဂလာပါ။ ဒီအပတ်မှာတော့ LGBTQ နှစ်ဦးကနေပြီးတော့ သူတို့ရဲ့ ဘဝမှာ ကြုံရ ဆုံရတဲ့ အတွေ့အကြုံတွေ အခက်အခဲတွေ ကို ဝေမျှဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
-
4
နွေဦး ရင်ခုန်သံ
ဒီ တစ်ပတ်မှာတော့ ရင်ခုန်သံ Podcast အစီအစဉ်နဲ့ နွေဦးတက္ကသိုလ် လက်တွဲပြီး "လူ့ အဖွဲ့အစည်းအတွင်း လိင်အခြေပြုဖိနှိပ်မှုများ အလုံးစုံပပျောက်အောင် ဆန့်ကျင်တိုက်ဖျက်မယ့် (၁၆)ရက်တာလှုပ်ရှားမှု" အစီအစဉ် ကို ပါဝင်တဲ့ အနေနဲ့ မိန်းမလျာတစ်ယောက်ရဲ့ နွေဦး ရင်ဖွင့်သံကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။
-
3
ဘောင်ထဲက ရင်ခုန်သံ
ဒီတစ်ပတ်မှာ တော့ လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေ၊ မိရိုးဖလာ ဗုဒ္ဓဘာသာ အယူတွေ အောက် မှာ ကြီးပျင်းလာခဲ့တဲ့ အမျိုးသမီးတစ်ယောက် ရဲ့ ရင်တွင်းစကားတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။
-
2
မွန်းကြပ်တဲ့ ရင်ခုန်သံ
Trigger Warning: ချစ်ခင်ရသောသူ ဆုံးရှုံးရခြင်း (စိတ်ကျန်းမာရေး သတိပေးချက်) ဒီတစ်ပတ်မှာတော့ Covid-19 တတိယလှိုင်းရဲ့ ပုတ်ခတ်မှုကြောင့် ခံစားရတဲ့ အတွေ့အကြုံ နဲ့ မွန်းကြပ်တဲ့ ရင်ခုန်သံကို လူငယ်ဆရာဝန် တစ်ဦးက ဝေမျှပေးထားပါတယ်။
-
1
တာထွက်မတူတဲ့ရင်ခုန်သံ
ရင်ခုန်သံ Podcast ရဲ့ ပထမဆုံး ရင်ဖွင့်လာတဲ့ သူကတော့ သူရဲ့ လွန်ခဲ့ ၁၀ နှစ်ကရခဲ့တဲ့ စိတ်ဒဏ်ရာ တစ်ခုက အခုချိန်ထိ မကျက်သေးတာလဲ ဆိုတာ ပြောပြရင်းနဲ့ အနာဂါတ်မြန်မာနိုင်ငံအတွက် လူငယ်တွေ ဘာသိဖို့ လိုမလဲဆိုတဲ့ ရင်တွင်းစကားတွေကို ဝေမျှထားပါတယ်။
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
ရင်ခုန်သံ / Heartbeat podcast program presents the feelings, opinions, the unheard voices of the oppressed community, and discuss a variety of social issues. Let our heartbeats echo through the sky.
HOSTED BY
Heartbeats
CATEGORIES
Loading similar podcasts...