PodParley PodParley
ခံစားမှုအက်ဆေးများ

PODCAST · arts

ခံစားမှုအက်ဆေးများ

အက်ဆေးတွေဆိုတာ စာရေးသူရဲ့ ကျင်လည်နှံ့စပ်ပုံ၊ အတွေ့အကြုံ၊ သဘောတရား၊ အချက်အလက်၊ ခံစားမှု စတာတွေရောယှက်သိုင်းဝိုင်းထားတဲ့အရေးအသားတွေဖြစ်လို့ လွတ်လပ်ကျယ်ပြန့်ပါတယ်။ ပုဂ္ဂလဓိဌာန်တွေဖြစ်တယ်လို့လည်းဆိုနိုင်ပါတယ်။ လက်ဖက်ရည်တစ်ကျိုက်သောက်ရင်း လှိုက်ခနဲဝင်လာတဲ့အတွေးစတွေ၊ ဆူသံညံသံကြားမှာ ကိုယ့်သမာဓိစည်းရိုးထဲကျေနပ်လုံခြုံမှုကိုခံစားရတာတွေ၊ မတောက်တခေါက်တီးမှုတ်ခဲ့ကြတဲ့ တူရိယာနေ့စွဲတွေ၊ ဘဝပေါင်းများစွာနဲ့ဆက်စပ်တဲ့ဖြတ်ဆက်အပိုင်းတွေက အက်ဆေးတွေဖြစ်နိုင်ပါတယ်။ ဒီအက်ဆေးတွေကို သောတာရုံခံစားမှုနဲ့ဆင့်ပွားနိုင်အောင် စာရေးဆရာ MYP ကရေးဖွဲ့ပြောပြပြီး BPN က အသံတွေထည့်ထားပါတယ်။

  1. 4

    EP003: ငွေငန်း၊ ရော့ခ်အင်ရိုးမှသည် အမှတ်တရသင်္ကြန်မိုးသို့

    သင်္ကြန်တွင်းအထူးထုတ် နောက်တစ်ပုဒ်လာပါပြီ။ အလွမ်းဆိုတာ ဆွေးဆွေးမြေ့မြေ့ရှိလှပေမဲ့ အကြည်ဓါတ်တစ်မျိုးရှိပါတယ်။ အဲ့ဒီအရသာက ခံစားရနှစ်သက်မှုနဲ့ ဆန္ဒမကိုက်ညီမှုနှစ်ခု တွဲဖက်ပါမယ် ထင်ပါတယ်။ သင်္ကြန်အရသာကိုလည်း အလားတူ ရသပေါင်းစုံနဲ့ ချဉ်းကပ်ဆင်နွှဲရ၊ ဖြတ်သန်းရပေမဲ့ သင်္ကြန်ရေတစ်စက် တစ်ခွက်ဟာ စိတ်ကိုအများကြီး ထိခိုက်သက်ရောက်စေနိုင်ပါတယ်။ မိတ်ဆွေဟာ သင်္ကြန်ရေကိုရှောင်တိမ်းတတ်သူတစ်ဦးဖြစ်ပေမဲ့ မတော်တဆရေပက်ခံရတဲ့အခါ ဘယ်လိုခံစားရပါသလဲ။ အခုအပိုင်းမှာ ဒီအရသာကို ဖမ်းယူ frequency ညှိနိုင်ပါပြီ။အကြောင်းမျိုးစုံကြောင့် သင်္ကြန်ရေစိုခွင့်မရှိတဲ့၊ မရတဲ့ ရင်နှစ်သည်းချာအပေါင်းကိုလည်း ဒီအပိုင်းလေးနဲ့ BPN က လက်တို့လိုက်ပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  2. 3

    EP002: သင်္ကြန်တမ်းချင်း

    မဟာသင်္ကြန်ကာလအတွင်းမှာ အပန်းအလွမ်းပြေ အနားယူနားဆင်နိုင်ဖို့ ခံစားမှုအက်ဆေးများထဲက သင်္ကြန်တမ်းချင်းဆိုတဲ့ အက်ဆေးတစ်ပုဒ်ကို BPN က ဖန်တီးထားပါတယ်။ ခေတ်သစ်သင်္ကြန်ရဲ့ အနှစ်သာရအသစ်တွေကို စာရေးဆရာက တစ်ကွက်ချင်း ခံစားနှိုက်ထုတ်ပြထားပါတယ်။ ၆ မိနစ်စွန်းလေးပဲရှိတဲ့ ဒီအပိုင်းဟာ မိတ်ဆွေတို့အားလုံးရဲ့ ရင်အစုံကို စူးစူးရှရှ ထိုးဖောက်ခံစားနိုင်စေလိမ့်မယ်လို့ အာမခံပါတယ်။ သင်္ကြန်ကိုယ်၌ကိုက ခေတ်အဆက်ဆက် ဒဏ္ဍာရီအဟောင်းအသစ်တို့ ပွားစီးရာပွဲတော်ကာလကြီး တစ်ခုမဟုတ်လား။ ဝေဒနာအဟောင်းအသစ်၊ သီချင်းဟောင်းအသစ်၊ ခေတ်အဟောင်းအသစ်တွေကို စာရေးသူကိုယ်တိုင် မိတ်ဆွေကိုတီးတိုးပြောပြသွားမှာပါ။ အကြိုနေ့မှာ ဒီအပုဒ်လေးနားအရသာခံပြီး မင်္ဂလာယူလိုက်ကြပါဦး။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  3. 2

    EP001: မှတ်စုဟောင်းထဲက ဗန်ဂိုး ထူးအိမ်သင်သမား

    ခံစားမှုအက်ဆေးများအပိုင်း (၁) မှတ်စုဟောင်းထဲက ဗန်ဂိုး ထူးအိမ်သင်သမားရေးဖွဲ့ပြောပြသူ MYPကမ္ဘာ့အခင်းကျင်းက တစ်နေ့အမျိုးမျိုး မရိုးရတဲ့ အချက်အလက်တွေ၊ လူ့အဖွဲ့အစည်းရဲ့ အရှုပ်တော်ပုံတွေနဲ့ ငြီးငွေနောက်ကျိစရာကောင်းလှပါတယ်။ ခေတ်ရေစီးကိုက ဒီလိုမျိုးဆိုတော့ အလုံးစုံမစီးမျှောနိုင်ရင်တောင် လိုအပ်ချက်အရ လိုက်ပါစီးမျှောကြရတယ်။ ရသပိုင်းဆိုရင်လည်း တစ်ကမ္ဘာလုံးပေါကားရိုက်နေကြတဲ့ အနေအထားပါ။ အဲ့ဒီလိုပေါပေါတွေများများရှိလာတဲ့ လောကဓံကြီးမှာ တစ်ကွက်ဆို တစ်ကွက်ကြုံရတဲ့ စိတ်လက်အေးချမ်းခံစားရမှုတွေဟာ လူတွေ အားဆက်ရှင်သန်စရာ အတွေ့ကြုံတွေဖြစ်ပါတယ်။ အဲ့ဒီ အခိုက်အတန့်တွေက အရမ်းရှားပါးသွားတာတော့မဟုတ်ပါဘူး။ ပေါပေါလောလောမျှောနေတဲ့ အိုးခြမ်းပဲ့တွေရဲ့အောက်မှာ မြုပ်နေတဲ့အမြိုက်အိုးတွေလည်း အစီအရီ ရှိပါသေးတယ်။ အခုထုတ်လုပ်တင်ဆက်တဲ့ အစီအစဉ်ဟာ အိုးကောင်းများစွာထဲမှာ BPN ကတူးဖော်ခွင့်ရလိုက်တဲ့ နှစ်ချို့ရသာအိုးတစ်လုံးပါပဲ။ ဒါ့ပြင် စာရေးသူနဲ့ တင်ဆက်သူမတူတဲ့အစီစဉ်တွေထဲကမှ ထူးထူးခြားခြား စာရေးသူကိုယ်တိုင်ခံစားပြောပြထားတဲ့ အစီစဉ်လည်းဖြစ်ပါတယ်။ အက်ဆေးတွေဆိုတာ စာရေးသူရဲ့ ကျင်လည်နှံ့စပ်ပုံ၊ အတွေ့အကြုံ၊ သဘောတရား၊ အချက်အလက်၊ ခံစားမှု စတာတွေရောယှက်သိုင်းဝိုင်းထားတဲ့ အရေးအသားတွေဖြစ်လို့ လွတ်လပ်ကျယ်ပြန့်ပါတယ်။ ပုဂ္ဂလဓိဌာန်တွေဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။ လက်ဖက်ရည်တစ်ကျိုက်သောက်ရင်း လှိုက်ခနဲဝင်လာတဲ့ အတွေးစတွေ၊ ဆူသံညံသံကြားမှာ ကိုယ့်သမာဓိစည်းရိုးထဲကျေနပ်လုံခြုံမှုကို ခံစားရတာတွေ၊ မတောက်တခေါက်တီးမှုတ်ခဲ့ကြတဲ့ တူရိယာနေ့စွဲတွေ၊ ဘဝပေါင်းများစွာနဲ့ ဆက်စပ်တဲ့ ဖြတ်ဆက်အပိုင်းတွေက အက်ဆေးတွေဖြစ်နိုင်ပါတယ်။ ဒီအက်ဆေးတွေကို သောတာရုံခံစားမှုနဲ့ ဆင့်ပွားနိုင်အောင် စာရေးဆရာ MYP ကရေးဖွဲ့ပြောပြပြီး BPN က အသံတွေထည့်ထားပါတယ်။ “အက်ဆေးတွေဟာ စာအားဖြင့်အရသာသိပ်ရှိပေမဲ့ အသံအားဖြင့်ဆိုရင်ရော အဆင်ပြေနိုင်မလား” ဆိုတဲ့သံသယကို ဒီအစီစဉ်နဲ့ ကြိုးစားအားစမ်းကြည့်ထားပါတယ်။ အပြုသဘောထောက်ပြကူညီမှုတွေကို ဝမ်းသာကြိုဆိုလျက်ပါ။ အဆွေတို့ အားလုံး ရသာအိုးကို ဖောက်ထုတ်မြည်းစမ်းနိုင်ကြပါစေ… ဒီကဗျာဆန်လှပတဲ့အက်ဆေးတွေထဲမှာ “သင့်ထက်ကြီးသူကိုတွေ့မယ်”“ငယ်သူကိုတွေ့မယ်”နောက်ဆုံး “သင့်ကိုယ်သင်တွေ့ပါလိမ့်မယ်”Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

အက်ဆေးတွေဆိုတာ စာရေးသူရဲ့ ကျင်လည်နှံ့စပ်ပုံ၊ အတွေ့အကြုံ၊ သဘောတရား၊ အချက်အလက်၊ ခံစားမှု စတာတွေရောယှက်သိုင်းဝိုင်းထားတဲ့အရေးအသားတွေဖြစ်လို့ လွတ်လပ်ကျယ်ပြန့်ပါတယ်။ ပုဂ္ဂလဓိဌာန်တွေဖြစ်တယ်လို့လည်းဆိုနိုင်ပါတယ်။ လက်ဖက်ရည်တစ်ကျိုက်သောက်ရင်း လှိုက်ခနဲဝင်လာတဲ့အတွေးစတွေ၊ ဆူသံညံသံကြားမှာ ကိုယ့်သမာဓိစည်းရိုးထဲကျေနပ်လုံခြုံမှုကိုခံစားရတာတွေ၊ မတောက်တခေါက်တီးမှုတ်ခဲ့ကြတဲ့ တူရိယာနေ့စွဲတွေ၊ ဘဝပေါင်းများစွာနဲ့ဆက်စပ်တဲ့ဖြတ်ဆက်အပိုင်းတွေက အက်ဆေးတွေဖြစ်နိုင်ပါတယ်။ ဒီအက်ဆေးတွေကို သောတာရုံခံစားမှုနဲ့ဆင့်ပွားနိုင်အောင် စာရေးဆရာ MYP ကရေးဖွဲ့ပြောပြပြီး BPN က အသံတွေထည့်ထားပါတယ်။

HOSTED BY

Burma Podcast Network

CATEGORIES

URL copied to clipboard!