ရေးခွင့်မရခဲ့တဲ့သတင်းများ podcast artwork

PODCAST · society

ရေးခွင့်မရခဲ့တဲ့သတင်းများ

သတင်းထောက်တယောက်ဘဝမှာ သတင်းတပုဒ်လုံးရေးခွင့်ရခဲ့ပေမဲ့၊ကိုယ့်သတင်းကြောင့် လူတွေ ထိခိုက်မှာ၊နိုင်ငံ နဲ့ နိုင်ငံသားတွေထိခိုက်နစ်နာမှာစိုးတာကြောင့် ၊အဲ့ဒိသတင်းကို မရေးဖြစ်ခဲ့ရတာပါ၊

  1. 12

    စာရေးဆရာမောင်ဝံသ နဲ့ ထွက်ရပေါက် ဆရာတော်

    ဆရာမောင်ဝံသ ပြောပြခဲ့တာက — အဲ့ဒီဆရာတော်ကြီးက အရင်လူဘဝတုန်းက ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့မှာ နေခဲ့သူပါ။ သူ့မှာ အကိုကြီးတစ်ဦး၊ ညီတစ်ဦး၊ ညီမတစ်ဦး ရှိခဲ့တယ်။ ဟိုဖက်ခေတ်က ရှားရှားပါးပါး BA ဓမ္မာစရိယနဲ့ ရန်ကုန်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့သူဖြစ်ပြီး၊ ဘွဲ့ရချိန်မှာ အဖေမရှိတော့ဘူး၊ အမေတစ်ဦးပဲရှိခဲ့တယ်။ ဘွဲ့ရတဲ့နှစ်မှာပဲ အမေလည်း သေသွားတယ်။နောက်ပိုင်းမှာ သာသနာရေးဦးစီးဌာနဝန်ထမ်းဖြစ်လာပြီး ညီနဲ့ ညီမတို့ကို အဖေတစ်ဦးလို စောင့်ရှောက်ခဲ့တယ်။ ဧရာဝတီတိုင်းသာသနာရေးဦးစီးမှုး ဖြစ်လာချိန်မှာ ညီနဲ့ ညီမတို့ ဘွဲ့ရတဲ့အခါမှာပဲ သူပျောက်သွားတယ်။ ဝိုင်းဝန်းရှာကြပေမဲ့ မတွေ့နိုင်တော့ဘူး။ နောက်ပိုင်းမှာ သေသွားလောက်ပြီလို့ သတ်မှတ်ပြီး ဈာပဏအလေ့အထတွေလည်း လုပ်ပေးခဲ့ကြတယ်။နောက်ပိုင်းမှာ ငသိုင်းချောင်းမြို့ကနေ ရခိုင်ရိုးမတောင်ပေါ်တောထဲမှာ တောရတည်ဆောက်နေတဲ့ ဆရာတော်တစ်ပါးအကြောင်းနာမည်ကြီးလာပြီး၊ တဖြည်းဖြည်းနဲ့ လူသိများလာတာနဲ့ ငသိုင်းချောင်းကလူတချို့က ဒီဆရာတော်ဟာ ငသိုင်းချောင်းက တိုင်းသာသနာရေးဦးစီးမှုးကြီးဟုတ်တယ်ဆိုတာ သိလာကြတယ်။ဒါပေမဲ့ ဆရာတော်က မိသားစုနဲ့ သံယောဇဉ်ဖြတ်ပြီး သံဃာစစ်စစ်ဖြစ်သွားတာ။ မိသားစုကတော့ မဖြတ်နိုင်တာပေါ့။နောက်ပိုင်းမှာ သူ့တကာထဲက လူတချို့ကို ခေါ်ပြီး “ဘယ်နေ့ ဘယ်ရက်မှာ ပြန်လွန်တော်မူမယ်” လို့ မိန့်ခဲ့တယ်။ ပြန်လွန်တော်မူရင် မသဂြိုလ်ရဘူး၊ မြေမမြုတ်ရဘူး၊ ဈာပဏကြီးမလုပ်ရဘူးဆိုပြီး ဆေးလုံး ၃ လုံးကို ယုံကြည်သူတွေထံ အပ်ခဲ့တယ်။ပထမအုတ်ဂူကို သုံးထပ်တည်ဆောက်ပြီး၊ ပထမအထပ်မှာ သူ့ရုပ်ကလပ်နဲ့ ဆေးလုံးတစ်လုံး ထည့်၊ ဒုတိယအထပ်မှာ ဒုတိယဆေးလုံး ထည့်၊ တတိယအထပ်မှာ နောက်ဆုံးဆေးလုံး ထည့်ပြီး ပိတ်ခဲ့ကြတယ်။သူပြောထားတဲ့နေ့မှာ တကယ် ပြန်လွန်တော်မူသွားတယ်။ ဈာပဏကို သူ့မိန့်ထားသလိုပဲ လုပ်ခဲ့ကြတယ်။ နောက်တော့ ပြည်မြို့ကို အလယ်သွားကြသူတွေ ဘုရားဖူးသွားကြတဲ့ သူ တချို့က ငါတို့ ဈာပဏ လုပ်ပေးခဲ့တဲ့ ဆရာတော် ကို ပြည်မြို့က အောင်မြင်ပါဟု စေတီ မှာ ဖူးတွေ့ခဲ့ရတယ် ဆိုပြီး ပြောကြတော့ ပထမတော့ မဖြစ်နိုင်ဘူး လို့ထင်နေတာ နောက် လူတွေ တော်တော်များများ က ပြောလာတော့ ငါတို့ ပြည်ကို လိုက်သွားကြည့်တော့မှ ဟုတ်နေရော ငါလဲတော်တော်လေးကိုအံ့ဩနေတာ မင်းမယံုရင် မင်း နဲ့ ငါနဲ့ လွတ်လာရင် မင်းငါ့အိမ်ကိုလာခဲ့ အဲ့ဒိအခွေ ပြမယ်

  2. 11

    ဂေါ်စကွန်နယ်သားလူထူးဆန်းများ ။ Episode 1

    လူတိုင်းကတော့ ကိုယ့်မွေးရပ်မြေကို ကိုချစ်တတ်ကြတယ်။ ကိုယ့်ဇာတိမြေက ဘယ်လောက်တောင် နေရာကောင်းကြောင်း၊ လှပကြောင်း ပြောတတ်ကြပါတယ်။ ဒါကလည်း သဘာဝကျတယ်လို့ ပြောရမှာပဲ။ဘာလို့လဲဆိုတော့ — ဒီ Episode မှာ ကျွန်တော်မြို့အကြောင်းနဲ့ ကျွန်တော်တို့မြို့က လူတွေအကြောင်း ပြောမှာမလို့ ကြိုပြီး ကြွားထားတာပါ။ကျွန်တော်တို့မြို့က မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံး မြို့ပြနိုင်ငံတော်အဖြစ် ကမ္ဘာ့ယူနက်စကိုအဖွဲ့ကြီးက အသိအမှတ်ပြုထားတဲ့ သရေခေတ္တရာ ပျူမြို့ဟောင်းကြီး ရှိနေသေးတာပါ။အဲ့ဒီမြို့ရိုးဟောင်းကြီးရဲ့ ထောင့်လေးထောင့်လို့ ယူဆရတဲ့ နေရာတွေမှာ အခုထိရှိနေသေးတဲ့ တခြားဒေသတွေ၊ နဲ့ ဘယ်ခေတ်နဲ့မှမတူတဲ့ စေတီကြီးတွေကလည်း ထင်ရှားပါတယ်။ပိုပြီးထင်ရှားတာက တဆူပျောက်နေတာကလည်း ထူးဆန်းလှပါတယ်။(အဲ့ဒီအကြောင်းကို အခန့်သင့်ရင် နောက် Episode တွေမှာ အစအဆုံး ပြောပြပါမယ်။)နောက်ပြီး ရခိုင်ရိုးမကြီးနဲ့ ပဲခူးရိုးမကြားမှာ တည်ရှိတာ ကလည်း ထူးခြားလှသလို၊မြို့က ဧရာဝတီမြစ်ကမ်းပေါ်မှာ တည်ရှိပြီး ဧရာဝတီမြစ်ရဲ့ စတုတ္ထမြစ်ကျဉ်းရှိတဲ့ မြို့အဖြစ်လည်း ထင်ရှားပါတယ်။ကဗျာဆရာ မောင်ချောနွယ်က ဧရာဝတီမြစ်ထဲမှာ လှေစီးရင်း မြို့ကို “နှစ်ထပ်သဘောမြို့” ဆိုပြီး တင်စားထားတာကလည်း လူသိများပါတယ်။မြို့က အဲ့လိုထင်ရှားသလို၊ အဲ့ဒီမြို့မှာ နေသူတွေကလည်း ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ မဖြစ်ခဲ့ကြပေမဲ့ ထူးထူးဆန်းဆန်း လုပ်တတ်ကြတာတွေ ရှိပါတယ်။ဥပမာအနေနဲ့ ပြောရရင် —နတ်ကိုဖဲလိမ်ရိုက်တဲ့ ရှေ့နေကြီးတို့မြန်မာပြည်ဖွား ဗြမဏ္ဏအနွယ်ဝင် ကွန်မြူနစ်ကြီးတို့“ငြိမ်းစုစည်း” ကို လက်တလုံးကြား လုပ်တဲ့ ရှေ့နေကြီးတို့ပြန်လွန်တော်မူပြီးမှ တဖန်ရှင်ပြန်ထလာတဲ့ အောင်မြင်ဘာဟု ဆရာတော်အကြောင်းသရေခေတ္တရာ ပျူမြို့ဟောင်းက ပျောက်ဆုံးနေတဲ့ စေတီတဆူကိုင်းစိုက်ပွဲ၊ ကျောက်ညှင်းဆိုင်းပွဲ စတဲ့ အကြောင်းအရာတွေများစွာ ပြည်ဒေသမှာ ရှိခဲ့ပါတယ်။အဲ့ဒီအကြောင်းတွေကို နောက် Episode တွေမှာ ပြောပြဖို့ စီစဉ်ထားပါတယ်။ဒါပေမဲ့ အခု အထက်မှာ ပြောပြထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဘယ်အကြောင်းအရာကို အရင်ပြောပြပါဆိုပြီး မိတ်ဆွေတို့က တောင်းဆိုလာရင်တော့ —မိတ်ဆွေတို့ ပြောပြစေချင်တဲ့အကြောင်းကို အရင်ပြောပြပေးမှာပါ။အခု Episode ကတော့ ပြည်သားတွေရဲ့ ထုံးစံအတိုင်း —သူတို့ “ငြိမ်းစုစည်း” ဆိုတဲ့ စကားက လမ်းပေါ်မှာ လူတယောက်ထပ် ပိုပြီး လူစုတာကို ပြောတာ။ဆိုတော့ ရေထဲမှာ မပါဘူး။ ဒါကြောင့် ရေထဲမှာ ဆန္ဒပြမယ်ပေါ့။ဒါဆို သူတို့ဥပဒေနဲ့ လွတ်တယ်။အဲ့ဒါနဲ့ပဲ ရေထဲမှာ ရေကူးပြီး ဆန္ဒပြမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာပေါ့။ဘာအတွက် ပြကြတာလဲဆိုတာကိုတော့ ......#podcast #GawtGaung#Documentary

  3. 10

    အရက်ဖြတ်ဆရာတော်ကိုဘယ်သူတွေလုပ်ကြံတာလဲ (ဇာတ်သိမ်း)

    အရက်ဖြတ်ဆရာတော်ကိုဘယ်သူတွေလုပ်ကြံတာလဲ (ဇာတ်သိမ်း)(အမြည်း)လူပေါင်း သိန်းချီပြီး အရက်ဖြတ်ပေးတာကြောင့် အရက်ဖြတ်ဘုန်းကြီးလို့ နာမည်ကြီးတဲ့ ယုန်ထောင်ဆရာတော်ဟာ ကျိန်းစက်တဲ့နေရာမှာ အသတ်ခံခဲ့ရတာလို့ ဆွမ်းချိုင့်သွားပို့တဲ့ ဒေသခံတဦးက ပြောပါတယ်။“မနက် (၂၆ ရက်) ကို ဆွမ်းသွားပို့တော့မှ သိတာ၊ ကျောင်းကိုလည်း မီးရှို့ထားတယ်၊ ဘုန်းဘုန်း ကျိန်းတဲ့နေရာမှာပဲ အသတ်ခံရတာ၊ အလောင်းက မီးကျွမ်းနေပြီ။ ဆွမ်းချက်တဲ့ ဦးဘိုနီကြီးကတော့ ခြေထောက်ကို ဝါယာကြိုးနဲ့ တုပ်ပြီးမှ သတ်သွားတာ။ ဆွမ်းချက်ရုံထဲမှာပဲ အလောင်းကို တွေ့တာ။ သူ့ကားတွေကို နဂါးရုံဘုရားနားကနေ ဂူအထိ မောင်းယူသွားပြီး ၂ စီးကိုတော့ သူ တရားထိုင်တဲ့ ဂူဘေးက ချောင်းချောက်ကြီးထဲကို တွန်းချသွားတယ်၊ တစီးတော့ ပက်လက်လှန်သွားတယ်။"ဆရာတော်ကို ဘယ်သူတွေက ဘာကြောင့် သတ်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ဒကာတယောက်က ပြောပါတယ်။“ဘာလို့သတ်သွားလဲမသိဘူး၊ စာရွက်စာတန်းတွေလည်း အကုန်မီးရှို့သွားတယ်။ အရင်ရက်ကတော့ ဘဏ်ကနေ ငွေ ၃ သိန်း ထုတ်သွားသေးတယ်။ ဒါပေမဲ့ အခုဟာက ငွေလိုချင်လို့ လုပ်တဲ့ပုံတော့မဟုတ်ဘူး၊ ကျောင်းမှာလည်း ငွေများများစားစားရှိမဲ့ပုံလည်း မပေါက်ပါဘူး။ ဘုန်းဘုန်းကို ဓားနဲ့အရင်ထိုးသတ်သွားတာ၊ သူ့ရင်ဘတ်မှာလည်း ဓားထိုးဒဏ်ရာတွေ့တယ်တဲ့ ရဲကပြောတာ။ နောက်ရဲက မေးသေးတယ် ဘယ်သူသတ်သွားတာဖြစ်နိုင်လဲလို့မေးတယ်။ ကျနော်ကတော့ သူ့မှာက ပရိသတ် ဧည့်သည်တွေများတယ်၊ ဒါပေမဲ့ အားလုံးကို ဘုန်းကြီးက ကူညီနေတာ။ သူ့ကို တချို့ ဆေးပြတ်သွားသူတွေက ကားတွေတောင်လှူသွားကြတာ။ သူက ပြန်ပြီး ပရဟိတအဖွဲ့တွေ၊ တခြားဘုန်းကြီးကျောင်းတွေကိုတောင်ပြန်လှူတာ။ သူလိုလူကို ဘယ်သူက ဘာကြောင့်သတ်သလဲဆိုတာတော့ စဥ်းစား လို့တောင်မရဘူးလို့ ရဲစခန်းကို ပြန်ပြောလိုက်သေးတယ်

  4. 9

    အရက်ဖြတ်ဆရာတော်ကိုဘယ်သူတွေလုပ်ကြံတာလဲ ???(သို့)အရက်ပုလင်းတွေနဲ့စေတီတည်သူ

    လှိုင်ဂူ တွေက တခုနဲ့တခု ကူးလို့ရအောင် ဆက်ထားပေမဲ့ ဝင်္ကပါ ပံု ဆိုတော့ အထဲ ကို ဆင်းကြည့်ရတာ လန့်စရာကြီး အထဲမှာ အလင်းရောင်က သိပ်မရဘူး ဒါပေမဲ့ ဘုရားဆင်းတု ရှိတဲ့လှိုင်ခေါင်း ဖက်မှာတော့ ဘုရားအတွက် မီးလံုးလေးတလံုးဖွင့်ထားတော့ အဲ့ဒိဖက်က အနဲငယ် အလင်းရောင်ရှိတယ် အဲ့ဒိမြေအောက် လှိုင်ဂူ တွေ တည်ဆောက်ထားတဲ့ ဘေးနံရံ မြေသား ကို လက်နဲ့ ခြစ်ကြည့်တော့ သဲပွပွတွေထွက်လာတော့ လန့်စရာကြီး မတော် လို့ အဲ့ဒ်သဲ နံရံတွေ ပြိုကျလာရင် ငါတို့တော့ မြေမြုတ်ပြီးသားပဲ လို့ တွေးမိပြီး ပြန်ထွက်ခြင်နေတာ အောက်ခြေကလဲ သဲဆန်ဆန်မြေ တခြားတွေ့ဘူးတဲ့ ဂူတွေ ဆိုရင် မြေအမာတို့ ကျောက်ကိုထွင်းထာရတာတို့ပဲ တွေ့ဘူးတာ အခု သူ့လှိုင်ဂူတွေက သာမန်သဲမြေမှာ ထွင်းထားတာ ဒါနဲ့ မေးကြည့်တာပေါ့ ဒီလိုမြေမျိုး ကို ဘယ် အင်ဂျင်နီယာက ရွေးပြီး ဖေါက်ပေးတာလဲ ဆိုတော့ သူ့ဟာသူတူးတာထဲ့ အယ် ဘုန်းဘုန်း ရယ် ဒီမြေ ကသဲတွေချည်ပဲ တပည့်တော် ခုနကပဲ ဘေးက နံရံကို ချစ်ကြည့်တာ သဲတွေ ပြိုကျလာတယ် မတော်လို့ပြိုကျရင် ဘယ်နဲ့ လုပ်မလဲဆိုတော့ အာဆိုလဲ သဂြိုလ်ပြီးသားဖြစ်တာပေါ့တဲ့ ဘုန်းဘုန်းက ဒီလို လှိုင်ဂူတွေ ကိုယ့်ဟာကိုယ်တူးတာဆိုတော့ အရင်က အင်ဂျင်နီယာလား အရင်ကတူးဖူးလားဆိုတော့ အင်ဂျင်နီယာလဲ မဟုတ်ဖူး တခါမှ လဲမတူးဖူးဘူးတဲ့ သူ့ဟာသူ တရားထိုင်ဖို့ အေးအေးချမ်းချမ်းနေဖို့ အတွက် စိတ်ကူးပေါက်သလိုတူးတာတဲ့ ဘေးက ချောင်းက ရေတွေ တက်လာရင်ဘယ်လိုလုပ်မလဲ နောက် မွေတွေ ဘာတွေ လာခိုနေရင် ဘယ်နဲ့ လုပ်မလဲ ဆိုတော့ မွေတွေက ခဏခဏ လာခို ကြတယ်တဲ့ သူ့ကိုတော့ ဒုက္ခမပေးပါဘူးတဲ့ ဒီတောထဲကတိရစ္ဆန်တွေအားလံုးက သူနဲ့အဆင်ပြေကြတယ်တဲ့

  5. 8

    ခေတ်၊စံနစ်နဲ့ လူများ Episode(1)

    ခွေး၊ဒန်ပေါက်ဘိုးတော် ပျောက်ဆုံးနေ(ခွေးတွေကို ဒန်ပေါက် လိုက်ကြွေးတဲ့ သူတယောက်ပျောက်ဆံုးနေ) ဒီဘိုးတော်ကြီးကို မကြာခဏ သုသာန်တွေမှာ တွေ့နေရတာနဲ့ စပြီး သတိထားမိနေတာပါ။ သူက ဟစ်ပီ (Hippie) တွေလို ဆံပင်ကို အရှည်ကြီးထားပြီး လိမ်တွန့်နေတာကြောင့် သူ့ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားတာ ဒူးဆစ်လောက်အထိ ရှည်ပါတယ်။ လူက လပေါင်းများစွာကြာအောင် ရေမချိုးဘဲ နေတဲ့အတွက် အသားညိုညိုအပေါ်မှာ ချေးတွေထပ်နေပြီး မဲတဲ့ဘက်ကို ရောက်နေတဲ့ပုံမျိုးပါ။ ဒါပေမဲ့ သူ့အနားသွားကြည့်ရင် ဘာအနံ့မှ မရပါဘူး။ လည်ပင်းမှာတော့ ပုတီးတွေနဲ့ စတီးဆွဲကြိုးကြီးတွေ ဝတ်ထားတယ်၊ လက်မှာလည်း လက်စွပ်တွေ အများကြီးပဲ။ သူ အရပ်ထဲ လျှောက်သွားရင် သူ့နောက်မှာ ခွေးတစ်အုပ်ကြီး ပါလာတယ်။ နောက်ပြီး ဆိုက္ကားသမားတွေကလည်း အလုအယက် သူ့တို့ဆိုက္ကားစီးဖို့ အတင်းလိုက်နေကြတာ။ အဲဒါကလည်း သူက တွေ့သမျှ လမ်းဘေးခွေးတွေကို ဒန်ပေါက်ဝယ်ကျွေးလေ့ရှိတဲ့အတွက် ခွေးတွေက သူ့နောက်ကို လိုက်နေတာပါ။ ဒါကလည်း "လူတွေတောင် တခါတလေ အစားအသောက်ကောင်းလေးတွေ စားချင်ကြတာ၊ ခွေးတွေလည်း စားချင်မှာပေါ့" တဲ့။ "သူတို့ကျ အလုပ်လည်းမရှိ၊ ဝင်ငွေလည်းမရှိ၊ ဝယ်စားဖို့ ပိုက်ဆံလည်းမရှိ၊ ဝယ်စားဖို့ အသိဉာဏ်လည်းမရှိတော့ သူတို့လောက် သနားစရာကောင်းတာ တခြားမရှိဘူး" တဲ့။ ဒါကြောင့် သူ ကိုယ်တို့မြို့ကို ရောက်လာရင် ပထမဆုံး ပျော်ကြတာက ဒန်ပေါက်ဆိုင်တွေပဲ။ သူက ဆိုက္ကားတစ်စီးနဲ့ ဒန်ပေါက်ဆိုင်တစ်ဆိုင်ကို ပေါက်ချလာရင် ရှိသမျှ ဒန်ပေါက်ပွဲ အကုန်ဝယ်သွားတာ။ အဲဒါတွေကို ဝယ်ပြီး ခွေးတွေကို ကျွေးနေတယ်ဆိုတာကို ဒန်ပေါက်ဆိုင်တွေကသိပြီး လူလည်ကျဖို့မစဉ်းစားနဲ့။ သူက ဒန်ပေါက်တစ်ထုပ်ချင်းစီ ထုပ်ခိုင်းပြီး သေသေချာချာ ဂျေးများတတ်တာ။ "ထမင်းက နည်းတယ်၊ အသားက သေးတယ်၊ အရိုးက များတယ်" စသဖြင့် ဂျေးများလို့ ဆိုင်ရှင်တွေက အပြည့်အဝ ထည့်ပေးရတယ်။ လူလည်လုပ်လို့မရဘူး။ အဲဒီဒန်ပေါက်တွေကို ဆိုက္ကားအနောက်နဲ့ သူ့ဗိုက်ပေါ် တင်သွားပြီး လမ်းတစ်လျှောက်မှာ တစ်ထုပ်ချင်းစီကို ဖြေပြီး အရိုးသက်သက်၊ အသားသက်သက် ထွင်ပေးသေးတာ။ ပြီးစလွယ် မကျွေးဘူး။ ပုံစံက သွားမကောင်းတဲ့ သူ့မိဘတွေကို သေသေချာချာ ဂရုတစိုက် ကျွေးတဲ့ပုံစံ။ နောက်တစ်ခုက ရေသန့်ဘူးတွေကိုလည်း အကတ်လိုက် ဝယ်သွားတာ။ ခွေးလေးတွေ ဒန်ပေါက်စားပြီးရင် ရင်ပူမှာစိုးလို့ ရေတိုက်ဖို့။ အဲဒီရေသန့်ဘူးတွေကျတော့ ခွေးတွေက ကိုင်မသောက်တတ်တော့ သူက တစ်ခါသုံး ဖော့ဇလုံလေးတွေ တခါတလေ ယူသွားပြီး အဲဒီအထဲ ထည့်တိုက်တာ။ ဒန်ပေါက်ကတော့ မြေသားသန့်သန့် တစ်နေရာမှာ အထုပ်ဖြေပြီး ကျွေးတာ။ တစ်ကောင်ကို တစ်ထုပ် ကျွေးတာ။

  6. 7

    အင်းစိန်ထောင် အုတ်ရိုး စောင့်သရဲကြီး

    အဲ့ဒိသစ်သားချောင်းကို အုတ်ရိုးကိုထောက်ပြီး ခပ်စောင်စောင်း မှီလိုက် ပြီး ဗလတောင့်တဲ့ ကြွယ်ရီးက အဲ့ဒိသစ်သားချောင်း ကို တွယ်တက်သွားပြီး သစ်သားချောင်းထိပ် ရောက်တော့ အုတ်ရိုးကို မျက်နှာနဲ့ ရင်ဘတ် ကိုကပ်ပြီး ခြေချောင်းလေး ၁၀ ချောင်းက နံရံကို ကပ်မှီထားတဲ့ တလက်မ လောက်ရှိတဲ့ သစ်သားချောင်းထိပ် မှာ ကုတ် တွယ်ထားပြီး စောင့်စောင့် ထိုင် လိုက်တယ် လက်ဝါး ၂ ဖက်က အုတ်ရိုး နံရံကို ကပ်ထား တဲ့အနေအထား နဲ့ ထိုင်နေ လိုက်တဲ့အချိန်မှာ အောက်ကနေ တက်လာတဲ့ သားငယ် က သူ့အောက်ကို ရောက်လာပြီး သူ့ ခန္ဓာကိုယ်ပေါ်ကနေ သူ့ပုခံုးပေါ်ကို တက်မလို့ လုပ်နေတံုးမှာ ကျောက်လန့်တကြားအော်ပြီး အောက်ကိုပြူတ်ကျသွားရော အဲ့ဒိမှာ သစ်သားချောင်းထိပ်မှာ ငုတ်တုပ်ထိုင်နေတဲ့ ကြွယ်ကြီး လဲ လန့်ပြီး အပေါ်ကို မော့ကြည့်လိုက်တော့ အုတ်ရိုး ထိပ်မှာ လူမဲမဲကြီး တယောက် မျက်လံုးအနီကြီး နဲ့ ငုတ်တုတ်ထိုင်နေတာကို လှမ်းလဲတွေ့ရော သူလဲ သတိလစ်မတပ် ဖြစ်ပြီး အောက်ကိုပြုတ်ကျသွားရော အောက်ရောက်တော့ အပေါ်ကိုမော့မကြည့်ရဲပဲ သူတို့ယူသွားတဲ့ သစ်သားချောင်း ကို မူလနေရာပြန်သွားထားပြီး ကိုယ့်အခန်း ကိုဟန်မပြတ် ပြန်နေလိုက်ကြတာပေါ့ အဲ့မှာ ကြွယ်ရီး ပြန်ပြောပြတာက အဲဒိလူမဲမဲကြီးဆိုတာက ဆင်လောက်ကြီးရှိတဲ့ ခန္ဓာနဲ့ လူအကြီးကြီး တဲ့ အုတ်ရိုးပေါ်မှာ စောင့်စောင့်ထိုင်ပြီး သူတို့ကို မျက်လံုးအနီကြီးနဲ့ အပေါ်ကနေကြည့်နေတာတဲ့ သူရဲကြီးပေါ့ သူက ထောင်ကနေ ကျော်ပြေးမဲ့သူကို ကျော်လို့မရအောင်အပေါ်ကနေ စောင့်နေတဲ့ပံု ပဲတဲ့............................................. အပြည့်အစအဆုံး ကို ယူကျုမှာ ဆက်ကြည့်ပေးအုံးနော်#podcast #horror #insein#jail

  7. 6

    ထောင်ထဲကအသံကြားရပြီးမမြင်ရတဲ့ လူအုပ်ကြီး

    ထောင်ထဲကအသံကြားရပြီးမမြင်ရတဲ့ လူအုပ်ကြီးအားလုံးနှစ်နှစ်ချိုက်ချိုက် အိပ်ပျော် နေချိန်ကြမှ ကျွန်တော်တို့ ၃ ဆောင် ဖက် ကို လူအုပ်ကြီးတအုပ် ပြေးလာနေတာ တဲ့အသံကြောင့် လန့်ပြီး ထထိုင် ပြီး အသံလာရာဖက်ကို ခန့်မှန်းပြီး အဲ့ဒိဖက်က လှေခါး ဖက်ကိုမျှော်ကြည့် မိတော့ ဘာမှ မတွေ့ရသေးဘူး အဲ့ဒိအချိန်မှာပဲ လူအုပ်ကြီး က ၃ ဆောင် အောက်ဖက် ကို ရောက်နေပြီ အဲ့ဒိမှာ စတွေးမိတာက ငါတို့ နိုင်ကျဉ်းတွေ ကို ဝိုင်းရိုက်တော့မယ်ထင်တယ် ၊ ရိုးရိုးအကျဉ်းသားတွေ ထောင်ထဲက ထုပ်လာတာလား မသိ ဝန်ထမ်းအင်အား ကတော့ အဲ့လောက်ကြီးမရှိလောက်ဘူး အခုလာနေတဲ့ လူအုပ်က နဲတော့ မနဲ လှဘူး လူတော်တော်များပုံရတယ် အသံတွေက ဆူညံနေတာပဲ အဲ့လိုတွေးရင်း ကိုယ့်ဘေးမှာ အိပ်နေတဲ့ သူတွေ ကိုလဲ အသာလေး လှုပ်နှိုး ရင်း ထိုင်စောင့်ကြည်နေဆဲမှာပဲ အဲ့ဒိ လူအုပ်က လှေခါးကနေ အပေါ်ထပ် ကိုတက်လာနေပြီ အသံကတဖြည်းဖြည်း နီးလာပြီ လှေခါးကနေ အပေါ်လဲ ရောက်ရော လှမ်းကြည့်တော့ ဘာမှ မမြင်ရပဲ အဲ့ဒိ လူအုပ်ကြီးက ထိပ်ဆုံးကအခန်း ပထမဆုံးသရဲစီးတဲ့အခန်းထဲ ကို ပြေးဝင်သွားပြီး အဲ့ဒိအခန်းထဲက လူတွေ က ကြောက်စရာကောင်းတဲ့ မိန်းမောသံကြီးတခု ကိုတပြိုင်နက် နဲ့အော်ကြရော အသံက အသံရှည်ကြီး သာမန်အချိန်မှာ လူတယောက် ဒါမှမဟုတ် လူတစု ကို အဲ့ဒိအသံ ပုံစံမျိုးတူတောင် အော်ခိုင်းကြည့် မရ ဘူး တူအောင်ကိုအော်လို့မရဘူးး ဟီးဟီးဟီးဟီး……….ဆိုတဲ့ ပံုစံ မျိုး

  8. 5

    နိုင်ငံတော်လာတာကို ဝိဥာဉ်တွေက အရင်သိတာလား

    ထောင်ထဲမှာ ဘယ်က ဘယ်လို လူတွေ ပိုလာတာလဲပေါ့ တကယ်တော့ အဲ့ဒိပိုလာတဲ့ လူတွေက လူတွေမဟုတ်ဘူး သရဲတွေ တဲ့ အဲ့ဒိ သရဲတွေက လူတွေကြားထဲ မှာ ခပ်တည်တည်နဲ့ ဝင်ထိုင်နေကြတာ ဒါကြောင့် ဘယ်အဆောင်မှာ ဘယ်နှစ်ယောက် ပိုနေတယ် ကိုယ့်ဘေးကလူ ကိုယ်ကြည့် ဆိုပြီး ညာသံပေးပြီး ရိုက်ရင်းရိုက်ရင်း နဲ့ မှတဖြေးဖြေး လျော့သွားတာ အဲ့ဒိ တန်းဝင်စီတဲ့ သရဲတွေက ထောင်ဝင်ထမ်း ရဲ့ ဒုတ် ကိုတော့ ကျောက်နေတံုးပဲ လို့ပြောလို့ရတာပေါ့ အယ် အဲ့လိုဖြစ်စဉ် ဖြစ်ပြီး သိပ်မကြာဘူး လွတ်ငြိမ်းချမ်းသာ နိုင်ငံတော် လာရော

  9. 4

    အသွေးအသားနဲ့တည်တဲ့စေတီ

    အကြောင်းအရာက ဘုန်ကြီးတပါး ကစေတီတဆူတည်တဲ့ အကြောင်းပါ၊ အဲ့ဒိမှာ ပြောခြင်တာက ဗုဒ္ဓဘာသာကိုးကွယ်ကြတဲ့ နိုင်ငံတနိုင်ငံမှာစေတီတဆူတည်တာက ၊ကိုတွေ တိုက်ပုံစံအရဆိုရင် သတင်းမဖြစ်ပါဘူး၊ဒါပေမဲ့ သူက ဘယ်သူတွေမှ မလုပ်ခဲ့ဘူးတဲ့ပုံစံ နဲ့စေတည်တာဖြစ်နေလို့ပဲ ဆက်ပြောပြရရင်……….. ပြည်မြို့ရဲ့တဖက်ကမ်းမှာ ရခိုင်ရိုးမ ကနေ ဆင်းလာတဲ့ တောင်တန်းတွေက ထဲကတောင်တတောင်ဖြစ်တဲ့ ကျောင်းပျောက်တောင် ဆိုတဲ့ တောင်ပေါ်မှာ အသွေးနဲ့အသားနဲ့ တည်တဲ့ စေတီ အဲ့ဒိကျောင်းပျောက်တောင်ဆိုတာက အရင်ကထဲက နာမယ် ကြီးတယ် ဘယ်ခေတ် ဘယ်အချိန်ကဆိုတာတော့အတိအကျ မပြောနိုင်ကြပေမဲ့ ၊ ဘုန်းကြီးကျောင်းကြီးတကျောင်း တည်ရှိနေတာကနေပျောက်ဆုံးသွာခဲ့တဲ့ တောင်

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

သတင်းထောက်တယောက်ဘဝမှာ သတင်းတပုဒ်လုံးရေးခွင့်ရခဲ့ပေမဲ့၊ကိုယ့်သတင်းကြောင့် လူတွေ ထိခိုက်မှာ၊နိုင်ငံ နဲ့ နိုင်ငံသားတွေထိခိုက်နစ်နာမှာစိုးတာကြောင့် ၊အဲ့ဒိသတင်းကို မရေးဖြစ်ခဲ့ရတာပါ၊

HOSTED BY

Beyond the bars & Lens: Podcast By Min Nyo

Frequently Asked Questions

How many episodes does ရေးခွင့်မရခဲ့တဲ့သတင်းများ have?

ရေးခွင့်မရခဲ့တဲ့သတင်းများ currently has 9 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is ရေးခွင့်မရခဲ့တဲ့သတင်းများ about?

သတင်းထောက်တယောက်ဘဝမှာ သတင်းတပုဒ်လုံးရေးခွင့်ရခဲ့ပေမဲ့၊ကိုယ့်သတင်းကြောင့် လူတွေ ထိခိုက်မှာ၊နိုင်ငံ နဲ့ နိုင်ငံသားတွေထိခိုက်နစ်နာမှာစိုးတာကြောင့် ၊အဲ့ဒိသတင်းကို မရေးဖြစ်ခဲ့ရတာပါ၊

How often does ရေးခွင့်မရခဲ့တဲ့သတင်းများ release new episodes?

ရေးခွင့်မရခဲ့တဲ့သတင်းများ has 9 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to ရေးခွင့်မရခဲ့တဲ့သတင်းများ?

You can listen to ရေးခွင့်မရခဲ့တဲ့သတင်းများ on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts ရေးခွင့်မရခဲ့တဲ့သတင်းများ?

ရေးခွင့်မရခဲ့တဲ့သတင်းများ is created and hosted by Beyond the bars & Lens: Podcast By Min Nyo.
URL copied to clipboard!