PODCAST · arts
စာအုပ်စင်
by Shwe Naychi
Myanmar Audiobooks randomly picked and read by Shwe Naychi.
-
7
မိုးမခဘူး (ရေး - နိုင်ဝင်းဆွေ)
အချိန်မပေးနိုင်တာရော စိတ်ခံစားမှုတွေကြောင့်ရော စာအုပ်တွေ မဖတ်ဖြစ်ခဲ့တာ အတော်ကြာသွားပြီ။ စာအုပ်စင်လည်း ဖုန်တက်နေလောက်ရောပေါ့။ အခုတော့ ဘာတွေဖြစ်နေ ဖြစ်နေ လုပ်စရာရှိတာကို မမှိတ်မသုန် ဆက်လုပ်ကြရမှာပဲဆိုတဲ့ စိတ်ခွန်အားနည်းနည်းပြန်ရတာနဲ့ ဒီကဗျာကို ရွတ်ဖြစ်ခဲ့တယ်။ အကြိမ်ကြိမ်ပြန်ဖတ်တိုင်း စိတ်အားတက်ကြွရစေတဲ့ ကဗျာတစ်ပုဒ်မို့လို့ အားလုံး နားထောင်ရတာ အကျိုးရှိစေမယ် ထင်ပါရဲ့
-
6
ကျွန်ုပ်နှင့် ကောက်ညှင်းပေါင်း (ရေး - နီကိုရဲ)
နီကိုရဲရဲ့ “ကျွန်တော်နှင့် စျေးသည်အလွဲများ”ဆိုတဲ့ စာအုပ်ထဲက ကောက်ညှင်းပေါင်းဝယ်တဲ့ ဇာတ်လမ်းလေးက ဖတ်တိုင်း ပြုံးပျော်ရတဲ့ ဇာတ်လမ်းလေးမို့ အမှတ်တရ ပြန်ရှာပြီး ဖတ်လိုက်တာပါ။ နားဆင်သူတွေ တဒင်္ဂလောက် ပြုံးပျော်ရရင်ပဲ ဖတ်ရကျိုးနပ်ပါပြီ။
-
5
အသံဖမ်းသူ (ရေး - ဂျူး)
“ကြားလို့ကောင်းအောင် ပြောသောစကားကို ကြားရသည့်အခါ ကျွန်မတို့ကြည်နူးရသည်။ အကယ်၍ ကျွန်မတို့ မကြားအောင် ပြောသောစကားတွေကိုသာ ကျွန်မတို့ မတော်တဆ ကြားခဲ့မိသော်…” ဗြူးတီးမဂ္ဂဇင်းမှာ ဇွန်လ ၂၀၀၂ ခုနှစ်တုန်းက ဖော်ပြခဲ့တဲ့ ဆရာမဂျူးရဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ပါ။
-
4
ကြွေလုနှင်းဆီ (ရေး - ကြည်အေး)
ကြည်အေး ဝတ္ထုတိုပေါင်းချုပ်သစ်ထဲက ကြွေလုနှင်းဆီဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ထားတာပါ။ မူရင်းကတော့ တာရာမဂ္ဂဇင်း၊ အတွဲ (၁)၊ အမှတ် (၆)၊ ဩဂုတ် ၁၉၄၇ လို့ ဖော်ပြထားပါတယ်။ နားဆင်ကြသူအားလုံး တင်္ဒဂဖြစ်ဖြစ် စိတ်အနားရကြပါစေ။
-
3
ချည်ထွေး (ရေး - ခင်ခင်ထူး)
ဒီတစ်ပုဒ်ကတော့ ဖတ်ထားတာကြာပါပြီ။ အရင် SoundCloud မှာ တင်ခဲ့ဖူးပါတယ်။ အခုတော့ ဒီဘက်မှာ တစ်စုတစ်ဝေးတည်း ဖြစ်အောင် တင်ထားလိုက်ပါတယ်။
-
2
မနော် (ရေး - မြသန်းတင့်)
ဆရာမြသန်းတင့်ရဲ့ မနော်ဆိုတဲ့ ကိုယ်တိုင်ရေးဝတ္ထုတိုလေးကို ဖတ်ထားပါတယ်။ ၁၉၆၁ ခုနှစ်က ငွေတာရီမဂ္ဂဇင်းမှာ ပထမဆုံး ပုံနှိပ်ပါရှိခဲ့တဲ့ ဝတ္ထုတိုလေးကို the key collection က ၂၀၁၇ ခုနှစ်မှာ ထုတ်ခဲ့တဲ့ ရသစာစဉ် ၈ ထဲက ဖတ်ပြထားတာပါ။ နားဆင်ကြည့်ကြပါရှင်။ … A short story by Saya Mya Than Tint originally published by Ngwe Tar Yi magazine in 1961. This reading was from the new edition published by the key collection in 2017.
-
1
စာအုပ်စင်မှ ကြိုဆိုပါတယ်
Welcome to my bookshelf! This is my first ever Podcast channel but my experience of creating audiobooks went way back to a few years. I shared some audiobooks on a reading group on Facebook and now I hope to bring more here. Please visit my bookshelf anytime and enjoy the reading and of course, listening. Thank you.
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
Loading similar podcasts...