The Lost The Dark and The Fear podcast artwork

PODCAST · fiction

The Lost The Dark and The Fear

တစ်သက်နဲ့ တစ်ကိုယ်မှာ ထူးခြားတာတွေကြုံရရင် ဘယ်သူ့ကိုမှ မမျှဝေဘဲ တိတ်တိတ်ကလေး မေ့ထားလိုက်ရတာ နှမျောစရာ။ ဒီလို အတွေးနဲ့ မမြင်နိုင်၊ ယုံချင်စရာမကောင်းနိုင်တဲ့အဖြစ်အပျက်လေးတွေကို ကိုယ်တိုင်တွေ့ကြုံရသူတွေဆီကနေ စာမူလေးတွေ စုစည်းဖြစ်ပါတယ်။

  1. 21
  2. 20

    တစ်ခါက မေတ္တာညွန့် by ညီထွန်းသူ

    ကျောက်မြောင်း တာမွေ ၅မှာတက်တော့ ကျူရှင်တွေ ဘာတွေပြီးလို့ ပြန်လို့ ဆိုက်ကားစီးရင် တာမွေဗလီထိပ်ထိပဲရောက်ပါတယ်။အိုးစုထိပ်ထိ ဆိုက်ကားဆရာ တွေက မလိုက်ရဲပါဘူး။ငါးတန်း ခြောက်တန်း အရွယ်ကျွန်တော်ဟာ မြက်တောရှည်ထဲ လူသွားပါများလို့ လမ်းဖြစ်နေတဲ့ မြေနီလမ်းလေးကနေ ရပ်ကွက်ထဲဝင်ပါတယ်။ အမေသိရင်တော့ ဆူခံရပါတယ်။ အာသောကထိပ်ဘက်ကပဲ ဝင်ဖို့ အမေက အမြဲပြောပါတယ်။ ကျောင်းပိတ်ရင် သင်္ချိုင်းထဲဝင်စွန်လိုက်နေကျမို့ ကိုယ်ကမကြောက်တာလည်းပါပါမယ်။ဗလီထိပ်ဝင်ရင် ကျွန်တော်နေတဲ့လမ်းနဲ့ နီးတော့ အဲဒီကပဲ နောက်ကျရင် အမြဲဝင်လေ့ရှိပါတယ်။

  3. 19

    သူ ရောက်လာတဲ့ ည by ပန်းငုဝါဝါ

    လောကဟာ တစ်ခါတလေ မမြင်ရသော၊ ပုံမှန်မဟုတ် သော ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသလို လူသားတို့ လက်လှမ်းမမီသော၊ နားလည်ရ ခက်သော ရှုပ်ထွေးမှုများ နှင့်လည်း ကြုံဆုံရတတ်ပြန်ပါ သည်။ ကျွန်မတို့ဝန်းကျင်တွင် ကိုယ်တိုင်ဖြစ်စေ၊ အခြားတစ်ပါးသူက ဖြစ်စေ အဆန်းတကြယ်ဖြစ်ရပ်များနှင့် ကြုံခဲ့ဖူး၊ ကြားခဲ့ရဖူးသည်များလည်း ရှိပါသည်။ ထိုအဆန်းတကြယ် ဖြစ်ရပ်များကို ပြန်ပြောင်းဆိုကြသည့် အခါ ယုတ္တိလွန်ကဲသော ဖြစ်ရပ်များ ဟု ဆိုကြသူများ ရှိသလို ရယ်မောစရာ အဖြစ် သဘောထား ခဲ့ကြသူများ လည်း ရှိပါသည်။ ကျွန်မတို့ နေ့စဉ် ရွတ်ဆိုကြသော ဘုရား ဂုဏ်တော်များ၏ အဆုံးသတ်တွင်ပင် ကုသိုလ်အဖို့ အမျှပေးဝေရာတွင် မြင်အပ်၊ မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါနှင့် ပုဂ္ဂိုလ်များလည်း ရရှိစေကြောင်း အမျှပေးဝေ တတ်ကြပါသည်။ လောကတွင် သာမန်လူသားတို့ လက်လှမ်းမမီသော ၊ ဆန်းကြယ်သော ဖြစ်ရပ်များလည်း ရှိနေသည်ဆိုသည် ကို သာမန် လူသားတစ်ဦးဖြစ်သည့် ကျွန်မ ကိုယ်တိုင် ကြုံဖူးမှပင် လက်ခံလာမိပါတော့သည်။

  4. 18

    စိတ်ချောက်ချားခဲ့ရသော ည by ကျော်စိန်ဝင်း

    ၂၀၂၀ ခုနှစ်၊ ဧပြီလရဲ့ ညတစ်ညမှာပေါ့။ ကျွန်တော်အလုပ်လုပ်နေရာ ရန်ကုန်မြို့ကနေ မွေးရပ်မြေ အညာဒေသ ကို ပြန်လာခဲ့ပါတယ်။ အဲ့ဒီတုန်းက အားလုံးသိတဲ့အတိုင်း ကိုဗစ်ရောဂါပိုးဟာ မြန်မာပြည်ထဲကို အခန့်သားနေရာယူပြီးနေခဲ့ပါပြီ။ ရွာတွေမှာဆို ရန်ကုန်ပြန်ကနေ ထိုင်းပြန်တွေအထိ ကြောက်နေရပါတယ်။ ကိုဗစ်ရောဂါပိုးကို ရွာလေးတွေဆီရောက်လာမှာ သိပ်ကြောက်ကြပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါရဲ့ ရိုက်ခတ်မှု ကြောင့်ပဲ အဝေးရောက်အလုပ်သမားအများစုဟာ ရွာကလေးတွေဆီကို ပြန်လာခဲ့ကြပါတယ်။ ရွာပြန်လာသူတွေဟာ ရွာထဲကို ရောက်ရောက်ချင်း ဝင်ခွင့်မရကြပါဘူး။ ရွာအပြင်ဘက်မှာရှိတဲ့ စာသင်ကျောင်းတွေ၊ ရွာဦးစေတီက ဇရပ်တွေမှာ ပြုလုပ်ပေးထားတဲ့ ကွာရန်တင်းစင်တာမှာ အရင်နေရပါတယ်။ ကျွန်တော်လည်း ကျွန်တော်တို့ရွာရဲ့ စည်းကမ်းတွေအရ စာသင်ကျောင်းမှာ (၂၁)ရက်ကြာ ကျန်းမာရေး စောင့်ကြည့်ခံယူမှုလုပ်ရပါတော့တယ်။ ဖြစ်ချင်တော့ ဧပြီလကြီးမှာ ရွာကိုပြန်လာကြသူဆိုလို့ ကျွန်တော်ကလွဲပြီး တစ်ယောက်မှမရှိကြပါဘူး။ ဒါ့ကြောင့် (၂၁)ရက်တာလုံး ကျွန်တော်တစ်ယောက်တည်း စာသင်ကျောင်းထဲမှာ နေရဖို့ ဖြစ်လာပါတော့တယ်။

  5. 17

    နှုတ် by ကိုရဲ

    ပရလောက နာနာဘာ၀ လောကနဲ့ ပတ်သက်ပြီး လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုလက်ခံထားလဲ။ ယုံလားမယုံဘူးလား ။ ခေတ်လူငယ်တစ်ယောက်ဖြစ်နေပြီး ဒီခေတ်ကြီးမှာ ဒါတွေကို ဘာလို့ယုံကြည်နေတာလဲ တကယ်မရှိပါဘူးကွာ ဆိုပြီးတော့ စကားတွေက ဒီခေတ်လူငယ်တိုင်း ပြောနေကျစကားတွေဖြစ်သလိုပဲ ကျွန်တော်ကိုယ်တိုင်လည်း အမြဲပြောနေကျ စကားတွေပါပဲ။ဒါဆိုဘာလို့ ဒီစာကိုရေးတာလဲ ဆိုတဲ့မေးခွန်းကရှိနေပါတယ်။ရိုးရိုးရှင်းရှင်းဖြေရရင် ဒီလောကရှိတာကိုယုံတယ် ကြောက်စိတ်မရှိတာ သူတို့ရဲ့ဖြစ်တည်မှုကိုကိုယ်တွေ့တွေနဲ့ လက်ခံနိုင် တာလို့ပဲပြောရပါမယ်။

  6. 16

    ဝိုင်း by ထက်အိမ်

    အဲ့ဒါကို သရဲမက ဇွတ်ကြီး ကြိတ်လှီးဖြတ်တဲ့ဝေဒနာကို ဆရာမကြီးက မချိမဆန့် ခံနေရပုံများကွာ။ ပြောရင်းနဲ့တောင် သနားမိပါရဲ့။ သရဲမက စီးကျလာတဲ့သွေးစက်တွေကိုလည်း လျှာရှည်ကြီးနဲ့ တပျက်ပျက် မလွတ်တမ်းလျှက်နေတာများကွာ။ မင်းတို့မြင်ရင် သွေးပျက်ရုံတင်မကဘူး။ သေးပါပျက်လောက်တယ်။ သေးထွက်ကျတယ်ဆိုတာက ဘာမှမဖြစ်ဘူး ငါ့တူတို့ရာ။ သေးပျက်သွားပြီး သေးမထွက်နိုင်တော့ဘူးဆိုရင် ဘယ်လိုခံစားရမလဲ မင်းတို့စဉ်းစားကြည့်။ ကျုပ်မြင်ခဲ့တဲ့ မြင်ကွင်းက တကယ်ကြောက်စရာကြီးပါ။ ပြန်ပြောနေရတာတောင် ကျုပ်လိပ်ပြာရဲ့ ငယ်ပါထိလန့်တယ် ငါ့တူတို့ရေ”

  7. 15

    တိုက်နံပါတ် (၁၂) by ကိုကူး

    ကျွန်တော် ယခုလက်ရှိ ငှားနေတဲ့ တိုက်ခန်းမှာ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦး ၁၁ လွှာကနေ ခုန်ချပြီး သတ်သေသွားတဲ့ Case တစ်ခု မနေ့က ဖြစ်ပေါ်ခဲ့ ပါတယ်။ ကျွန်တော် နေ့စဉ် အလုပ်သွားတဲ့ လျှောက်လမ်းမှာ သူမ ရဲ့သွေးတွေနဲ့ ဦးနှောက် အပိုင်းအစတချို့ဟာ ပျံ့ကြဲနေဆဲ။ ကျွန်တော် နေတဲ့တိုက်ခန်းက ၁၃ လွှာ မှာပါ။ တိုက်ခန်းရဲ့ မီးဖိုချောင်ပြတင်းပေါက်ကနေ အောက်ကို လှမ်းကြည့်လိုက်ရင် သူမရဲ့အလောင်းကို အသေချာမြင်နေရပါတယ်။ ခဏအကြာမှာတော့ ရုပ်ရှင်တွေထဲကလို ရှုပ်ယှက်ခတ်နေတဲ့ ရဲတွေ မှုခင်းစုံထောက်တွေ၊ Forensic team criminalistics အစရှိသဖြင့် Singapore Police Force ရဲ့ ဌာနဆိုင်ရာ အသီးသီး တာဝန်ရှိသူတွေ ရောက်လာပြီး အလောင်းကို ဓာတ်ပုံ ရိုက်မှတ်တမ်းတင်ကာ "Police" ဆိုတဲ့ စာလုံးပါ အုပ်ဆောင်းပုံဇကာ ဖြင့်အုပ်ပြီး အလောင်းကိုသယ်သွားခဲ့ပါတယ်။ သွေးတွေကတော့ ဒီနေ့မနက် ကျွန်တော်ရုံးသွားတဲ့ အချိန်ထိ ဆေးလို့မပြောင်သေးပါဘူး။

  8. 14

    ယုံကြည်မိုး by မယ်မွှေး

    “ဟယ် ငယ်ကလည်း... ခါတိုင်းလည်း သွားနေကျကို။ အလယ်တန်းတောင်ပြီးတော့မယ်... ခုထိသရဲကြောက်တုန်းလား။” “မဟုတ်ဘူး မမကြီးရဲ့။ အခု အဖွားမျက်လုံးတွေကို သတိထားမိလား။ ငယ်တို့ ဖြတ်ရင် သူ့လိုက်ကြည့်တဲ့ အကြည့်က စူးရဲတယ်။ အဖွားရဲ့ ကြည့်ပုံနဲ့ မတူတော့ဘူး။ ပြီးတော့ လူတွေဟာ အသက်ကြီးလာတဲ့အခါ တစ်ဖြည်းဖြည်းနဲ့ မျက်လုံးအရောင်တွေက ဖျော့တော့လာတယ်လေ။ ငယ်ငယ်က မျက်ဝန်းနက်နက်ကလေးဟာ အသက် ၆၀ လောက်မှာ ဝေသီမှုန်မှိုင်းသွားသလိုပေါ့။ အခု အဖွားကို ကြည့်။ သူ့မျက်လုံးတွေက နီပြီး

  9. 13

    မယုံလည်း ဟုတ် by ဘုန်းသိုက်အောင်

    တို့ရွာက ဘီးလူးမတည်တဲ့ရွာလေးဖြစ်တယ်လို့ ပြောကြတယ်။ မင်း    ရွာက မိန်းပျိုလေးတွေကို သတိထားမိလား။ မထားမိရင်လည်း နောက်နေ့သထိထားကြည့်ကြည့်။   ခုချိန်ထိတိုင် ရွာကမိန်းမပျိုတွေဆီမှာ ဘီလူးကြင်အင်လက္ခဏတွေ တွေ့နေရတုန်းပဲကွ”

  10. 12

    ကျက်တီးကုန်း by ဇေယျာကိုကို

    `အောင်မောင်းရယ် မင်းဘယ်လိုကောင်တွေ မ လာရသလဲ။ငါတို့လည်း ကနဦး က ဒီမိသားစုကောင်းလှတယ်ဆိုပြီး စောင့်ရှောက်ပေးခဲ့ရတာ။အခုတော့ ငါ့ရွာလုံးကျွတ် ကလေး လူကြီး ကုန်တာပဲကွာ။ငါတောင် ဟိုဘက်ရွာခဏ သွားလို့ကျန်ခဲ့တာ"ဟု ငေါက်ငမ်းပြော‌ဆိုခဲ့ကြောင်းနှင့်အလှူအတန်းပြု လုပ် အမျှဝေရန် တစ်အိမ်ထောင်ငါး ကျပ်ထည့်ရမည်ဖြစ်ကြောင်း အမိန့် ထုတ်တော့သည်။ ရွာသားများ မကျေနပ်သော်လည်းအ လိုတူချိန် ကြည်ဖြူခဲ့သည်မို့ အောင့်သီးအောင့်သက် အလှုငွေငါးကျပ်စီ ထည့် ရွာဦးကျောင်းဆရာတော်နှင့် နီးစပ်ရာကျောင်းတိုက်အချို့ကဆရာ တော်များ ပင့်ဖိတ်ကာ ကျက်တီးကုန်း နေရာတွင် အမျှအတန်းများပေးဝေခဲ့ရ ပါတော့သည်။

  11. 11

    မမြင် နိုင်သော ထို လောက by ခင်မြဇင်

    ငှက်ဆိုးတစ်ကောင်က ဂီးခနဲ အော်မြည်ပြီး ကျွန်မတို့ရှေ့ကခပ်နိမ့်နိမ့်ပျံသန်းသွားသည်။မကောင်းသောနိမိတ်တစ်ခုအဖြစ်တွေးမိသော်လည်းညီမဆုံးမည် မ ထင်သေးပါ။နောက်နေ့မနက်မှာ ညီမဆုံးကြောင်းဖုန်းသတင်းရောက်လာခဲ့ပါသည်။ မိဘများနေရာရန်ကုန်အိမ်မှာဆုံးသည်မို့ကျွန်မပြန်လာခဲ့ပါသည်။ရက်မလည်မီ တစ်ညနေ ကျွန်မအိမ်သာတက်နေစဉ် အစ်မမြင့် ဟု မောလျသံဖြင့်တိုးသဲ့သဲ့ခေါ်သံကြားရပါသည်။သေဆုံးသူညီမ အသံဖြစ်သည်။အမှတ်တမဲ့ ဟေ ဟုထူးမိလိုက်သော်လည်း

  12. 10

    တစ်ခါက အဆောင် ညများ (သို့) တကယ်ရှိခြင်း အကြောင်းတရား by ခိုင်မြဲ

    ဖေဖေကတော့ အခန်းလိုက်ကြည့်ရင်း ခြံစည်းရိုးနား နီးတဲ့ အခန်းကို ရွေးပေးခဲ့တယ်။ ဂစ်တာတီးတဲ့ အဖွဲ့လာရင် နားထောင်လို့ရအောင်တဲ့။ အဲ့အချိန်ထိတော့ ဝက်ဝံအခန်းဟာ နာနာဘာဝတွေနဲ့ ဆက်သွယ်ရာ အခန်းတစ်ခု ဖြစ်နေမှန်း မသိခဲ့သေးဘူး။

  13. 9

    မမေ့နိုင် by အေးမြ

    ကားဆရာက ကျွန်မတို့ကို ဘယ်နှယောက်လဲ ထပ်မေးပြန်သည်။ လူဒီလောက်နည်းနည်းလေး ရေစရာမလိုဘဲ ထပ်မေးရလားဟု စိတ်ပေါက်ပေါက်နှင့် ခြောက်ယောက်ဟု ပြန်ပြောသည်ကိုတောင် သူက သူ့ဘာသူ ထပ်ရေတွက်နေပြန်သည်။ ပြီးမှ ကားပေါ် တက်တော့ ဆိုကာ ကျွန်မတို့ကို တရားသီချင်းဖွင့်ခွင့်တောင်းသည်။ ကလေးတို့အဆင်ပြေကြလား ပြောစရာတစ်ခု ရှိတယ်ဟု ဆိုပြန်သည်။ မင်းတို့ကို စတွေ့တော့ ဘယ်နှယောက်လဲလို့ မေးတာက တခြားမဟုတ်ဘူး ငါတွေ့တာ ခုနစ်ယောက်မို့ပါတဲ့။ တစ်ယောက်က မင်းတို့နဲ့ပြောနေတုန်း လမ်းလျှောက်ပြီး ပျောက်သွားတာ

  14. 8

    နှစ်ခု၊နှစ်ကောင်၊နှစ်ယောက် by မင်းသန့်

    ကျွန်တော်တို့ကတော့ သူတို့လိုပြေးပြီးမတက်နိုင်တော့ဘူး။ မနှေး၊မမြန် ခပ်မှန်မှန်လောက်တော့ တက်နိုင်ပါသေးတယ်။ ဒါပေမဲ့ ပြေးပြီးပဲတက်တက်၊ ခပ်မှန်မှန်ပဲတက်တက်၊ ဖြည်းဖြည်းနှေးနှေးပဲ တက်တက် ဒီလှေကားကပဲတက်ရမှာပါပဲ။ အခန်းကိုပြန်ဖို့က ဒီလှေကားတစ်ခုပဲ ရှိတာမဟုတ်လား။

  15. 7

    ထိုတစ်ည by မြူရီ

    ကျွန်မဘယ်လိုဖြစ်သည်မသိ ။ ခုတင်ပေါ်မှ ဆွဲချခံလိုက်ရသလို ဝုန်းခနဲ ပြုတ်ကျသွားသည်။ အခန်းတံခါးမှ တောက်ခေါက်သံကျယ်ကျယ်လောင်လောင်ကိုကြားရသည်။ လေအိတ်ကြီးလို ပျော့ပျော့အိအိအရာတစ်ခုသည် ကျွန်မကိုယ်ပေါ်သို့ကျလာသည်။ မလုပ်နဲ့ ကျွန်မ ကိုယ်လက်များလှုပ်ရှားလိုက်သော်လည်း လှုပ်မရ။

  16. 6

    အန်တီပိုပြောတဲ့ သရဲအကြောင်း by ယုယ

    အဲဒီသူငယ်ချင်းရဲ့အမေ ကိုလေ ယောက်ျား ကြီးတစ်ယောက်က ဝမ်းနည်းတဲ့ မျက်နှာနဲ့ တွေတွေကြီးစိုက်ကြည့်နေတာ”

  17. 5

    အဲ့သည်ညတွေ by သစ်ရွက်

    ဘီးတပ်ကုလားထိုင်ပေါ်ထိုင်နေသည့် လူမည်းအမျိုးသမီးဝဝကြီးသည် ကျွန်မကို စိမ်းစိမ်းကြီးကြည့်ကာ နင်မနေနဲ့ ထွက်သွားဟု အားရပါးရ ကျုံးအော်လိုက်သည်။အော်ရုံနဲ့အားမရဘူးထင် ထိုင်ရာက ထလာကာ ကျွန်မကို ဆွဲထုတ်သည်။သန်လိုက်သည့်မိန်းမကြီး။ကျွန်မက ရုန်းကန်လျက်

  18. 4

    ကာလမှားတဲ့ ည by လတ်ငြိမ်း

    “ အရင်က မတ္တရာကို ဆွဲတဲ့ရထားလမ်းက သူရဲဈေးဘူတာကနေ ဘူတာကြီးအထိလမ်းပိုင်းကို နန်းတော်ထဲက ဖြတ်ဖောက်ခဲ့တယ်ကွ။ ကျုံးပေါ်ကနေတံထားထိုးပြီး မြို့ရိုးကို ဖြတ်ဖောက်ထားတာပေါ့။ မောင်ရင် တွေ့ခဲ့ တာ အဲ့တာများလား။ နေစမ်းပါဦး။ အဲ့ရထားလမ်းက ၈၈ နောက်ပိုင်းထဲက ပိတ်လိုက်ပြီပဲဟာ” “ခင်ဗျာ” သူ့ထက်ပိုလန့်သွားတာက မြတ်သူဖြစ်ပုံရသည်။

  19. 3

    ခြံစောင့်ရဲ့ မိန်းမ by မမသီရိ

    စိတ်ထဲ ဒီဗိုက်ကြီးသည်ဟာ ညနေစောင်းကြီး လမ်းထလျှောက်နေရသလားလို့ ငြိုငြင် လိုက်သေးတယ်။ ကိုယ့်ဆိုင်ကယ်က သူတို့ တဲကိုလည်း ကျော်လာရော လေအေးလေး တစ်ချက်ဝေ့တိုက်ပြီး ကြက်သီးဖြန်းခနဲ ထသွားတယ်။ စိတ်ထဲမှာ တစ်မျိုး ဖြစ်သွားပေမယ့် ဆန်းဆန်းပြားပြား ဘာတစ်ခုမှ မတွေးမိခဲ့ဘူး။

  20. 2

    အဆောင်မှာနေတုန်းက by IVY

    ကျွန်မတို့ အရှေ့ စီနီယာများထံတွင် ထူးခြားထိတ်လန့်ဖွယ်ကောင်းသော ဖြစ်ရပ်များ ကြုံခဲ့ဖူးကြောင်း သတင်းစကားများစွာ ရှိကြသော်လည်း ကျောင်းသူအသစ်များ ဖြစ်သည့် ကျွန်မတို့ ကြောက်မှာစိုးသဖြင့် ထိုသတင်းစကားများ ကျွန်မတို့ထံ ပေါက်မလာခဲ့ပေ။

  21. 1

    သရဲတစ်ယောက်နဲ့ ၁၄ ရက်တာ

    အဲ့ဟိုတယ်မှာ မတည်းနဲ့နော် အစ်မ တဲ့။ ကိုယ်တည်းနေတဲ့ ဟိုတယ်ဖြစ်နေတာမို့ ဘာဖြစ်လို့လဲ လို့ စပ်စုကြည့်တော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အဲ့ဟိုတယ် မီးလောင်ပြီး လူတစ်ယောက်မီးထဲပါသွားတယ်။ အဲ့ဒီတုန်းက အခုလို တိုက်မဟုတ်ဘူး သစ်သားနဲ့ဆောက်ထားတာလေ။ အဲ့ကတည်းက အဲ့ဟိုတယ်မှာ သရဲခြောက်တာပဲ အစ်မရေ တဲ့။ အောင်မလေး ကျွန်မအခန်းထဲက ဖိတ်ခေါ်မထားဘဲ ရောက်နေတဲ့ လူက

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

တစ်သက်နဲ့ တစ်ကိုယ်မှာ ထူးခြားတာတွေကြုံရရင် ဘယ်သူ့ကိုမှ မမျှဝေဘဲ တိတ်တိတ်ကလေး မေ့ထားလိုက်ရတာ နှမျောစရာ။ ဒီလို အတွေးနဲ့ မမြင်နိုင်၊ ယုံချင်စရာမကောင်းနိုင်တဲ့အဖြစ်အပျက်လေးတွေကို ကိုယ်တိုင်တွေ့ကြုံရသူတွေဆီကနေ စာမူလေးတွေ စုစည်းဖြစ်ပါတယ်။

HOSTED BY

Pax

CATEGORIES

Frequently Asked Questions

How many episodes does The Lost The Dark and The Fear have?

The Lost The Dark and The Fear currently has 21 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is The Lost The Dark and The Fear about?

တစ်သက်နဲ့ တစ်ကိုယ်မှာ ထူးခြားတာတွေကြုံရရင် ဘယ်သူ့ကိုမှ မမျှဝေဘဲ တိတ်တိတ်ကလေး မေ့ထားလိုက်ရတာ နှမျောစရာ။ ဒီလို အတွေးနဲ့ မမြင်နိုင်၊ ယုံချင်စရာမကောင်းနိုင်တဲ့အဖြစ်အပျက်လေးတွေကို ကိုယ်တိုင်တွေ့ကြုံရသူတွေဆီကနေ စာမူလေးတွေ စုစည်းဖြစ်ပါတယ်။

How often does The Lost The Dark and The Fear release new episodes?

The Lost The Dark and The Fear has 21 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to The Lost The Dark and The Fear?

You can listen to The Lost The Dark and The Fear on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts The Lost The Dark and The Fear?

The Lost The Dark and The Fear is created and hosted by Pax.
URL copied to clipboard!