ငါတို့ခေတ်ရဲ့မဟာဂီတ

PODCAST · music

ငါတို့ခေတ်ရဲ့မဟာဂီတ

၁၉၈၀ ကာလများမှာမွေးဖွားခဲ့တဲ့ စာရေးသူရဲ သူ့ခေတ်က သီချင်းတွေသာမက သူလက်လှမ်းမီတဲ့ သူ့ရှေ့က ဂီတအမျိုးအစားတချို့ကနေ သူ့ခေတ်မှာ ခေတ်စားလာတဲ့ဂီတတွေထိ ဆင်းသက်ပေါက်ဖွား လာပုံတွေကို အခုအစီစဉ်မှာ ဆက်စပ်ထားပါတယ်။ အဲ့ဒီဂီတတွေဟာ အခုခေတ်မျိုးဆက်တွေအထိ လွှမ်းမိုးမှုရှိနေတာကြောင့် ဂီတချစ်သူမျိုးဆက်အသီးသီးကို ဂုဏ်ပြုသောအားဖြင့် ပြီးတော့ ရှေးခေတ်က ရွှေနန်းထွက်မဟာဂီတသီချင်းကြီးတွေလို တန်ဖိုးထားသောအားဖြင့် “ငါတို့ခေတ်ရဲ့ မဟာဂီတ” လို့ ခေါင်းစဉ် တပ်ထားတာဖြစ်ပါတယ်။

  1. 2

    EP 002: Alternative ကိုယ်ပိုင်သံစဉ်

    ငါတို့ခေတ်ရဲ့မဟာဂီတ အပိုင်း (၂) Alternative ကိုယ်ပိုင်သံစဉ်ဂီတဆိုင်ရာအစီစဉ်တစ်ခုဖြစ်တဲ့ “ငါတို့ခေတ်ရဲ့မဟာဂီတ” နောက်တစ်ပိုင်းလာပါပြီ။ ဒီနေရာမှာ နားစိုက်ကြသူ ဂီတမိတ်အပေါင်းကို BPN က အလေးအနက် တောင်းပန်စရာတစ်ခုရှိပါတယ်။ လိုတိုရှင်းပြောရရင် အခုအစီစဉ်ကို တစ်ပိုင်းပြီးတစ်ပိုင်း ခပ်စိပ်စိပ်မတင်ဆက်နိုင်တဲ့ကိစ္စပါ။ BPN အနေနဲ့ အပတ်စဉ်ထုတ်လွှင့်နေကျ အစီစဉ်တွေကိုရေးဆွဲကြရာမှာ အနည်းဆုံး နှစ်လသုံးလခန့် ကြိုတင်ပြင်ဆင်ကြရပါတယ်။ ဒါ့ပြင် တစ်ပတ် တစ်ပုဒ်သာ ထုတ်လုပ်ဖြန့်ချိကြတဲ့အတွက် ဂီတအပိုင်းတွေဟာလည်း အပတ်စဉ်အလှည့်ကျဇယားအတိုင်းသာ တင်ဆက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ထုတ်လုပ်ဖြန့်ချိရေးဇယားမှာ ဂီတအပိုင်းတွေကို ပိုမိုအလှည့်ပေးနိုင်အောင် ရှေ့ကအားနည်းချက်တွေကို မွမ်းမံပြင်ဆင်ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်။နောက်တစ်ချက်က ဒီအပိုင်းတွေထဲမှာ အစီစဉ်တင်ဆက်သူပြောတဲ့အတိုင်း နောက်ခံသီချင်းတွေကို တစ်ခုချင်းစီထည့်ထားတာမျိုးမဟုတ်ကြောင်း အသိပေးပြောကြားလိုတာဖြစ်ပါတယ်။ သီချင်းတွေထည့်ရာမှာ တင်ဆက်သူပြောတဲ့ ဂီတအမျိုးအစားတိုင်းလိုက်ပြီးထည့်ရင် ပြွတ်သိပ်ကြပ်ပြီး သီချင်းတွေချည်း အာရုံရောက်သွားနိုင်တာမို့ သတိထားရှောင်ကြဉ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဂီတမိတ်ဆွေတွေ သိကြတဲ့ထဲကသီချင်းတချို့နဲ့ နိုင်ငံတကာကသီချင်းတချို့ကို ပုံစံပြောင်းထည့်သွင်းတာ၊ ဂီတအမျိုးအစားအလိုက် အနီးစပ်ဆုံးတီးထားတဲ့ တီးလုံး၊ တီးကွက်တွေထည့်ထားတာဖြစ်ပါတယ်။ သီချင်းတွေကိုကိုးကားရာမှာလည်း အတတ်နိုင်ဆုံး အတိုချုံးပြီးထည့်သွင်းထားပါတယ်။ အနုပညာကို နဂိုမူလဖန်တီးသူ၊ ဆင့်ပွားဖန်တီးသူ စသဖြင့် လေးစားထိုက်သူအားလုံးကိုလေးစားဂုဏ်ယူစွာဖော်ပြလိုက်ရပါတယ်။ အားလုံး နားဆင် အတွေးပွား ရှာဖွေကျေနပ်နိုင်ကြပါစေ။Chapters:(00:00) Introduction(10:09) စမ်းသပ်ခဲ့သူတချို့(11:35) ခုန်ပျံကျော်လွှား ရောင်စုံချောကလက်များBurma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

  2. 1

    EP 001: ၈၀-၉၀ ခုနှစ်လွန်ကာလများ

    ငါတို့ခေတ်ရဲ့မဟာဂီတ မိတ်ဆက်ဂန္ထဝင်ဖြစ်မှုဆိုတာမှာ ခေတ်အဆက်ဆက် မှတ်တမ်းအစဉ်၊ ကျမ်းအစဉ်မှာ သမိုင်းဝင်ဖော်ပြခံရမှု၊ လက်ရှိထိလည်း မတိမ်ကောသေးမှု စတာတွေပါဝင်ပါတယ်။ စာပေနဲ့အနုပညာလောကမှာ အမေမာလို့ ခေါ်ကြတဲ့ လူထုဒေါ်အမာကလည်း “ပေမီဒေါက်မီရှိမှု၊ ခမ်းနားမှုနဲ့ ဂုဏ်ယူနိုင်လောက်မှု၊ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်မှု” ဆိုတဲ့ အတိုင်းအတာနဲ့ ဂန္ထဝင်ဆန်တာကို လက်တွေ့ကျကျဖွင့်ဆိုပါတယ်။ တကယ်တော့ “ငါတို့ခေတ်ရဲ့မဟာဂီတ” အစီစဉ်က ရှေးကတီးမှုတ်ရေးသားသီဆိုခဲ့ကြတဲ့ ကြိုး၊ ဘွဲ့၊ ပတ်ပျိုး၊ ယိုးဒယား အစရှိတဲ့ မဟာဂီတသီချင်းကြီးတွေအကြောင်းမဟုတ်ပါဘူး။ မဟာဂီတဆိုတာ နာမည်နဲ့အညီ သီချင်းကြီးလို့ အလွယ်ပြောနိုင်တယ်။ ခေတ်အဆက်ဆက် ကျမ်းအစဉ်နဲ့ သမားစဉ်အဆက်ဆက် လက်ဆင့်ကမ်းပေါက်ဖွားခဲ့တဲ့ဂီတ။ ပဒေသရာဇ်ခေတ်ကတည်းက တည်ရှိမှတ်တမ်းတင်ခဲ့ကြလို့ ရွှေနန်းထွက်မဟာဂီတလို့လည်း တော်ဝင်အသုံးနဲ့သုံးနှုန်းကြပါတယ်။ ဒါပေမဲ့အခုတင်ဆက်မယ့် ပေါ့ဒ်ကတ်စ်တွေထဲမှာ ကမ္ဘာကနေ မြန်မာကို ကူးလူးလာတဲ့ နိုင်ငံတကာဂီတ အမျိုးအစားတွေနဲ့ ကိုင်းခွဲတွေအကြောင်းကို စာရေးသူဖြတ်သန်းခဲ့တဲ့ ခေတ်အပေါ်မူတည်ပြီး ခံစားသုတေသနပြုထားမှာ ဖြစ်ပါတယ်။ အနောက်တိုင်းမှာ ပေါ်ပြူလာမြူးဇစ်လို့‌ခေါ်ကြတဲ့ ဂျက်ဇ်၊ ဘလူးစ်၊ ရော့ခ်အဲန်ရိုး၊ ရော့ခ်၊ ဟဲဗီးမက်တဲလ် အစရှိတဲ့ဂီတအမျိုးအစားတွေဟာ အခုလက်ရှိ ၂၁ ရာစုထဲမှာဆိုရင် ဂန္ထဝင်ဂီတစာရင်းဝင်နေပါပြီ။ ၂၀ ရာစုအလယ်နဲ့ နှောင်းပိုင်းဂီတရေစီးကြောင်းဟာ အရင်လို နှစ်ရာထောင်ချီရှိတဲ့ သမိုင်းတန်ဖိုးတွေ၊ ဂီတဆင့်ကဲဖြစ်စဉ်တွေရှိမှ ဂန္ထဝင်မဟာဂီတဖြစ်လာသလိုမျိုး မဟုတ်တော့ပါဘူး။ ခေတ်ကာလတိုတိုထဲမှာပဲ နည်းပညာတိုးတက်မှု၊ တူရိယာပစ္စည်းတီထွင်မှု‌၊ ယဉ်ကျေးမှုအရွေ့အပြောင်း၊ ခံစားရှုမြင်ဖန်တီးမှုတွေ ရှိလာခဲ့တာပါ။ အဲ့ဒီအနုပညာသမားနဲ့ ဖန်တီးသူတွေဟာ ဘဝတိုတို၊ အချိန်တိုတိုတွင်းမှာပဲ ဂီတအနုပညာကို အကြမ်းဆုံး၊ အကောင်းဆုံး ဂန္ထဝင်မြောက်၊ ဒဏ္ဍာရီမြောက် ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဂီတတွေကို ပညာရပ်သရုပ်ခွဲသူတွေက ကွန်တမ်ပိုရာရီကလပ်စစ်၊ နီယိုကလပ်စစ် စသဖြင့် သမုတ်ကြပါတယ်။ ၁၉၈၀ ကာလများမှာမွေးဖွားခဲ့တဲ့ စာရေးသူရဲ့ သူ့ခေတ်ကသီချင်းတွေသာမက သူလက်လှမ်းမီတဲ့ သူ့ရှေ့က ဂီတအမျိုးအစားတချို့ကနေ သူ့ခေတ်မှာ ခေတ်စားလာတဲ့ဂီတတွေထိ ဆင်းသက်ပေါက်ဖွား လာပုံတွေကို အခုအစီစဉ်မှာ ဆက်စပ်ထားပါတယ်။ အဲ့ဒီဂီတတွေဟာ အခုခေတ်မျိုးဆက်တွေအထိ လွှမ်းမိုးမှုရှိနေတာကြောင့် ဂီတချစ်သူမျိုးဆက်အသီးသီးကို ဂုဏ်ပြုသောအားဖြင့် ပြီးတော့ ရှေးခေတ်က ရွှေနန်းထွက်မဟာဂီတသီချင်းကြီးတွေလို တန်ဖိုးထားသောအားဖြင့် “ငါတို့ခေတ်ရဲ့ မဟာဂီတ” လို့ ခေါင်းစဉ် တပ်ထားတာဖြစ်ပါတယ်။ နိုင်ငံတကာက သီချင်းပေါင်းစုံ၊ ဂီတအမျိုးအစားပေါင်းစုံနဲ့ မြန်မာပြည်ရဲ့ နှောင်းခေတ်ဂီတရေစီးကြောင်းကို ကဗျာဆရာ၊ စာရေးဆရာ မောင်ယုပိုင်က ခံစားသုတေသနပြု ဇာတ်ညွှန်းရေးဖွဲ့ပါတယ်။ ဒါတွေကို လက်ဆင့်ကမ်းခံစားရင်ခုန်ပြောပြမယ့်သူက ဂီတသမား၊ အဆိုတော်၊ သီချင်းရေးဆရာ ဝီရမိုးနေဖြစ်ပါတယ်။ ဒီနေရာမှာ ရှင်းလင်းချင်တာက တချို့သော ဂီတသမားများ၊ အနုပညာသမားများဟာ ၎င်းတို့ဖြတ်သန်းခဲ့တဲ့ ဂီတသမိုင်းရှိသော်ငြား ခုခေတ်ကာလအရ ဝိဝါဒမကွဲခြင်း၊ လူ့အဖွဲ့အစည်းထဲက ပေါ်ပေါက်ခဲ့တဲ့ဂီတတွေရဲ့ အနှစ်သာရကိုမှမထောက် ပြည်သူကိုစော်ကားခြင်းအပါအဝင် ပြည်သူကိုမျက်နှာမမူဘဲ အကျိုးစီးပွားနဲ့ ကျော်ကြားမှုလောက်ကိုသာ ရှေ့တန်းတင်ကြတဲ့အတွက် သူတို့နာမည်တွေ၊ ရုပ်ပုံတွေ၊ သီချင်းတွေကို ချန်လှပ်ထားခဲ့ပါတယ်။ ဒါပေမဲ့ BPN အနေနဲ့ သမိုင်းကို အဂတိကင်းကင်းချဉ်းကပ်လိုတဲ့အတွက် သူတို့သီဆိုခဲ့တဲ့ သီချင်းခွေနာမည်နဲ့ သီချင်းနာမည်တွေကိုတော့ အစီစဉ်တွင်း ထည့်သွင်းဖော်ပြသွားမှာ ဖြစ်ပါတယ်။ ပေါ့ဒ်ကတ်စ်ထဲမှာပါတဲ့ ဖော်ပြတဲ့ ပြည်တွင်းဖြစ် နိုင်ငံခြားမိတ္တူ သီချင်းတွေကိုလည်း မူလဖန်တီးသူတွေနဲ့ ဆင့်ပွားဖန်တီးသူတွေရဲ့ ဂီတပညာကို လေးစားစွာဖြင့်ဖော်ပြပါတယ်။ ဂီတချစ်သူများအားလုံး ကလိယုဂ်ခေတ်ဆိုးထဲ အာလျပြေရာပြေကြောင်းနဲ့ သုတရသပွားများနိုင်ကြစေကြောင်း စေတနာအရင်းခံပြီး BPN က ပူးပေါင်းစီစဉ်တင်ဆက်လိုက်ရပါတယ်။Chapters:(00:00) Introduction(01:45) ပြည်တွင်းဖြစ် ရော့ခ်(07:45) Speed Metal ကို မမီနိုင်သေးတဲ့ ၉၀ခုနှစ်နှောင်းပိုင်းများBurma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

၁၉၈၀ ကာလများမှာမွေးဖွားခဲ့တဲ့ စာရေးသူရဲ သူ့ခေတ်က သီချင်းတွေသာမက သူလက်လှမ်းမီတဲ့ သူ့ရှေ့က ဂီတအမျိုးအစားတချို့ကနေ သူ့ခေတ်မှာ ခေတ်စားလာတဲ့ဂီတတွေထိ ဆင်းသက်ပေါက်ဖွား လာပုံတွေကို အခုအစီစဉ်မှာ ဆက်စပ်ထားပါတယ်။ အဲ့ဒီဂီတတွေဟာ အခုခေတ်မျိုးဆက်တွေအထိ လွှမ်းမိုးမှုရှိနေတာကြောင့် ဂီတချစ်သူမျိုးဆက်အသီးသီးကို ဂုဏ်ပြုသောအားဖြင့် ပြီးတော့ ရှေးခေတ်က ရွှေနန်းထွက်မဟာဂီတသီချင်းကြီးတွေလို တန်ဖိုးထားသောအားဖြင့် “ငါတို့ခေတ်ရဲ့ မဟာဂီတ” လို့ ခေါင်းစဉ် တပ်ထားတာဖြစ်ပါတယ်။

HOSTED BY

Burma Podcast Network

CATEGORIES

URL copied to clipboard!