PODCAST · comedy
Around The World by Phokout
by Aye Say Original
"Join us as we journey 'Around the World' through the lives of fascinating individuals from all walks of life. From close friends to influencers, and everyone in between, our podcast explores the diverse experiences and stories that shape who we are. Each episode is a unique exploration of the human experience, offering insights, laughter, and inspiration."
-
12
Ep 011: Around The World with Bo Bo Kyaw & Htet Htet (Founders of Zuu & Hein)
အခုတပတ် Around the World Podcast မှာ ပါ၀င်အားဖြည့်တဲ့သူကတော့ ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်း ဘိုဘိုကျော် နဲ့ သူ့ရဲ့ ဇနီး ညီမလေး ထက်ထက်ထူး ပဲဖြစ်ပါတယ်။သူတို့က Japan မှာ Language School တက် အလုပ်လုပ်ရင်း အခုဆို Japan မှာ ကိုယ်ပိုင် Z&H Trading Company Limited တည်ထောင်ပြီး Travels & Tours လုပ်ငန်း Restaurant လုပ်ငန်းများ အပြင် Japan ပြည်ရဲ့ လုပ်သားလိုအပ်ချက်များကိုပါ ဖြည့်တင်းပေးနိုင်ရန် မှန်မှန်ကန်ကန် တရား၀င် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ဘိုဘိုနဲ့ကျွန်တော်က လည်း မူလတန်းကနေ ၁၀ တန်းအောင်သည်အထိ ကျောင်းမှာ တူတူကြီးပြင်းခဲ့တော့ ပြောစရာတွေ များစွာရှိတဲ့ကြားကမှ သူတို့ မိသားစု အခု အခြေချနေထိုင်နေတဲ့ Japan နိုင်ငံက အကြောင်းလေးတွေ ပြောဖြစ်ပါတယ်။အားလုံးလည်း သိထားသလို ကျွန်တော်တို့ မြန်မာတွေအတွက် ဟိုးတုန်းက Japan ပြည်သွားခွင့်ရဖို့ဆိုတာ ထီပေါက်သလိုပဲ တော်တော် ဆုတောင်းအားထုတ်ရတဲ့ ကိစ္စပါ။အခုခေတ်မှ တဖန် ပြန်လည်လာတာကတော့ လူငယ်လူရွယ် သက်လတ်သက်ကြီးတွေပါမကျန် ပြည်ပနိုင်ငံတွေကို ပြန်လည် မျက်စပစ် ခြေလှမ်းလှမ်းနေကြတော့ ဘိုဘို + ထက်ထက်ဆီက ကျွန်တော်နဲ့အတူ နားဆင်သူတို့လည်း သိချင်လောက်မယ့် အရာလေးတွေ မေးမြန်း တင်ဆက်ဖြစ်ပါတယ်။အားပေးနားဆင်ကြည့်ပါဦးခင်ဗျာ။(Around The World Podcast ကို Aye Say Studio မှဖန်တီးတင်ဆက်ပါတယ်)။#myanmar #podcast #japanlife #japan #travelling #restaurant #experience #phokout#ayesayoriginal #aroundtheworld #ဂျပန်#ပြည်ပလူနေမှုဘဝ#ပြည်ပထွက်ခွါ#ခရီးသွားလုပ်ငန်းများ#စားသောက်ဆိုင်လုပ်ငန်း#ပြည်ပရောက်မြန်မာများ#ဗဟုသုတ#အတွေ့အကြုံ
-
11
Ep 010: Around The World with Khin Nyein Chan Zaw
ဒီတစ်ပတ် Around the World Podcast မှာ ကျွန်တော်ဖိတ်ခေါ်ထားတဲ့ ဧည့်သည်ကတော့ လက်ရှိ ထိုင်းနိုင်ငံရဲ့ Asian Institute of Technology (AIT) မှာ Food Innonation, Nutrition and Health (FINH) program မှာ Master တန်းတက်ရောက်နေတဲ့ ညီမ Khin Nyein Chan Zaw ပဲဖြစ်ပါတယ်။ကျွန်တော် ဖိုးကောက်၊ Co-host Mg Thar Nge ကညီမ Khin Nyein Chan Zaw နဲ့ အတူ ဒီနေ့ခေတ်မှာ လူတိုင်းအတွက်အရေးကြီးဆုံး ကျန်းမာရေးနဲ့ပတ်သတ်တဲ့ဗဟုသုတတွေ၊ အိမ်ရှင်မတွေအတွက် မသိမဖြစ်အကြောင်းအရာတွေနဲ့ လူတိုင်းလက်လှမ်းမီနိုင်တဲ့ အခြေခံကျန်းမာရေး အသိပညာတွေကို သင်ယူလေ့လာခဲ့ မှတ်သားခဲ့ရတဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကနေတဆင့် နားဆင်သူများအတွက် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ ကျန်းမာရေးအတွက် ပြောင်းလဲရမယ့် ခေါက်ရိုးကျိုးနေတဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ပတ်သတ်ပြီး ပြောပြပေးထားတဲ့ Highlight လေးကို အရင်ဆုံး တင်ဆက်ပေးလိုက်ပါတယ်။ကြည့်ရှုနားဆင် အားပေးကြပါဦးခင်ဗျာ။(Around The World Podcast ကို Aye Say Studio မှဖန်တီးတင်ဆက်ပါတယ်)။#myanmar #podcast #healthylifestyle #healthyfood #thailand #foodinnovation #nutrition #program#phokout#ayesayoriginal #aroundtheworld #မိသားစု#ကျန်းမာရေး #ပညာပေး #နေထိုင်စားသောက်မှုပုံစံ #ကိုယ်လက်လှုပ်ရှားမှု#ထိုင်းနိုင်ငံ #ဗဟုသုတ#အစားအသောက်
-
10
Ep 009: Around The World with Ko Wunna Kyaw
ဒီနေ့မှာ Aye Say Studio ကနေ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ဦးကတော့ ကျွန်တော်နဲ့ စင်္ကာပူမှာကတည်းက ရင်းနှီးခဲ့ပြီး သီချင်းဆိုဝါသနာလည်းတူသလို Media လုပ်ငန်းလုပ်တာခြင်းလဲတူတဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ Ko Wunna Kyaw ကို ဘန်ကောက်မှ ခေတ္တပြန်လာတဲ့အချိန်လေးမှာ တွေ့ဆုံစကားပြောဖြစ်ခဲ့ကြပါတယ်။Ko Wunna Kyaw ဟာ လက်ရှိမှာ သူ့ရဲ့ Passionate ဖြစ်တဲ့ Digital Media ပေါ်မှာ ရပ်တည်ပြီး Creative Commercial အလုပ်များကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ဒီအလုပ်ကို မရွေးချယ်ခင်က ရေကြောင်းသိပ္ပံမှာတက်ခဲ့ပြီး ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှာ ၄နှစ်ခွဲခန့် ကြာအောင် လုပ်ခဲ့ပါတယ်။ အလုပ်သင်အရာရှိအနေနဲ့ သင်္ဘော (၆၀) ကျော်မှာတာဝန်ထမ်းဆောင်ခဲ့ပြီး ဌာနဆိုင်ရာ ရာထူးအနေနဲ့ တတိယတန်းရေယာဉ်အုပ် အထိဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် သူ့ရဲ့ Passion ဖြစ်တဲ့ အနုပညာနဲ့ဆက်စပ်တဲ့အလုပ်တွေကို လုပ်ကိုင်နိုင်ဖို့ ဆုံးဖြတ်ချက်ခိုင်မာစွာချပြီး အလုပ်ထွက်ခဲ့ပါတယ်။Passion က ဘယ်လိုစတင်ဖြစ်ပေါ်လာခဲ့တာလဲ?Passion နဲ့ထပ်တူကျတဲ့အလုပ်ကို ဘယ်လိုရွေးချယ်ခဲ့လဲ?စသဖြင့် အကြောင်းအရာတွေကို ဒီ Podcast လေးထဲမှာ ပြောပြခဲ့ပါတယ်။နားဆင်ခံစားပေးကြပါဦးခင်ဗျာ။(Around The World Podcast ကို Aye Say Studio မှဖန်တီးတင်ဆက်ပါတယ်)#myanmar #podcast #parenting #children #thailand #passion #tourism #abroad #phokout#ayesayoriginal #aroundtheworld#မိသားစု #ကလေး #ပညာရေး #ဘန်ကောက် #ပြည်ပ #thailand #ခရီးသွား #ဗဟုသုတ#အလုပ်အကိုင်#ရည်မှန်းချက်#အောင်မြင်မှု
-
9
Ep 008: Around The World with Koe Koe
မရည်မှန်းထားဘဲ ကနေဒါနိုင်ငံကို မိသားစုလိုက်ပြောင်းရွှေနေထိုင်ဖြစ်ခဲ့တဲ့ ကျွန်တော်နဲ့ ခင်မင်ရင်းနှီးတဲ့ ညီလေး Koe Koe နဲ့ Online မှ တဆင့် တွေ့ဆုံစကားပြောဖြစ်ခဲ့ကြပါတယ်။ကနေဒါကို ဘယ်လိုအခြေအနေကြောင့် မိသားစုလိုက်ပြောင်းရွှေ့နေထိုင်ဖို့ စဉ်းစားခဲ့တာလဲ။အသိမိတ်ဆွေမရှိ ဆွေမျိုးလဲမရှိတဲ့ ရာသီဥတုအေးခဲလှတဲ့ ကနေဒါနိုင်ငံမှာ ဘယ်လိုအခက်အခဲတွေရှိနေမလဲ။အလုပ်အကိုင်အခြေအနေတွေနဲ့ အခုလက်ရှိဘယ်လိုနေထိုင်နေလဲဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ပြည်ပမှာ သွားရောက်အလုပ်လုပ်ချင်သူတွေရော၊ အခြေချနေထိုင်ဖို့ စဉ်းစားမိတဲ့သူတွေအတွက် ကျွန်တော်တို့ရဲ့ စကားဝိုင်းမှတဆင့် ဗဟုသုတဖြစ်စေ၊ စိတ်ခွန်အားတစ်ခုဖြစ်စေ ရရှိခဲ့မယ်ဆိုရင် ကျေနပ်လှပါပြီ။ကဲ နားဆင်အားပေးကြပါဦးခင်ဗျာ။(Around The World Podcast ကို Aye Say Studio မှဖန်တီးတင်ဆက်ပါတယ်)Music by Oleksii Holubiev #myanmar #podcast #interview #career #lifeexperience #Canada #abroad#phokout#ayesayoriginal #aroundtheworld#နိုင်ငံခြား#ကနေဒါ#ပညာတော်သင်#ပြည်ပ#ဗဟုသုတ#အလုပ်အကိုင်#ပညာရေး #အမှတ်တရ#မိသားစု#ရည်မှန်းချက်#အောင်မြင်မှု
-
8
Ep 007: Around The World with Aung Kyaw Win & Sai Zom Pha
အားလုံးစောင့်မျှော်နေကြတဲ့ Motourlogue ရဲ့ Founder နှစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်၀င်း ခေါ် Ozz နဲ့ ကိုစိုင်းဇွမ်ဖ တို့ရဲ့ မြန်မာနိုင်ငံမှ UK အထိ မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာလှည့်စွန့်စားခရီးသွားခဲ့တဲ့အကြောင်း Podcast အစအဆုံးကို အားပါးတရ နားဆင်အားပေးနိုင်ပါပြီခင်ဗျာ။Biker ချစ်သူတွေကြားမှာ ရေပန်းစားတဲ့ ဘဲကြီးနှစ်ယောက်ရဲ့ သွားခဲ့တဲ့ခရီးစဉ်တစ်လျှောက် တစ်နိုင်ငံပြီး တစ်နိုင်ငံကျော်ဖြတ်ခဲ့ကြတဲ့ အတွေ့အကြုံတွေနဲ့အတူ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကို ဒီ Podcast ထဲမှာ မျှဝေပြောကြားခဲ့ပါတယ်။လိုရာပန်းတိုင်ရောက်တဲ့အထိ သူတို့နှစ်ဦးရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်၊ မလျော့သောဇွဲ့လုံလတွေနဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့လမ်းတစ်လျှောက် များစွာသောအတွေ့အကြုံတွေကို ကျွန်တော်ဖိုးကောက်နဲ့အတူ လိုက်ပါခံစားနားဆင်ပေးကြပါဦးခင်ဗျာ။(Around The World Podcast ကို Aye Say Studio မှဖန်တီးတင်ဆက်ပါတယ်)
-
7
Ep 006: Around The World with Waso
ကျွန်တော်တို့ နိုင်ငံရပ်ခြားမှာ ဖြတ်သန်းခဲ့တဲ့ ငယ်ရွယ်နုပျိုစဉ်ကာလ ကျောင်းသားဘဝမှာ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှု၊ စိတ်ခံစားချက်တွေဟာ ဘဝတစ်လျှောက် မမေ့နိုင်တဲ့အမှတ်တရတွေအဖြစ်ကျန်ရစ်ခဲ့ပါတယ်။တပါးတူအလုပ်တွေ လုပ်ရင်း Quality Engineering ဘာသာရပ်ကို သင်ယူခဲ့ရသူပီပီ တဆင့်ဆင့် အလုပ်ကနေ လှမ်းတက်လာပြီး အမေရီးကား က ကမ္ဘာကျော် Apple Company အထိ ခရီးဆန့်အလုပ်တွဲလုပ်ပေးခဲ့ရပုံတွေကိုလည်း ၀မ်းမြောက်စွာကြားသိခဲ့မှတ်သားမိခဲ့ရပါတယ်။အခုလက်ရှိကာလမှာလည်း ဝါသနာပါတဲ့အလုပ်တွေကို ဖေါက်ထွက်လုပ်ကိုင်နိုင်ဖို့ ၀န်နဲ့အားမမျှတာတွေ၊ တစ်ယောက်နဲ့တစ်ယောက်ဘ၀မှာ ပေးထားချက်တွေ မတူညီတာတွေရှိသော်ငြားလည်း ကိုယ်တစ်ကယ်ချစ်မြတ်နိုးတဲ့ အလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း ရရှိခဲ့တဲ့ ဘဝအတွေ့အကြုံတွေ၊ အခက်အခဲတွေ အကြောင်း မဝါဆိုနဲ့ ဒီ Podcast ထဲမှာ ဆက်ပြောပြခဲ့ပါတယ်။ကြည့်ရှုနားဆင်ခံစားပေးကြပါဦးဗျာ။(Around The World Podcast ကို Aye Say Studio မှဖန်တီးတင်ဆက်ပါတယ်)
-
6
Ep 005: Around The World with Wynn Le Phyu
ဒီနေ့မှာ ကျွန်တော့် သူငယ်ချင်းညီမလေးလဲဖြစ် ကျွန်တော်တို့နဲ့လဲ ခင်မင်ရင်းနှီးစွာနေလာခဲ့ကြတဲ့ ညီမလေး ဝင်းလဲ့ဖြူနဲ့ Singapore မှာ အိမ်စုငှားနေပြီး၊ ကျောင်းတက်၊ အလုပ်လုပ် ခဲ့တဲ့ အကြောင်းတွေနဲ့ အခုလက်ရှိ ဘာတွေ ဆက်လုပ်နေဖြစ်သလဲဆိုတာတွေ ပြောဖြစ်ခဲ့ကြပါတယ်။ကျွန်တော်တို့တွေ စင်္ကာပူမှာပညာသင်ရင်း အစားအသောက်အတွက် ကိုယ်တိုင်ချက်ပြုတ်စားခဲ့ရတဲ့အချိန်တွေမှာ ကြုံတွေ့ခဲ့တဲ့ အလွဲအချော်လေးတွေအကြောင်းနဲ့ မြန်မာပြည်နဲ့ကွာခြားတဲ့ စင်္ကာပူရဲ့ပညာရေးစနစ်အောက်မှာ ကြိုးစားပြီး သင်ကြားဖြစ်ခဲ့ပုံတွေကို ပြန်ပြောင်းအောက်မေ့ရင်း စကားစမြည်ပြောဖြစ်ခဲ့ကြပါတယ်။ကြည့်ရှုနားဆင် အားပေးကြပါဦးခင်ဗျာ။ (Around The World Podcast ကို Aye Say Studio မှဖန်တီးတင်ဆက်ပါတယ်)#myanmar #podcast #interview #career #lifeexperience #entrepreneur #repatriation #singapore #polytechnic #ayesayoriginal #careerinsingapore#aroundtheworld#စလုံး #အလုပ်#ပညာ #စင်္ကာပူ
-
5
Ep 004: Around The World with Pyae Phyo (Part 02)
ပြီးခဲ့တဲ့အပတ်က ညီလေး ပြည့်ဖြိုး Pyae Phyo aka Pete နဲ့ပြောဖြစ်ခဲ့တာကလည်း Around the World Podcast ရဲ့ ေ၀မျှချင်တဲ့ ရည်ရွယ်ချက်ထဲက တစ်ခု ဖြစ်တဲ့ နိုင်ငံရပ်ခြားမှာ ပညာသင်၊ အလုပ် လုပ်ပြီး နောက် မိခင်နိုင်ငံကိုပြန်လာပြီး အချေချနေထိုင်နိုင်အောင် ကြိုးစားကြံဆောင်သူတွေရဲ့ စစ်မှန်တဲ့ အကြောင်းများလဲ ပါ၀င်ပါတယ်။အခု Podcast လေးမှာ Pyae Phyo ရဲ့ Singapore က အလုပ် အတွေ့အကြုံတွေ ရရှိလာပြီးနောက် ကိုယ့်ရဲ့ မိတ်ဆွေ အပေါင်းအသင်းများနဲ့ Community တွေမှာ နေထိုင်ပြီး ရှင်သန်လုပ်ကိုင်ရတာကို နှစ်သက်တဲ့ သူတစ်ယောက် အနေနဲ့ Singapore မှာ ပုံမှန် အလုပ်တွေ နဲ့ အဆင်ပြေနေသော်လည်း ဘ၀မှာ တစ်ခုခု လိုအပ်နေသလို ခံစားလာရပြီး ကိုယ့်ချစ်တဲ့ မွေးရပ်မြေကိုပြန်လာပြီး၊ Entrepreneur အဖြစ် စတင်ရပ်တည်လည်ပတ်ခဲ့ရပုံတွေကို ပြောဖြစ်ခဲ့ကြပါတယ်။လက်ရှိ ကာလ (၂၀၂၄ ခုနှစ်) အနေအထားအရ နားဆင်ရသူတွေ အတွက် သိမှတ်စရာ တစ်ခုခု ကျန်ခဲ့မယ်ဆိုရင်ပဲ ကျနော်တို့ တစ်ဖွဲ့လုံးက ကျေနပ်လှပါပြီ။နားဆင်အားပေးကြပါဦးစို့။
-
4
Ep 003: Around The World with Pyae Phyo (Part 01)
Around the World Podcast Series မှ ကြိုဆိုပါတယ်ခင်ဗျာ။ အခုတပတ် ဖိတ်ခေါ် ပြီး ရှေးဖြစ်နောက်ကြောင်းတွေ ပြောဖြစ်တဲ့သူတော့ ညီလေး (ပြည့်ဖြိုး) Pyae Phyo aka Pete ပါ။Pyae Phyo နဲ့ ကျနော် ဆုံဖြစ် ပုံလည်း နားဆင်သူ ပရိတ်သတ် အချို့ ကြားဖူးလောက်တဲ့ TP Myanmar Thingyan မှာ ပြဇာတ်တူတူ ကရင်း ဆုံဖြစ်ခဲ့တာပါ။ တစ်ခါဆုံဖူးပြီးကတည်းက လူရင်း တစ်ယောက်လို ခံစားရတဲ့ ညီငယ်လေးတစ်ယောက်ပါ။အခု Podcast လေးမှာ Pyae Phyo ရဲ့ ကျောင်းနေဘ၀က ပညာဘာသာရပ်တွေကို ကြိုးစားသင်ယူဖြတ်သန်းပြီး၊ Singapore မှာ အသက်မွေး၀မ်းကြောင်း ပညာရပ်အား ဆက်လက်သင်ကြားခဲ့ပုံ၊ စာသင်ရင်း အချိန်ပိုင်း အလုပ်လုပ်၊ လူငယ်သဘာ၀ ဖြတ်သန်းမှုများ နှင့် အလုပ်ခွင် အတွေ့အကြုံများ အကြောင်းပြောရင်း ရန်ကုန် အပြီးပြန်လာဖြစ်ခဲ့ကြပုံတွေ နဲ့ ယခု အပိုင်းလေးအား အဆုံးသတ် ပြောဖြစ်ခဲ့ကြပါတယ်။၂၀၂၄ ခုနှစ်ကာလ အနေအထားအရ နားဆင်ရသူတွေ အတွက် သိမှတ်စရာ တစ်ခုခု ကျန်ခဲ့မယ်ဆိုရင်ပဲ ကျွန်တော်တို့ တစ်ဖွဲ့လုံးက ကျေနပ်လှပါပြီ။နားဆင်အားပေးကြပါဦးစို့။
-
3
Ep 002: Around The World with Sai Zom Pha
Around The World Podcast Series ခရီးစဉ်မှ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ် Podcast မှာ ဖိတ်ကြားထားပြီး စကားပြောဖြစ်သူကတော့ ဆိုင်ကယ်တွေနဲ့ သဘာ၀တရားကိုချစ်မြတ်နိုးသူ သူငယ်ချင်း ကိုစိုင်း(စိုင်းဇွန်ဖ) ပဲဖြစ်ပါတယ်။ သူနဲ့အတူတူ ကျွန်တော်တို့ ဖြတ်သန်းဖူးခဲ့တဲ့ ၁၀ တန်းကျောင်းသား ကာလတွေနဲ့ ၂၀၀၀ ခုနှစ်လောက်က နိုင်ငံခြားကိုထွက်ပြီး ပညာသင်ကြားရင်း ဘ၀အခွင့်အလမ်းသစ်တွေ ရှာဖွေခဲ့ကြပုံတွေ၊ အလုပ်အကိုင်တွေနဲ့ ရင်းနှီးပေးဆပ်ကာ ဘ၀အတွက်တစ်ဆင့်ခြင်း တက်လှမ်းခဲ့ရပုံတွေကို ပြန်ပြောဖြစ်ခဲ့ကြပါတယ်။များစွာသော အကြောင်းအရာတွေထဲက ကောက်နုတ် တင်ပြလိုတာကတော့ ဘယ်အရာမှ လွယ်လွယ်မရဘူးဆိုပေမယ့်လည်း ကြိုးစားရင် တက္ကသိုလ်ပညာရေးကိုတောင် အခမဲ့တက်ရောက်ခွင့်ရခဲ့တယ်ဆိုတာပါပဲ။အားလုံခြုံငုံမိသွားအောင် Around The World Podcast #2 Full Spectrum Conversations with Ko Sai ကို ဆက်လက်နားဆင်ပေးသွားဦးခင်ဗျာ။
-
2
Ep 001: Around The World with Aung Kyaw Win
Around the World Podcast ရဲ့ ဦးဦးဖျားဖျား ဧည့်သည်ကတော့ တခြားလူ မဟုတ်ပါဘူး။ကလေးဘ၀ကတည်းက သိခဲ့ပြီး အတူတူ ကြီးပြင်းခဲ့တဲ့ ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်း အောင်ကျော်၀င်း ခေါ် Ozz ပဲဖြစ်ပါတယ်။ ပြီးတော့ Ozz ကလည်း တခြားလူ မဟုတ်ပါဘူး။ ဆိုင်ကယ်စီး ၀ါသနာပါပြီး ကမ္ဘာပတ်ပြီး ဆိုင်ကယ် စီးနေတဲ့သူပါ။အခု Podcast လေးမှာ ကျွန်တော်တို့ မျှဝေထားတာကတော့ အထက ပညာရေး ကျော်လွန်ပြီး ၂၀၀၀ ခုနှစ် ကာလ အနေအထားအရ နိုင်ငံခြားမှာ ပညာသင်သွားခွင့်ရရှိရေးအတွက် ကြိုးစားခဲ့ရပုံ၊ လူငယ်သဘာ၀ မိဘနဲ့ဝေးပြီး ပထမဆုံးအကြိမ် နေထိုင်ဖြတ်သန်းခဲ့ပုံ၊ Singapore က Temasek Poly ကျောင်းသားဘ၀၊ အလုပ်ခွင်၊ ထပ်ဆင့်ပညာရေး နဲ့ Entrepreneurship စတင်ဖြစ်ခဲ့ကြပုံတွေကို ပြန်ပြောဖြစ်ခဲ့ပါတယ်။အခုခေတ်ကာလမှာလည်း လူကြီးလူငယ် အရွယ်မရွေး တိုင်းတပါးသွားပြီး ဘ၀တည်ဆောက်နေကြတော့ ကျွန်တော်တို့လည်း ကိုယ့်အကြောင်းတွေ မိဘတွေရဲ့ ရင်းနှီးပေးဆပ်မှုနဲ့ အထမြောက်အောင် ရုန်းကန်ခဲ့ရပုံတွေကို ပြန်ပြောင်း သတိရစေပါတယ်။နားဆင်ကြည့်ပါဦးစို့။
-
1
Around The World 'Greeting From The Host"
Around the World ခရီးစဉ်လေးကနေ ကြိုဆိုပါတယ်။ဒီအစီအစဉ်မှာ ကျွန်တော့်ရဲ့ မိတ်ဆွေရင်းတွေရော ကမ္ဘာအနှံ၊ နေရာစုံ၊ ဘ၀စုံက ခပ်စိမ်းစိမ်းလူတွေနဲ့ပါ တရင်းတနှီး ဆွေးနွေးမယ့် ဘ၀ရသအကြောင်း အစုံစုံပါပဲ။ကျွန်တော်ကတော့ ဒီ Podcast ရဲ့ Host ဖိုးကောက် ဖြစ်ပါတယ်။Around the World ခရီးစဉ်လေးမှာ ကျွန်တော်နဲ့ အတူတူ လိုက်ပါခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
"Join us as we journey 'Around the World' through the lives of fascinating individuals from all walks of life. From close friends to influencers, and everyone in between, our podcast explores the diverse experiences and stories that shape who we are. Each episode is a unique exploration of the human experience, offering insights, laughter, and inspiration."
HOSTED BY
Aye Say Original
CATEGORIES
Loading similar podcasts...