PODCAST · news
DVB News
by Democratic Voice of Burma
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
-
1000
DVB Newsbreak ( မေလ ၁၃ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -စာသင်ကျောင်းနဲ့ ကလေးငယ်တွေကို စစ်တပ်က တိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက ပြောတဲ့သတင်း -ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တဲ့သတင်းနဲ့ တရားမဝင် နိုင်ငံခြားသားတွေကို ၃ လအတွင်း အပြတ်နှိမ်နှင်းဖို့ ထိုင်းရဲချုပ် ညွှန်ကြားလိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ
-
999
DVB Newsbreak ( မေလ ၁၂ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -တရားဝင်မှုရဖို့ ကြိုးပမ်းနေတဲ့ စစ်အာဏာရှင်ကို အသိအမှတ်မဖို့ NUG က အာဆီယံကို တောင်းဆိုလိုက်တဲ့သတင်း -မြန်မာနိုင်ငံမှာ ဘက်ပေါင်းစုံအကျပ်အတည်းဆိုက်နေတယ်လို့ ကာဒီနယ် ချားလ်စ်မောင်ဘိုက မိန့်ကြားလိုက်တဲ့သတင်း -ရေးမြို့မှာ ခလရ ၁၀၆ ဒုတပ်ရင်းမှူး ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
998
DVB Newsbreak ( မေလ ၁၁ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -ခွဲခြားဆက်ဆံခံနေရတယ်ဆိုပြီး စစ်အာဏာရှင်က အာဆီယံနိုင်ငံတချို့ကို ဝေဖန်လိုက်တဲ့သတင်း -ကရင်နီတိုင်းရင်းသား ခေါင်းဆောင်တယောက်ဖြစ်တဲ့ ခူးရီမာန်ထူး ကွယ်လွန်သွားတဲ့သတင်းနဲ့ -ရနောင်းမှာ မြန်မာတယောက် ပိုင်ဆိုင်တဲ့ ဘတ်သန်း ၅၀ ကျော်တန်ဖိုးရှိ လျှပ်စစ်ပစ္စည်းမျိုးစုံ သိမ်းဆည်းခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
997
DVB Newsbreak ( မေလ ၈ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ မေလ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -ဒေါ်အောင်ဆန်းစုကြည်ကို မိသားစု၊ ရှေ့နေ၊ အထူးသံတမန်တွေနဲ့ တွေ့ခွင့်ပြုဖို့ နော်ဝေ နဲ့ ဆွစ်ဇာလန်က တောင်းဆိုလိုက်တဲ့သတင်း -အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်အာဏာရှင်တက်ခွင့်မရတဲ့သတင်းနဲ့ -မိုးကုတ်ရတနာမြေကနေ ပတ္တမြားကြီး ၁ လုံး ရှာဖွေတွေ့ရှိတဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
996
DVB Newsbreak ( မေ ၇ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း )
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ မေလ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -ဖိလစ်ပိုင်မှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်အာဏာရှင် တက်ခွင့်မရတဲ့ သတင်း -၄ လကျော်အတွင်း စစ်တပ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၇၄ ယောက် သေဆုံးခဲ့ရတဲ့သတင်းနဲ့-လားရှိုးမှာ မိုးသည်းပြီး လေပြင်းတိုက်ခတ်သွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ ။
-
995
DVB Newsbreak ( မေ ၆ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ မေလ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ပြုပြီး ပြန်လွှတ်ပေးဖို့ ဩစတြေးလျနဲ့ ယူကေ က တောင်းဆိုလိုက်တဲ့သတင်း -လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်နေသရွေ့တော့ နိုင်ငံရေးဆွေးနွေးဖို့ ခက်ခဲလိမ့်မယ်လို့ (AA) စစ်ဦးစီးချုပ်က ပြောလိုက်တဲ့သတင်းနဲ့ -Miss Grand Myanmar ပြိုင်ပွဲစီစဥ်သူနဲ့ အလှမယ်အပါအဝင် ၄ ဦးကို အရေးယူလိုက်တဲ့သတင်း တွေနားဆင်ကြရမှာပါ
-
994
DVB Newsbreak ( မေ ၅ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ မေလ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -အပြီးသတ်အောင်ပွဲအထိ တိုက်ပွဲဝင်ရန် PDF တည်ထောင်ခြင်း ၅ နှစ်ပြည့်မှာ NUG ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းလိုက်တဲ့ သတင်း-မော်လူးမြို့ကို စစ်တပ်က ပြန်သိမ်းလိုက်တဲ့ သတင်းနဲ့ -အလည်ပြန်မဲ့လုပ်သားတွေရဲ့ ပြည်ပပြန်ထွက်ခွင့်ကို ပိုမိုတင်းကျပ်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
993
DVB Newsbreak ( မေလ ၄ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ မေလ ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ့်သတင်း မဟုတ်ဘူးလို့ ရှေ့နေအဖွဲ့က ငြင်းဆိုလိုက်တဲ့ သတင်း-စစ်အာဏာရှင်မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲတဲ့အမှု တီမောတရားရုံးကို တရားဝင် တင်သွင်းလိုက်တဲ့သတင်းနဲ့ -ဖားကန့်နဲ့ ကျောက်ကြီးမှာ စစ်တပ်က ပစ်ခတ်လို့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရသွားတဲ့သတင်း တွေနားဆင်ကြရမှာပါ
-
992
DVB Newsbreak ( မေ ၁ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ မေလ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ချုပ်နှောင်ထားလိုက်တဲ့ သတင်း -အခြေခံအလုပ်သမားအခွင့်အရေးတွေ ပြန်လည်ရရှိရေး ကမ္ဘာ့အလုပ်သမားနေ့မှာ တောင်းဆိုလိုက်တဲ့သတင်းနဲ့ -ပုဏ္ဏားကျွန်းမှာ လေပြင်းတိုက်ခတ်လို့ စစ်ရှောင်တဲ ၅၀၀ လောက် ပျက်စီးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
991
DVB Newsbreak (ဧပြီ ၂၉ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ ဧပြီ ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -စစ်အုပ်စုကို အသိအမှတ်မပြုဖို့ အရပ်ဘက်အဖွဲ့ ၂၀၀ ကျော်က အာဆီယံကို တောင်းဆိုလိုက်တဲ့ သတင်း-စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ သတင်းနဲ့ -ခွင့်ပြန်လုပ်သားတွေ သံရုံးထောက်ခံချက် မပါရင် ပြည်ပထွက်ခွင့်ပိတ်ပင်ခံရမဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
990
DVB Newsbreak (ဧပြီ ၂၇ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ ဧပြီ ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -နိုင်ငံတကာစင်မြင့်မှာ မြန်မာစစ်အာဏာရှင်ဘက်ကနေ ရပ်တည်ပေးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တဲ့ သတင်း -စာရေးဆရာကြီး တင်ညွန့် အပါအဝင် ၃ ဦးကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်လိုက်တဲ့ သတင်းနဲ့ -မြန်မာပြည်ဒေသအနှံ့ လေပြင်းတိုက်ခတ်ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
989
DVB Newsbreak (ဧပြီ ၂၄ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ ဧပြီ ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -နိုင်ငံတဝန်း မြို့နယ်ပေါင်း ၆၀ ကို အရေးပေါ်အခြေအနေ၊ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ သတင်း -ကရင်ပြည်နယ်ရှိ 'ထိုက်ချန်း' ငွေလိမ်ဂိုဏ်း သတင်းပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ပေးမယ်လို့ အမေရိကန်က ဆုငွေထုတ်လိုက်တဲ့ သတင်းနဲ့-ပြည်တွင်း သတင်းအေဂျင်စီ ၃ ခုကို စစ်အာဏာရှင်က ပိတ်သိမ်းလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
988
DVB Newsbreak (ဧပြီ ၂၃ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ ဧပြီ ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -ကနေဒါနိုင်ငံက သမ္မတဦးဝင်းမြင့် ပြန်လွတ်မြောက်လာတာကို ကြိုဆိုလိုက်ပြီး ဒေါ် ဆောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တဲ့ သတင်း -ထိုင်း-မြန်မာနယ်စပ် တိုက်ပွဲတွေ အရှိန်လျှော့ချဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်တဲ့ သတင်းနဲ့ -ကရင်နီ ဒုက္ခသည်စခန်း မီးလောင်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
987
DVB Newsbreak (ဧပြီ ၂၂ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ ဧပြီ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံရသူအားလုံးကို ပြန်လွှတ်ပေးဖို့ ကမ္ဘာ့နိုင်ငံတွေက ထပ်မံတောင်းဆိုလိုက်တဲ့ သတင်း -စစ်အာဏာရှင်က ကာလုံအစည်းအဝေးကျင်းပပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ EAO တွေကို ဖိတ်ခေါ်လိုက်တဲ့ သတင်းနဲ့ -တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာဖို့ရှိနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
986
DVB Newsbreak (ဧပြီ ၂၁ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ ဧပြီ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို စစ်အာဏာရှင်က ဖိတ်ခေါ်လိုက်တဲ့ သတင်း-ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေး Blue Shirt ကမ်ပိန်းတွေပြုလုပ်နေတဲ့ သတင်းနဲ့ -ဟုမ္မလင်းမှာ ဆီတင်သင်္ဘော ၂၀ ကျော်မီးလောင်ပြီး လူ ၂ ယောက် သေဆုံးသွားခဲ့တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
985
DVB Newsbreak (ဧပြီ ၂၀ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ ဧပြီ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို တင်းကျပ်စောင့်ကြည့်ပြီး NLD ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့် ခေါ်ယူစစ်ဆေးခံရတဲ့ သတင်း-သမ္မတဦးဝင်းမြင့် လွတ်မြောက်လာတဲ့အပေါ် ဖိလစ်ပိုင်က ကြိုဆိုလိုက်ပြီး အပြုသဘောဆောင် ခြေလှမ်းဖြစ်တယ်လို့ ပြောလိုက်တဲ့ သတင်း -ထိုင်းမှာ ဘက်တီးရီးယားပိုးကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့လို့ ရွှေ့ပြောင်းလုပ်သားတွေ သတိထားဖို့ လိုနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
984
DVB Newsbreak (ဧပြီ ၁၇ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ ဧပြီ ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -ပြည်သူရွေးကောက်ခံ သမ္မတကြီး ဦးဝင်းမြင့် တောင်ငူထောင်က ပြန်လွတ်မြောက်လာတဲ့ သတင်း-ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေးပြီး နေအိမ်အကျယ်ချုပ်ပြောင်းထားမယ်လို့ သတင်းထွက်ပေါ်နေတဲ့ သတင်းနဲ့ -တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်စွန့်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်အာဏာရှင်က တိုက်တွန်းလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
983
DVB Newsbreak (ဧပြီ ၁၆ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ ဧပြီ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -တော်လှန်ရေးအောင်မြင်ဖို့ ညီညွတ်ရေး အရေးကြီးတယ်လို့ NUG ၅ နှစ်ပြည့် ယာယီသမ္မတ ဒူဝါလရှီးလ က ပြောလိုက်တဲ့ သတင်း -အမေရိကန်လွှတ်တော်ရုံးမှာ မြန်မာ့အရေးဆွေးနွေးခဲ့တဲ့ သတင်းနဲ့ -ရိုဟင်ဂျာ ၂၅၀ လောက်ပါတဲ့ စက်လှေ ပင်လယ်ထဲနစ်မြုပ်သွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
982
DVB Newsbreak ( ဧပြီ ၁၅ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -နေပြည်တော်မှာ ဗဟိုမဏ္ဍပ်ကလွဲပြီး သင်္ကြန်ရေကစားသူ နည်းပါးနေတဲ့သတင်း-သင်္ကြန်တွင်းမှာ အရာတော်မြို့နယ်ကို စစ်တပ်က ဆက်တိုက်ဗုံးကြဲနေတဲ့သတင်းနဲ့ -စစ်အာဏာရှင် သမ္မတနှင့် အစိုးရအဖွဲ့သစ်ကို ကြိုဆိုကြောင်း TNLA သဝဏ်လွှာပို့လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
981
DVB Newsbreak ( ဧပြီ ၁၄ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်အာဏာရှင်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဖို့ အာဆီယံလွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်တဲ့သတင်း -ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ်ကျောက်တိုင် နယူးကာဆယ်မြို့မှာ စိုက်ထူလိုက်တဲ့ သတင်းနဲ့ -အပြာရောင်အင်္ကျီမဝတ်ကြဖို့ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ခြိမ်းခြောက်နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
980
DVB Newsbreak ( ဧပြီ ၁၃ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြန်မာနှစ်သစ်သင်္ကြန်အတွက် နိုင်ငံတကာက ဆုတောင်းပေးတဲ့သတင်း-မြန်မာနိုင်ငံ အကျပ်အတည်းတွေ အဆုံးသတ်ရေး ဆက်လက်ကူညီသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တဲ့သတင်းနဲ့ -စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
979
DVB Newsbreak ( ဧပြီ ၁၀ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်အာဏာရှင်သမ္မတ၊ ဒုသမ္မတနဲ့ ဝန်ကြီးတွေ လွှတ်တော်မှာ ကတိသစ္စာပြု ကျမ်းကျိန်ခဲ့ကြတဲ့ သတင်း-ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နိုင်ငံတော်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ အဖြစ်ခန့်အပ်လိုက်တဲ့ သတင်းနဲ့ -စစ်တွေ အကျဉ်းထောင်ဝင်းအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတဲ့သတင်းတွေ နားဆင်ကြရမှာပါ ။
-
978
DVB Newsbreak ( ဧပြီ ၉ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -နေပြည်တော်နဲ့ ရန်ကုန်မှာ လူငယ်ပညာသင်တန်းကျောင်းတွေ ဖွင့်မယ်လို့ ကာချုပ်သစ်က ပြောလိုက်တဲ့သတင်း -ရေဦးတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ခရိုင်ဒုရဲမှူး သေဆုံးသွားတဲ့သတင်းနဲ့ -‘ဝ’ တပ်ဖွဲ့ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာ ယမ်းသိုလှောင်ရုံပေါက်ကွဲပြီး ထိခိုက်သေဆုံးမှု ရှိတဲ့ သတင်းတွေ နားဆင်ကြရမှာပါ ။
-
977
DVB Newsbreak ( ဧပြီ ၈ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -နေပြည်တော်မှာ မိုးသက်လေပြင်းတိုက်ခတ်ပြီး သင်္ကြန်မဏ္ဍပ်တွေ ပျက်စီးသွားတဲ့သတင်း-ဝေါလေဗျူဟာ ကာကင်းစခန်း ၃ ခုကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်တဲ့ သတင်းနဲ့-တာချီလိတ်မှာ အွန်လိုင်းလောင်းကစားတဲ့ တရုတ်အပါအဝင် နိုင်ငံခြားသား ၁၂၆ ယောက် ဖမ်းမိတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
976
DVB Newsbreak ( ဧပြီ ၇ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးထားသည့်ကိစ္စ မှတ်သားထားတယ်လို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်က ပြောလိုက်တဲ့သတင်း -စစ်ခေါင်းဆောင်ရဲ့ သမ္မတကျမ်းကျိန်ပွဲကို အိန္ဒိယလ ဝန်ကြီးတယောက် တက်မယ့်သတင်းနဲ့-သင်္ကြန်မတိုင်ခင် နေပြည်တော်-ရန်ကုန် ကာားခတွေ အဆမတန်မြင့်တက်သွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
975
DVB Newsbreak (ဧပြီ ၆ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်ခေါင်းဆောင်က တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်လိုက်တဲ့သတင်း-စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုမှု အင်ဒိုနီးရှားတရားရုံးက လက်ခံစစ်ဆေးဖို့ ဆုံးဖြတ်လိုက်တဲ့သတင်းနဲ့ -တောင်သာနဲ့ အရာတော်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအချို့ သေဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
974
DVB Newsbreak ( ဧပြီ ၃ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -အာဏာသိမ်း စစ်ခေါင်းဆောင်ကို သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့သတင်း-ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာစစ်တပ်ကို အင်ဒိုနီးရှားမှာ တရားစွဲမယ့်သတင်းနဲ့-ကုလလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက် စစ်ကောင်စီက ပယ်ချလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
973
DVB Newsbreak ( ဧပြီ ၂ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ကနေ မနက်ဖြန် သမ္မတ ရွေးဖို့ရှိနေတဲ့သတင်း -မြန်မာနိုင်ငံတွင်းမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေတယ်လို့ ILO က ပြောလိုက်တဲ့သတင်းနဲ့ -ရိုဟင်ဂျာဒုက္ခသည် ၈ သိန်းကျော်ကို နေရပ်ပြန်ပို့ဖို့ အချက်အလက်တွေ ဘင်္ဂလားဒေ့ရှ်က မြန်မာဘက်ကို ပေးပို့လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
972
DVB Newsbreak ( ဧပြီ ၁ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်ဖို့ လုပ်ဆောင်နေတဲ့အပေါ် အာဆီယံလွှတ်တော် အမတ်တွေက ရှုတ်ချလိုက်တဲ့သတင်း-မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ EU က တင်သွင်းတဲ့သတင်း-ကမ္ဘာ့အပူဆုံးမြို့တွေမှာ မြန်မာနိုင်ငံက မြို့ ၈ မြို့ထိ ပါဝင်လာတဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
971
DVB Newsbreak (မတ် ၃၁ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၃၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်လိုက်တဲ့သတင်း-ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဖွဲ့စည်းလိုက်တဲ့ သတင်းနဲ့ -စည်းကမ်းမလိုက်နာတဲ့ စက်သုံးဆီဆိုင် ၁၇ ဆိုင်ကို ယာယီပိတ်သိမ်းအရေးယူလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
970
DVB Newsbreak (မတ် ၃၀ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်ခေါင်းဆောင်ကို ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလိုက်တဲ့သတင်း-စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပေးလိုက်တဲ့ သတင်းနဲ့ -ဘုတလင်မှာ ဆေးရုံကို စစ်တပ်ကဗုံးကြဲလို့ လူနာတွေ သေဆုံး ဒဏ်ရာရသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
969
DVB Newsbreak (မတ် ၂၇ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ဖက်ဆစ်တော်လှန်ရေးနေ့ - တပ်မတော်နေ့အပြီးမှာ စစ်ခေါင်းဆောင် အပြောင်းအလဲလုပ်ဖို့ ရှိနေတဲ့သတင်း -စစ်ကိုင်းငလျင်ဘေးသင့်မြန်မာပြည်သူတွေ ဝမ်းရေးဒုက္ခနဲ့ ထပ်မံရင်ဆိုင်နေရတဲ့သတင်းနဲ့-ရန်ကုန်မြို့ဟာ ကမ္ဘာ့တတိယမြောက် လေထုအညစ်ညမ်းဆုံးမြို့ဖြစ်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
968
DVB Newsbreak (မတ် ၂၆ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်ခေါင်းဆောင်မိသားစုက ထိုင်းမှာ ဘတ်သန်း ၁၀၀ နီးပါးရှိ ဇိမ်ခံအိမ်ဝယ်ထားတဲ့သတင်း-စစ်အုပ်စုက ၃ လအတွင်း လေယာဉ်ဆီဂါလန် ၂ သန်းနီးပါး သုံးစွဲခဲ့တဲ့သတင်းနဲ့--နေပြည်တော်မှာ ပြင်ပ ငွေလွှဲငွေထုတ်ခ နှုန်းထားတွေ ရုတ်တရက် မြင့်တက်လာတဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
967
DVB Newsbreak (မတ် ၂၅ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -နေပြည်တော်မှာ စစ်ကောင်စီ ဝန်ထမ်းတွေ Work From Home စလုပ်နေတဲ့သတင်း-MNDAA ဖမ်းဆီးထားတဲ့ TNLA တပ်သား ၇၀ ကျော် ပြန်လွှတ်ပေးတဲ့သတင်းနဲ့-စစ်ကိုင်းသပိတ်အင်အားစုက လူထုလှုပ်ရှားမှု အရှိန်မြှင့်တင်ဖို့ ပြောလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
966
DVB Newsbreak (မတ် ၂၄ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -၁၀၅ မိုင်မှာ TNLA အလံပြန်တင်ပြီး သိမ်းဆည်းလက်နက်တွေကို ကိုးကန့်တပ်က ပြန်ပေးလိုက်တဲ့သတင်း-စက်သုံးဆီပြတ်နေတာကြောင့် ကယ်ဆယ်ရေးအသင်းကားတွေအခက်ကြုံပြီး၊ တက္ကစီခ စျေးတက် နေတဲ့သတင်းနဲ့ -ဖရူဆို စစ်ရှောင်စခန်း ဗုံးကြဲခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ ။
-
965
DVB Newsbreak (မတ် ၂၃ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -အာဏာသိမ်း ၅ နှစ်အတွင်း စစ်အုပ်စုအကြမ်းဖက်မှုကြောင့် အမျိုးသမီး ၂,၁၀၀ ကျော် ကျဆုံးခဲ့တဲ့ သတင်း -ပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီ ၂ ရပ်ဖွဲ့စည်းလိုက်တဲ့သတင်းနဲ့ -စက်သုံးဆီရောင်းချပေးမှုကို စစ်ကောင်စီ ထပ်မံ ကန့်သတ်လိုက်ပြီး ဝန်ထမ်းတွေကို ဗုဒ္ဓဟူးနေ့တိုင်း ရုံးမတက်ဘဲ နေအိမ်ကနေ အလုပ်လုပ်ဖို့ အမိန့်ထုတ်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
964
DVB Newsbreak (မတ် ၂၀ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်သစ်အဖြစ် ကယ်လီကာရီကို အဆိုပြုလိုက်တဲ့ သတင်း-ဒုတိယသမ္မတလောင်းတွေ အမည်စာရင်းကို မတ် ၃၀ ရက်နေ့ တင်သွင်းမယ့်သတင်းနဲ့ -ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူ ၃ ဦးကို ထောင်ဒဏ်ချလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
963
DVB Newsbreak (မတ် ၁၉ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်ကောင်စီတပ်သား စစ်သုံ့ပန်း ၁၀၀ လောက်ကို MNDAA ကိုးကန့်တပ်က ပြန်လွှတ် ပေးလိုက်တဲ့သတင်း -အလုံ၊ မိုးကောင်းသစ်ဆိပ်ဝင်းကို စစ်တပ်က အင်အားသုံးဖျက်ဆီးပြီး အုပ်ချုပ်ရေးမှူးအပါ ၆ ဦးကို ဖမ်းဆီးလိုက်တဲ့သတင်းနဲ့-EV လျှပ်စစ်ကားတွေကို စစ်ကောင်စီ အခွန်စကောက်တော့မဲ့ သတင်းတွေနားဆင်ကြရမှာပါ
-
962
DVB Newsbreak (မတ် ၁၈ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ကာလုံအမှုဆောင်အရာရှိချုပ် ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဖြစ်လာတဲ့သတင်း-လျှပ်စစ်မီး အလှည့်ကျဖြတ်မယ့်သတင်းနဲ့ -စက်သုံးဆီပြတ်လပ်နေတာကြောင့် ရန်ကုန်မြို့မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တချို့ ပိတ်ထားတဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
961
DVB Newsbreak (မတ် ၁၇ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး ပြတ်ပြတ်သားသားလုပ်ကြဖို့ NUG ယာယီသမ္မတက တိုက်တွန်းလိုက်တဲ့သတင်း -TNLA နဲ့ MNDAA တွေ့ဆုံဆွေးနွေးနေပြီး တိုက်ပွဲတွေ ရပ်တန့်သွားတဲ့သတင်းနဲ့ -အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခကြောင့် ဓာတ်မြေဩဇာ ဈေးနှုန်းတွေ မြင့်တက်လာနိုင်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
960
DVB Newsbreak (မတ် ၁၆ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ပြည်သူ့လွှတ်တော်စတင်ကျင်းပပြီး ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးခင်ရီကို လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်လိုက်တဲ့သတင်း -ကွတ်ခိုင်မြို့ကို MNDAA ကိုးကန့်တပ်က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ သတင်းနဲ့ -ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးရဲ့ တာဝန် ပြီးဆုံးသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
959
DVB Newsbreak (မတ် ၁၃ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ရုရှားထုတ် SU - 30 လေယာဉ် ၅ စင်း စစ်ခေါင်းဆောင်က ထုတ်ပြလိုက်တဲ့သတင်း -ကျောက်တော်မှာ စစ်တပ် ဗုံးကြဲမှုကြောင့် ကစ္ဆပနဒီတံတား ပျက်စီးသွားတဲ့သတင်းနဲ့ -စက်သုံးဆီထုတ်ရာမှာ QR စနစ်က စကန်မဖတ်လို့ ဆီမရသူများပြားနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
958
DVB Newsbreak (မတ် ၁၂ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
DVB Newsbreak (မတ် ၁၂ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -အမ်းအကျဉ်းထောင်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ ဗိုလ်မှူးချုပ်အပါအဝင် အရာရှိစစ်သုံ့ပန်းတွေ သေဆုံးသွားတဲ့သတင်း -စစ်ကောင်စီက ပြည်သူတွေကို စက်သုံးဆီ တရက်တကြိမ်ပဲ ဝယ်ခွင့်ပြုလိုက်တဲ့သတင်းနဲ့ -သရက်ချောင်းမြို့နယ်ရှိ ဝင်းဝ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
957
DVB Newsbreak (မတ် ၁၁ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲတွေနိုင်ငံတဝန်း စတင်ကျင်းပတဲ့သတင်း -စစ်တပ်ထောက်ခံသူ သရုပ်ဆောင်မင်းအုပ်စိုးကို ပစ္စတိုသေနတ်နဲ့ ဖမ်းမိတဲ့သတင်းနဲ့-အမ်းမြို့နယ်က စစ်သုံ့ပန်းအကျဉ်းစခန်း ဗုံးကြဲခံရပြီး ၁၂၀ နီးပါးသေဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
956
DVB Newsbreak (မတ် ၁၀ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ဖက်ဒရယ်ဦးဆောင်ကောင်စီ ပေါ်ပေါက်လာရေး တော်လှန်ရေးအဖွဲ့တွေ ဆွေးနွေးနေတဲ့သတင်း-သရုပ်ဆောင် အဆိုတော် လမင်းကဗျာကို စစ်ကောင်စီက ဖမ်းဆီးလိုက်တဲ့သတင်းနဲ့ -KIO က တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့သတင်းတွေ နာဆင်ကြရမှာပါ
-
955
DVB Newsbreak (မတ် ၉ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ကရင်ပြည်နယ်မှာ စစ်တပ် တိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ သေဆုံးပြီး ၁၆၀ လောက် ဖမ်းဆီးခံရတဲ့သတင်း -အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်မှု အရေးယူပေးဖို့ အလုပ်သမားအဖွဲ့ချုပ်တွေက တိုက်တွန်း လိုက်တဲ့သတင်း-စုံနဲ့ မ ယာဉ်မောင်းကန့်သတ်ချက်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမဲ့ ကျောင်းသားတွေ အခက်ကြုံနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
954
DVB Newsbreak (မတ် ၆ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -နိုင်ငံရေးအကျဉ်းသား ၇,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်ကောင်စီက ပြောပေမဲ့ ၄၀၀၀ ကျော်သာပြန်လွတ်လာတဲ့သတင်း-ညောင်လေးပင်မြို့နယ်မှာ စစ်တပ်က ရွာကိုဝင်စီးပြီး ရွာသားတွေကို သတ်ဖြတ်ခဲ့တဲ့သတင်းနဲ့ -ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်း စက်သုံးဆီဈေး ထပ်မံမြင့်တက်လာတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
953
DVB Newsbreak (မတ် ၅ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိတယ်လို့ စစ်ကောင်စီက ပြောလိုက်တဲ့သတင်း-ဗဟိုမိုဘိုင်းဖုန်း စက်ပစ္စည်းသက်သေခံစနစ် အသုံးပြုဖို့ စစ်ကောင်စီက လုပ်ဆောင်နေတဲ့ သတင်းနဲ့ -ဖားကန့်တိုက်ပွဲကြောင့် တက္ကသိုလ်ဝင်တန်း ဖြေမဲ့သူတွေ ကာမိုင်းမြို့ကို ပြောင်းရွှေ့ဖြေဆိုကြရမဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
952
DVB Newsbreak ( မတ် ၄ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စက်သုံးဆီချွေတာဖို့ အိမ်စီးကားတွေကို တရက်ခြားသာ မောင်းနှင်ခွင့်ပြုမယ်လို့ စစ်ကောင်စီ ကန့်သတ်လိုက်တဲ့သတင်း -နယ်စပ်မြို့တွေနဲ့ မြို့ကြီးတွေမှာ စက်သုံးဆီတန်းစီ ဝယ်ယူနေကြတဲ့သတင်းနဲ့ -ယူကေက မြန်မာကို ကျောင်းသားဗီဇာ ထုတ်မပေးတော့တဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
951
DVB Newsbreak ( မတ် ၃ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သားဖြစ်သူကင်မ်အဲရစ်နဲ့ နော်ဝေဝန်ကြီးချုပ်ဟောင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့သတင်း -အီရန်စစ်ပွဲဂယက်ကြောင့် ထိုင်း-မြန်မာနယ်စပ် မြို့တွေမှာ ဆီပြတ်လပ်မှာ စိုးရိမ်ပြီး အလုအယက်ဝယ်နေတဲ့သတင်း -စစ်တွေမှာ AA နဲ့ ဆက်နွှယ်တယ်ဆိုပြီး မွတ်စလင် ၅၀ လောက်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
HOSTED BY
Democratic Voice of Burma
CATEGORIES
Loading similar podcasts...