The Institute for Strategy and Policy – Myanmar

PODCAST · business

The Institute for Strategy and Policy – Myanmar

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

  1. 27

    ဥပဒေနည်းကျ ဆိုသော်လည်း

    တော်လှန်ရေးနယ်မြေအချို့မှာ အခွန်ကောက်ခံတဲ့အခါ အာဏာရှင်ခေတ်တွေကအတိုင်း ‘အမိန့်’ နဲ့ ကောက်ခံတာ၊ ကောက်ခံရရှိတဲ့ အခွန်ငွေကို သုံးစွဲတဲ့အခါ ပွင့်လင်းမြင်သာမှု အားနည်းတာတွေ ရှိနေပါတယ်။ ဖမ်းဆီးထိန်းသိမ်းမှုတွေမှာလည်း စနစ်ဟောင်းက ဥပဒေပုဒ်မတွေကိုပဲ အသုံးပြုပြီး တရားစီရင်နေတာမျိုးတွေ ရှိနေတာဟာ ‘စနစ်သစ်’ ကို သွားနေတဲ့ လမ်းကြောင်းအပေါ် စိန်ခေါ်မှုကြီးတခု ဖြစ်နေပါတယ်။

  2. 26

    ဝိပတ္တိနေ့စွဲများ

    မီးလောင်ပြာကျသွားတဲ့ ဝမ်းစာစပါးပုံတွေ၊ ကြွင်းကျန်ရစ်တဲ့ မီးလောင်အိမ်တိုင်ငုတ်တိုတွေကို ကြေကွဲစွာ ငေးကြည့်နေသူတွေအတွက် နွေဦးဟာ တာဝန်ကျေဖို့လိုတယ် မဟုတ်လား။ နောက်ပြီးတော့ နွေဦးအလှကို ပိုနွေးစေတဲ့ ငုနဲ့ ပိတောက်တွေ ပွင့်ဖို့လိုတယ် မဟုတ်လားလို့ ကျနော် စဉ်းစားနေမိတယ်။

  3. 25

    ကျားဖြန့်ပညာရေး

    နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာပေးသယောင်ယောင်နဲ့ တကယ်တမ်း နိုင်ငံခြားကျောင်းပြောင်းတော့မယ်ဆိုမှ မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကကျောင်းက ဘယ်နိုင်ငံခြားတက္ကသိုလ်တွေကမှ အသိအမှတ်ပြုမထားလို့ မိအေးနှစ်ခါနာ ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်တွေ ပုံလို့ပါပဲ။

  4. 24

    ပဋိပက္ခစီးပွားရေး၏ ရိုက်ခတ်မှု – ရှမ်းမြောက်ဒဏ်ရာနှင့် ရုန်းကန်ရှင်သန်ရခြင်း

    “စစ်ဆင်ရေး ၁၀၂၇” အပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲသွားသလို၊ တဖက်မှာလည်း ပဋိပက္ခစီးပွားရေးဟာ သိသိသာသာ ကြီးထွားလာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် (EAOs) အဖွဲ့တွေအနေနဲ့ နယ်မြေသစ်တွေကို ထိန်းချုပ်လာနိုင်ပေမယ့် တရားမဝင် သယံဇာတတူးဖော်မှု၊ ငွေလိမ်ဂိုဏ်း (ကျားဖြန့်) ဝင်ရောက်လာမှုနဲ့ မြေယာသိမ်းပိုက်မှုတွေ အပါအဝင် ပဋိပက္ခစီးပွားရေး ကွန်ရက်တွေက ပိုမိုနက်ရှိုင်းလာပါတယ်။ ဒီဆိုးကျိုးတွေကို အလူးအလဲ ခံစားရသူတွေကတော့ ဒေသခံ ပြည်သူလူထုတွေပါပဲ။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တရားဥပဒေစိုးမိုးရေး ကင်းမဲ့မှုတွေအောက်မှာ ဒေသခံတွေဟာ ပြောရေးဆိုခွင့်မရှိဘဲ “အသံမဲ့” နေကြရပါတယ်။ ရှင်သန်ရပ်တည်ရေးအတွက် မလွှဲမရှောင်သာ နေရပ်စွန့်ခွာရတာ၊ တရားမဝင်လုပ်ငန်းတွေထဲ ဝင်ရောက်လုပ်ကိုင်လာရတာတွေနဲ့အတူ ဆိုးရွားတဲ့ အခြေအနေကို အသစ်သောပုံမှန်အခြေအနေ (New normal) အဖြစ် မျိုသိပ်လက်ခံနေကြရပြီး ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ကြန်အင်လက္ခဏာတွေပါ မှေးမှိန်လာနေပါတယ်။ ဒီတပတ် “ISP နှင့်အတူ မိနစ် ၃၀” အစီအစဉ်မှာတော့ ရှမ်းမြောက်ဒေသခံတွေ ရင်ဆိုင်နေရတဲ့ ပဋိပက္ခစီးပွားရေးရဲ့ သက်ရောက်မှုတွေကို ISP-Myanmar က လူငယ်သုတေသီတွေက ဆွေးနွေးတင်ပြထားပါတယ်။

  5. 23

    မိုးမျှော်တိုက်များအောက်က နင်းပြားဘဝများနှင့် တပိုင်းတစပညာရေး

    မြန်မာလူငယ်တွေနဲ့ နိုင်ငံတကာပညာရေးအကြားမှာ ငွေကြေးအခက်အခဲက အကြီးမားဆုံး အဟန့်အတား ဖြစ်နေပေမဲ့ လက်ရှိအခြေအနေမှာ အလုပ်လုပ်ရင်း အချိန်ပေးနိုင်တဲ့ အခမဲ့ online platform တွေ (ဥပမာ- Coursera, EdX) ဒါမှမဟုတ် skills-based သင်တန်းတွေကို အသုံးချသင့်ပါတယ်။

  6. 22

    အငှားပါးစပ်ဖြင့် ပုံပြောကြရာဝယ်

    တော်လှန်ရေးနယ်မြေတွေထဲမှာ ပြည်သူတွေ အဖမ်းခံနေရတာ၊ သတင်းသမားတွေကို ဖမ်းဆီးတာတွေ၊ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးတာတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပြစ်မှုကျူးလွန်မှုတွေကို ထုတ်ဖော်မပြောဆိုရဲတာဟာ တော်လှန်ရေးအရှိန်နည်းသွားမယ်ဆိုတဲ့ ပုံပြောဆရာရဲ့ တွန်းအားတွေပါပဲ။

  7. 21

    ဒီဂျစ်တယ် သတိ၊ ဒီဂျစ်တယ် တာဝန်ယူမှု

    စစ်တပ်ရဲ့ သတင်းကွန်ရက်တည်ဆောက်ထားမှုနဲ့ အမိန့်စီးဆင်းမှုပုံစံတွေ သိရှိထားဖို့လိုအပ်သလို တော်လှန်ရေးတပ်တွေရဲ့ စည်းကမ်းလိုက်နာဖို့နဲ့ ဒီဂျစ်တယ်လုံခြုံရေးအားနည်းတာ၊ တော်လှန်ရေးတပ်တွေအပေါ်မှာ ဘယ်သူက တာဝန်ရှိလို့ ဘယ်လိုတာဝန်ယူမလဲဆိုတာတွေက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ 

  8. 20

    တနိုင်ငံလုံး နစ်ကျွံလာသော မူးယစ်နွံ - မျိုးဆက်သစ်တို့ ဆုတ်ယုတ်ရစ်တော့မလား

    မူးယစ်ဆေးဝါးရောင်းဝယ်တာအပြင်သူ နဲ့ဆက်စပ်တဲ့ ကျားဖြန့်တွေ၊ ငွေကြေးခဝါချတာတွေ၊ မူးယစ်ဆေးနဲ့ ပဋိပက္ခရဲ့ အတွဲအချိတ်က ပိုပြီးတော့မှ အားကောင်းလာပါတယ်။ ဘက်အသီးသီးကနေပြီးတော့မှ  ဒါကိုအရင်းပြုပြီး နိုင်ငံရေး အကျိုးအမြတ် ရအောင် အမြတ်ထုတ်လာနိုင်ပါတယ်။ ဒါ့အပြင် အခြေခံ စားဝတ်နေရေးမှာ မပြေလည်ဘူးဆိုရင် အခုဖြစ်နေတဲ့   မူးယစ်ဆေးထုတ်တာတွေ ဘိန်းစိုက်တာတွေ ဒါတွေဟာဆိုရင် လျော့ပါးသွားဖို့အတွက် ခက်ပါလိမ့်မယ်။ မူးယစ်ဆေးက နိစ္စဓူဝသဘောဖြစ်လာကြတာကို ဘယ်လိုမျိုး တားဆီးကြမလဲ။ ဒီမူးယစ်ဆေးကနေတဆင့် ရလာမယ့်  ဆိုးကျိုးဒဏ်တွေကို လူငယ်တွေကပဲ ခံရမှာဖြစ်ပါတယ်။ ဒီလူငယ်တွေ အနာဂတ် ပျက်သုဉ်းသွားတယ်ဆိုရင် တိုင်းပြည်အနာဂတ်လည်း ပျက်သုဉ်းမှာဖြစ်ပါတယ်။

  9. 19

    ‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ်-၁၁ (အယူအဆမှတ်စု)

    မူးယစ်ဆေးထုတ်လုပ်မှုမှာ မြန်မာက ထိပ်တန်းမှာ ရှိနေပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ သုံးစွဲနေမှုနဲ့ မြန်မာ့ပဋိပက္ခပြဿနာက အကျယ်အပြန့် ငြိတွယ်နေပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကာလမှာ သီးနှံအထွက်ကျတာ၊ ဈေးကွက်မရှိတာ၊ ဖျက်ဆီးခံရတာတွေကြောင့် တောင်သူတွေဟာ ဘိန်းနဲ့ ဆေးခြောက် စိုက်ပျိုးမှုတွေဘက်ကို လှည့်လာခဲ့ကြရပါတယ်။ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်)-ငွေကြေးခဝါချမှု-မူးယစ်ဆေး-ပဋိပက္ခ တွဲချိတ်ပေါင်းစည်းမှုတွေ ဖြစ်လာခဲ့ပါတယ်။ လူငယ်တွေအပြင် လူကြီးတွေကြားထဲမှာပါ မူးယစ်ဆေးသုံးတာဟာ နိစ္စဓူဝ ဆောင်ရွက်ချက်တွေလို ကျင့်ဝတ်နိမ့်ပါး လက်ခံလာကြပါတယ်။ မူးယစ်ဆေးကရတဲ့ တရားမဝင်ငွေတွေကြောင့် ရေရှည်မှာ စီးပွားရေးစနစ်ကြီးတခုလုံး ပြိုလဲသွားနိုင်ပါတယ်။ ပြည်တွင်းစစ်ကြီး ဆက်တောက်လောင်နိုင်ပြီး ပထဝီနိုင်ငံရေးအရ အားနည်းပျော့ကွက်တွေနဲ့ အညှီရှိရာ ယင်အုံဖို့ ဖြစ်စေပါဦးမယ်။ 

  10. 18

    မြန်မာ့အရေး နိုင်ငံတကာ၏တူညီဆန္ဒ ခိုင်မာအားကောင်းစေရန် မူဝါဒအကြံပြုချက်

    မြန်မာ့အရေး ဘုံသဘောတူညီချက်ငါးရပ် ချည့်နဲ့သွားတာက မြန်မာအတွက်သာမက ဒေသတွင်းအတွက်ပါ ‘အားကြီးသူ မင်းမူနိုင်မယ့်’လမ်းကို ဖွင့်ပေးသလို ဖြစ်သွားနိုင်ပါတယ်။ အခြားအစားထိုးစရာ နိုင်ငံတကာသဘောတူညီချက်တရပ်ရပ်ကို မဖော်ဆောင်နိုင်သေးတဲ့အချိန်မှာ အာဆီယံတူညီဆန္ဒကိုပဲ ချည်တိုင်အဖြစ် ဆက်ထောက်ခံပြီး နိုင်ငံရေးခေါင်းဆောင်အဆင့် တိုက်ရိုက်အားထည့် ကြားဝင်ဆောင်ရွက်ရေးကို အလေးပေးတွဲဖက် ကျင့်သုံးသင့်ပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ အာဆီယံထိပ်သီးအစည်းအဝေး မကျင်းပမီ လေးရက်အလို (၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်) မှာ မူဝါဒအကြံပြုချက်တရပ် ထုတ်ဝေခဲ့ပါတယ်။

  11. 17

    လူမှုပြစ်ဒဏ်၊ လူမှုတရားမျှတရေးနှင့် လူအုပ်စုလိုက် စုန်းဖမ်းဓလေ့

    တရားရေးကို အားကိုးမရတဲ့အခင်းအကျင်းမှာ လူမှုပြစ်ဒဏ်ကို သုံးကြရမှာဖြစ်တယ်။ ဒါပေမဲ့ social punishment အစား ဆိုရှယ်မီဒီယာ သိက္ခာချဆွမ်းကြီးလောင်းခြင်းနဲ့ လူအုပ်ဖွဲ့ စုန်းဖမ်းပွဲပဲဖြစ်ရင် ကျူးလွန်ခံရသူအတွက် survivor-centered ချဉ်းကပ်မှုဟာလည်း အနှစ်သာရ ပျက်စီးသွားပါလိမ့်မယ်။ စာမူရှင် ဒေါက်တာစိုင်းလတ်ရေးသားထားတဲ့ “လူမှုပြစ်ဒဏ်၊ လူမှုတရားမျှတရေးနှင့် လူအုပ်စုလိုက် စုန်းဖမ်းဓလေ့” ဆောင်းပါးကို ၂၀၂၅ ခုနှစ် ဇူလိုင်  ၁ ရက်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ 

  12. 16

    မြန်မာ့ငလျင်ဘေးနှင့် ယောင်ခြောက်ဆယ် စစ်ကောင်စီ

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အုတ်ခဲတွေကို လက်ဆင့်ကမ်းသယ်လို့ကောင်းတုန်းပါပဲ။ စစ်ခေါင်းဆောင်တွေကရော ဘာလုပ်ပါသလဲ။ ငလျင်ဘေးသင့် နေရာတွေကို လိုက်ကြည့်၊ ကယ်ဆယ်ရေးအဖွဲ့တွေကို လိုက်နှုတ်ဆက်၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ အာဝါဒါးလုပ်နေတာကိုပဲ အများဆုံးတွေ့ရပါတယ်။ စာမူရှင် ဟိတေရေးသားထားတဲ့ “မြန်မာ့ငလျင်ဘေးနှင့် ယောင်ခြောက်ဆယ် စစ်ကောင်စီ” ဆောင်းပါးကို ၂၀၂၅ ခုနှစ် ဧပြီ  ၁၁ ရက်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ 

  13. 15

    လိုင်စင်ရလက်နက်ကိုင်အဖွဲ့တခုတော့ ပေါ်လာပြီ

    မြန်မာပြည်ထဲက သူ့အကျိုးစီးပွားတွေကို စစ်ကောင်စီတပ်တွေက ကာကွယ်မပေးနိုင်တော့ဘူးလို့ တရုတ်ကယုံကြည်ပြီးတဲ့နောက်မှာ သူ့ရဲ့လုံခြုံရေးကုမ္ပဏီတွေကို ပို့ချင်ခဲ့တာ ဖြစ်ပါတယ်။ ... အဖွဲ့စုံအရောင်စုံတိုက်နေတဲ့ မြန်မာ့ပြည်တွင်းစစ်မှာ မျက်နှာသစ်လက်နက်ကိုင်တွေ ထပ်တိုးလာပြီး အခြေအနေတွေ ပိုရှုပ်ထွေးလာမှာ သေချာနေပါတယ်။ စာမူရှင် အဂ္ဂရေးသားထားတဲ့ “လိုင်စင်ရလက်နက်ကိုင်အဖွဲ့တခုတော့ ပေါ်လာပြီ” ဆောင်းပါးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ 

  14. 14

    စစ်ခေါင်းဆောင်မဖွင့်ရဲသော တံခါးတစ်ချပ်

    ရွေးကောက်ပွဲသာ ဖြစ်မြောက်ခဲ့ရင် ချုပ်ကိုင်ထားတဲ့ အာဏာတွေကို ပြန်ခွဲပေးရမှာဖြစ်ပြီး ဒီအခါ ‘အာဏာစင်ပြိုင်’တွေ ပေါ်လာမှာဖြစ်တာကြောင့် ရွေးကောက်ပွဲကနေ အကျိုးအမြတ်အနည်းဆုံးရမှာက သူဖြစ်နေလို့ပါပဲ။ စာမူရှင် အဂ္ဂရေးသားထားတဲ့ “စစ်ခေါင်းဆောင်မဖွင့်ရဲသော တံခါးတစ်ချပ်” ဆောင်းပါးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ 

  15. 13

    အသားကျသွားသော အမှောင် - ရာမညမြေက အံစာတုံးသံများ

    စစ်မှန်တဲ့ ရာမညရဲ့ အလှတရားက လောင်းကစားဝိုင်းတွေရဲ့ အရိပ်အောက်မှာ ပျောက်ကွယ်သွားရတော့မှာလား။ ဒါတွေက ဘယ်ကနေစပြီး ဖြစ်လာတာလဲ။ ဘယ်သူကမှ အရေးတယူ မပြုကြတော့ဘူးလား။ စည်ကားလှတဲ့ ဘုရားပွဲတော်တွေရဲ့ အလယ်မှာ အရင်က သိုသိုသိပ်သိပ်ရှိခဲ့တဲ့ အရာတခုက ဒီကနေ့မှာတော့ ပိုပြီးထင်သာမြင်သာနေသလို လူတွေကလည်း အသားကျနေကြတာကို မြင်ရတာ အတော်အံ့သြခဲ့ရပါတယ်။ အဖေကတောင် ပြောသေးတယ် “သားငယ်လေး၊ တပွဲလောက် ဆော့ချင်လား” တဲ့...။

  16. 12

    သိမ်းပိုက်ခံမြို့ထဲက မြေစာမြက်များ

    စစ်ပွဲအတွင်း အရပ်သားများကိုကာကွယ်ရေးအတွက် နိုင်ငံတကာဥပဒေများရှိကြောင်း မြို့ထဲမှာ ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်သည့် လူငယ်တချို့ထံကနေ ကြားဖူးနားဝရှိဖူးသည်။ ထိုစကားကိုကြားစက ပြောနေကြသူ လူငယ်ကလေးများ၏ မျက်လုံးများကို သူ ကိုယ်တိုင်ကိုယ်ကျ လက်ဖြင့်ဖြဲကာ မေးလိုက်ချင်သည်။ မည်သူက မည်သူ့ကို ကာကွယ်နေသည်ကို တွေ့သနည်းဟူ၍။

  17. 11

    ဤခရီး ဝေးလှသည်

    တကယ်ဆို...လမ်းမှာ ပရိတ်ကြီး ၁၁ သုတ် ရွတ်နေဖို့ ကောင်းတယ်။ ဒါပေမဲ့ နုံနုံအအ တောသူပေမို့ စပယ်ယာတိုင်ပေးတဲ့ စစ်ဆေးရေးဂါထာကိုပဲ တတွတ်တွတ် ကျက်မှတ်လာရတယ်။ “ စစ်တပ်ဂိတ်ဆို ထောက်ခံစာ ပြ၊ ပီဂိတ်တွေဆို ထောက်ခံစာ လုံးဝမထုတ်မိစေနဲ့၊ ဖုန်းကတော့ ဘယ်ဂိတ်ရောက်ရောက် မသုံးနဲ့”။ ဒါ့ပြင် ဝတ်စုံမြင်ရုံနဲ့ မခွဲခြားတတ်တော့ မငိုက်မိအောင်ပါ ကြိုးစားနေရသေးတယ်။

  18. 10

    အတိုက်အခံကိုလည်း နှိပ်ကွပ်၏၊ သစ္စာခံကိုလည်း နှိပ်ကွပ်၏

    စစ်ခေါင်းဆောင်တဦးသည် သူ၏ အတိုက်အခံ/ရန်သူဟု သဘောထားလျှင် တောင်ကုန်းတခုကို သိမ်းယူသလို လက်ဦးမှုရယူမည်သာဖြစ်သည်။ နိုင်ငံရေးကျင့်ဝတ်သိက္ခာအရ စဥ်းစားလိမ့်မည်မဟုတ်ချေ။ ‘ကျနော် ဘာမဆိုလုပ်ရဲတယ်’ဆိုသည့် စကားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းဖို့ ကြိုတင်လေသံပစ်ခဲ့သော စကားဖြစ်သည်။ ပထမဆုံးဝါကျတွင် မေးထားသော မေးခွန်း၏ အဖြေလည်း ဖြစ်သည်။ အာဏာရှင်ဆိုသည်မှာ အတိုက်အခံကိုလည်း နှိပ်ကွပ်၏၊ သစ္စာခံကိုလည်း နှိပ်ကွပ်၏။

  19. 9

    မေတ္တာရပ်လူတန်းစား ထွန်းကားလာသည့် ရက္ခိုင်ပြည်

    စစ်ရေးအောင်ပွဲတွေကို ချီးကျူးထောပနာပြုနေကြပေမဲ့ စစ်ဘေးဒဏ်သင့်သူတွေရဲ့ အသံနဲ့ လူမှုဒုက္ခပြဿနာတွေကို အချက်အလက်၊ ကိန်းဂဏန်တွေနဲ့ ကိုင်ပြနိုင်ဖို့ ခဲယဉ်းနေပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ရက္ခိုင်ပြည်သူတွေထဲမှာ ဒုက္ခတောင်လိုပုံပြီး စိတ်ထိခိုက်ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေ တပုံတပင်ကြီးပါ။

  20. 8

    မြန်မာပြည်ပြန်ကြမှာလား – ရွှေ့ပြောင်းမြန်မာတွေဖြစ်လာဖို့ ဆွဲငင်အားနှင့် တွန်းထုတ်အား

    ကျနော့်မိတ်ဆွေ ထိုင်းလူမျိုးတွေဆီကလည်း ကြားနေကျတခုရှိပါတယ်။ “မင်းတို့နိုင်ငံမှာ ဒီလောက်အခြေအနေတွေဆိုးနေတာတောင် မင်းတို့လူမျိုး အလုပ်သမားတွေက ဘယ်အချိန်မေးမေး အိမ်မပြန်တော့ဘူးလို့ တခါမှ မဖြေကြဘူး” တဲ့။ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုကနေ ဖြစ်ပေါ်လာတဲ့ နယ်မြေမအေးချမ်းမှုတွေ၊ စီးပွားရေးလုပ်ကိုင်ဖို့ ခက်ခဲမှုတွေ၊ ကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့ နောက်ဆုံး စစ်မှုထမ်းဥပဒေရဲ့ အကျိုးဆက်တွေကြောင့် လူငယ်အများစုဟာ မြန်မာပြည်ထဲကနေ  ထွက်ခွာလာခဲ့ကြတာ ဖြစ်ပါတယ်။

  21. 7

    မြန်မာပြည်တောင်ဖျားက ကျိန်စာ

    ပတ်ဝန်းကျင်အန္တရာယ်များကို သိလျက်နှင့် မူဝါဒများမချမှတ်ဘဲ ဆက်လက်တူးဖော်ခွင့်ပြုနေပါက ၎င်းတို့သည် ဒေသခံပြည်သူ၏ ရေရှည်အကျိုးစီးပွားကို လျစ်လျူရှုခြင်းပင်ဖြစ်သည်။ ထိုသို့ လျစ်လျူရှုခြင်းသည် တော်လှန်ရေး၏ နိုင်ငံရေးအနှစ်သာရနှင့် ရည်မှန်းချက်ကနေ လက်တွေ့တွင် လွဲချော်နေပြီဟု ဆိုနိုင်မည်ဖြစ်သည်။

  22. 6

    တော်လှန်ဘုရား အဆူဆူနှင့် နွေဦး၏ စက်ခေါင်းများ

    ပြောလည်း ပြော၊ ကြောက်လည်း ကြောက်ရသည်။ ပွင့်တော်မူကုန်ပြီးသော တော်လှန်ဘုရားများ၊ ပွင့်တော်မူလတ္တံ့သော ဗျာဒိတ်တော်ရ ကိုယ်တော်များ ရွှေစိတ်တော် ငြိုငြင်မှာစိုးသည်။ ထို့ကြောင့် ဤစာစုကို ဖတ်မိရင်း “ငါ့များ ပြောနေသလား”ဟု တွေးမိကုန်ကြလျှင် “ဟုတ်တယ် ခင်ဗျားကို ပြောနေတာပါပဲခင်ဗျာ”ဟူ၍ တဦးဆိုင်နာမ် တွေးပေးစေလိုသည်။

  23. 5

    Rakhine: A De Facto Rival Power Center

    The Arakan Army (AA) has emerged as a dominant force in western Myanmar, expanding its territorial control and military alliances while keeping its political objectives—whether secession, confederation, or federalism—deliberately unclear.  In this podcast, we explore the challenges the AA needs to handle in pursuing its goals and how these constraints can also work as political guardrails.

  24. 4

    Threading the Needle: A Much-Needed Thai Model for Myanmar’s Political Puzzle

    Since April 2025, KNLA and allied PDFs have seized key military outposts in the Thai-Myanmar border, with the SAC failing to regain control of the Asian Highway. In response, Thailand is leaning toward China’s conflict resolution strategy, focusing on de-escalating conflict through trade and economic incentives. In this podcast, we explain five key differences between Thailand and China in influencing Myanmar’s conflict actors.

  25. 3

    O’ Northern Road: Subcontracting Sovereignty

    The China-brokered Lashio Model, which allowed the SAC to retake Lashio while the MNDAA held surrounding areas, marks a shift toward “subcontracting sovereignty” through externally mediated ceasefires. It risks deepening Myanmar’s fragmentation and weakening statehood. In this podcast, we unpack what the Lashio Model reveals about shifting power dynamics, contested sovereignty, and the urgent need for political guardrails.

  26. 2

    “ရှိသင့်တဲ့ အားနဲ့ မာန်၊ ဟန်နိုင်မှ …” ကုန်သွယ်စီးဆင်းမှု ပြတ်တောက်ခဲ့သော လမ်းများနှင့် လူမှုစီးပွားဒဏ်ကို တောင့်ခံနေသည့် ပြည်သူများ

    စစ်ကိုင်း-မန္တလေး ငလျင်ကြီးလို သဘာဝဒုက္ခတွေနဲ့ စစ်ရေးပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်လာတဲ့ ကျပ်တည်းမှုတွေအပြင် ကုန်သွယ်စီးပွားလမ်းကြောင်း ပြတ်တောက်ခံနေရတဲ့ ကာလအတွင်းမှာ ပြည်သူတွေရဲ့ စားဝတ်နေရေးက ဘာတွေဖြစ်နေလဲ၊ ဘယ်လိုတွေရုန်းကန်နေရတာလဲ၊ ဘယ်ကများ အကူအညီတွေ ရနေသေးသလဲ။ အခုပေ့ါကတ်စ်မှာ ပြည်တွင်း ကုန်သွယ်စီးပွားပိတ်ဆို့မှုတွေအကြားက ပြည်သူတွေရဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းအပေါ် စစ်တမ်းတွေ့ရှိချက်တွေကို အခြေခံပြီး သုတေသနရှုထောင့်ကနေ တင်ပြသွားမှာပါ။

  27. 1

    ‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ်-၁၀ (အယူအဆမှတ်စု)

    စစ်ကော်မရှင်ရဲ့ စီးပွားရေးမူဝါဒတွေနဲ့ နိုင်ငံအနှံ့ပဋိပက္ခတွေကြောင့် ပြတ်တောက်ခဲ့ရတဲ့ ကုန်သွယ်ရေးလမ်းမကြီးတွေအပြင် တရုတ်နိုင်ငံက ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ ဖြတ်ငါးဖြတ်မူဝါဒကလည်း ကုန်သွယ်စီးပွား ပြတ်လပ်မှုတွေအပေါ်  ကြီးမားတဲ့သက်ရောက်မှု ရှိခဲ့ပါတယ်။  ဒီလိုအခြေအနေတွေဟာ နဂိုကတည်းကဆိုးရွားနေတဲ့ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိနေပါသလဲ၊ ပြည်သူတွေ ဘယ်လိုရုန်းကန် ရင်ဆိုင်နေကြရပါသလဲ၊ အားကိုးထိုက်စရာ ဘယ်လိုဘယ်ပုံ အကူအညီများ ရနေပါသေးသလဲဆိုတာကို တင်ပြသွားပါ။

  28. 0

    ကျနော်တို့ အညာမှာ ဒီလိုပဲ ရှိတယ်

    ကျနော်တို့ အိမ်လည်း ဖျက်ဆီးခံရတဲ့ထဲ ပါသွားပြီလို့ သတင်းပေးကြတယ်။ ဘယ်သူ့ကိုရယ်လို့ မဟုတ်၊ အဆောက်အအုံ နည်းနည်းကောင်းနေတယ်ဆိုရင် တော်လှန်ရေးဘက်က ပုန်းခိုနိုင်တယ်ဆိုပြီး သူတို့ စက်တပ်လေထီးနဲ့ မျက်စိထဲမြင်သမျှကို ဗုံးချသွားတာပဲ။ အဲဒီတော့ ရွာဦးဘုန်းကြီးကျောင်းရယ်၊ စာသင်ကျောင်းရယ်၊ ရွာထဲက အိမ်ကြီးတွေနဲ့ သူ့ဘေးပတ်လည်က အိမ်တွေ အကုန်ထိတော့ပါပဲ။

  29. -1

    ကျမတို့သည် သစ်ကုလားအုတ်များ မဟုတ်ပါ

    ကောင်းကင်ကြီးက ကြည်လင်နေကာ ကြယ်ကလေးများ တလုံးနှစ်လုံးပင်မြင်နေရသည်။ မူ့ဖော်ကတော့ နေ့လယ်က အဖြစ်အပျက်ကို တွေးမိကာ ငြိမ်နေမိသည်။ ထို့နောက်မှ သတိရသွားကာ “ဂျရာ့ဖ်ဆိုတာဘာလဲသိလား” ဟူ၍ ဘူးမြာကို မေးမိသည်။ ဘူးမြာကတော့ အဝေးရှိ အမှောင်ထုကို ငေးလျက်နှင့်ပင် “သစ်ကုလားအုတ်ကိုခေါ်တာ”ဟု ခပ်လေးလေးပြောသည်။ မူ့ဖော်၏ ပါးနှစ်ဖက်တွင် ပူခနဲဖြစ်သွားသည်။

  30. -2

    အိုးစားဖက်ကို ဘယ်လိုရွေး

    စစ်မျက်နှာ ပတ်လည်ဝိုင်းနေဆဲ စစ်ကော်မရှင်ဟာ စစ်မြေပြင်မှာ ဘယ်တပ်ဖွဲ့တွေနဲ့ လက်တွဲတိုက်မလဲဆိုတာ စံနှုန်းသုံးချက်နဲ့ ရွေးချယ်နေတယ်လို့ အနုမာနပြုချင်ပါတယ်။ ဒီစံနှုန်းတွေကတော့ စစ်ကော်မရှင်တပ်နဲ့ စစ်စီးပွားရေးအရ ကျေးဇူးခံ-ကျေးဇူးစား ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်းရှိိနေတာ၊ သက်ဆိုင်ရာဒေသမှာ အာဏာကို အပြည့်အဝခြေကုပ်ယူထားနိုင်တာနဲ့ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးဇာတ်ညွှန်းအတိုင်းသာ လိုက်ပါကပြတာတွေပဲ ဖြစ်ပါတယ်။

  31. -3

    ဘီယာမရှိသော ရခိုင်ပြည်

    ရခိုင်ပြည် AA ထိန်းချုပ်နယ်မြေထဲ ပြည်မနဲ့ နိုင်ငံခြားထုတ်ကုန် ဘီယာ၊ အရက်၊ ဝိုင် စတဲ့ ယစ်မျိုးကုန်အားလုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး အာဏာပိုင်တွေက စတင်သပိတ်မှောက်ခဲ့ပါတယ်။ ရခိုင်ပြည်မှာ တောအရက် ဒါမှမဟုတ် ထွေးညိုလို့ခေါ်ကြတဲ့ ရိုးရာအရက်ကို ‘မချစ်သော်လည်း အောင့်ကာနမ်း’ လာရပါတယ်။ ဒါနဲ့အတူ အရောင်အသွေး စုံလင်လှတဲ့ ဒေသထုတ် ယမကာတွေလည်း ခေတ်စားလာပါတယ်။ ဒီကနေ့ ရခိုင်ပြည်တွင်းနေ ယမကာလုလင်တွေတော့ ကြီးလေးတဲ့ ကျန်းမာရေးပြဿနာနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတာပါ။

  32. -4

    ဗိုလ်ချုပ်ကြီး ငါးဦးကျန် ဘယ်သူတင်ကျန်မလဲ

    မထင်မှတ်တာတွေ ထလုပ်တတ်ပြီး အရည်အချင်းထက် သစ္စာခံနိုင်မှုကိုသာ အလေးပေးတတ်တဲ့ စစ်ခေါင်းဆောင်ကြောင့် စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ စစ်တပ်တွင်းရာထူးနေရာများစွာဟာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်အုံးမှာ အသေအချာဖြစ်ပါတယ်။

  33. -5

    Prospective 4th Generation Tatmadaw – Pathways to Reform or Further Regression?

    This episode delves into the Tatmadaw’s historical shifts, the current junta’s grip on power, and the potential for reform amidst ongoing conflict and geopolitical pressures, highlighting the SAC’s transition to the SSPC and how Senior General Min Aung Hlaing may seek to sustain power through a tightly managed election.

  34. -6

    စစ်ရေးတိုက်ပွဲနှင့် နိုင်ငံရေးနိဂုံးချုပ်ချက်

    ရခဲ့ပြီးဖြစ်တဲ့ စစ်ရေးအောင်ပွဲတွေကို နိုင်ငံရေးအလှည့်အပြောင်းအဖြစ် ဖန်တီးဖို့ ဘယ်လောက် အရေးကြီးသလဲ။ ကိုယ့်ရဲ့ အသာစီးရမှုတွေကို နောက်ဆုံးပန်းတိုင် ဆုပ်ဆုပ်ပိုင်ပိုင် ယန္တရားစနစ်အတွင်း အောင်မြင်မှုအဆင့် တက်လှမ်းရနိုင်ဖို့ ဘယ်လောက်အရေးကြီးပါသလဲ။ စစ်ရေးအောင်ပွဲတွေနဲ့ အန္တိမ နိုင်ငံရေးရည်ရွယ်ချက်ချိတ်ဆက်မှု၊ ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေးဆက်စပ်မှုအခြေအနေတွေကို အခုပေါ့ကတ်စ်မှာ ဆွေးနွေးသွားပါမယ်။

  35. -7

    စတုတ္ထမျိုးဆက်‘တပ်မတော်’ဖြစ်နိုင်ခြေ

    ပြည်တင်းတာကို နာတော်ခံမလား၊ ရှင်ကြီး ကျားထက် ပိုဆိုးမလားမြန်မာစစ်တပ် ပြိုလဲနိုင်ဖွယ် မရှိသေးတာ၊ ထီးပြိုင်နန်းပြိုင်တွေနဲ့ အချုပ်အခြာအာဏာ ဆုတ်ယုတ်တဲ့ နိုင်ငံတော်ကိုပဲ စစ်တပ်က နည်းမျိုးစုံသုံးပြီး ဆက်အုပ်ချုပ်နေဦးမှာ၊ တော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိစစ်တပ်ကို ပိုကောင်းတဲ့ တခြားရွေးချယ်စရာနဲ့ အစားမထိုးနိုင်သေးပါဘူး။ တဖက်မှာလည်း မြန်မာစစ်တပ်အတွင်း စတုတ္ထမျိုးဆက် အပြောင်းအလဲ ဖြစ်နိုင်သလား၊ ဖြစ်ရင် ဘယ်လိုဖြစ်မလဲ၊ ဘယ်သူတွေ ဦးဆောင်မှာလဲ၊ ဘယ်လိုဦးတည်ရာမျိုးကို ရှေးရှုမလဲဆိုတာ စူးစမ်းကြည့်ဖို့ လိုအပ်လာပါတယ်။

  36. -8

    ‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ်-၉ (အယူအဆမှတ်စု)

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တွန်းလှန်ခဲ့တဲ့ ‘နွေဦးတော်လှန်ရေး’ရဲ့ အစောပိုင်း ကြန်အင်လက္ခဏာဟာ လက်နက်ကိုင်တော်လှန်ရေး မဟုတ်ပေမဲ့ နောက်ပိုင်းမှာတော့ လက်နက်ကိုင်တိုက်ပွဲဟာ အဓိကလက္ခဏာ ဖြစ်လာခဲ့ပါတယ်။ စစ်ရေးအောင်ပွဲတွေ၊ ကိုယ့်ရဲ့ အသာစီးရမှုတွေကို ဆုပ်ဆုပ်ပိုင်ပိုင် ယန္တရားစနစ်အတွင်း အောင်မြင်မှုအဆင့် တက်လှမ်းရနိုင်ဖို့ (institutionalized gains) ဘယ်လောက်အရေးကြီးပါသလဲ။ ဒါတွေကို အခုပေါ့ကတ်စ်မှာ နားထောင်ဖို့ ဖိတ်ခေါ်ပါရစေ။

  37. -9

    Rakhine: A De Facto Rival Power Center

    The Arakan Army (AA) has emerged as a dominant force in western Myanmar, expanding its territorial control and military alliances while keeping its political objectives—whether secession, confederation, or federalism—deliberately unclear. In this podcast using AI-generated voiceovers, we explore the challenges the AA needs to handle in pursuing its goals and how these constraints can also work as political guardrails.

  38. -10

    Threading the Needle: A Much-Needed Thai Model for Myanmar’s Political Puzzle

    Since April 2025, KNLA and allied PDFs have seized key military outposts in the Thai-Myanmar border, with the SAC failing to regain control of the Asian Highway. In response, Thailand is leaning toward China’s conflict resolution strategy, focusing on de-escalating conflict through trade and economic incentives. In this podcast, using AI-generated voiceovers, we delve into five key differences between Thailand and China in influencing Myanmar’s conflict actors.

  39. -11

    ထီးပြိုင်နန်းပြိုင် ရခိုင်ပြည်

    AA ဟာ ရခိုင်ပြည်ကနေ ဧရာဝတီ၊ မကွေး၊ ပဲခူးအထိ ထိုးစစ်ဆင်နိုင်တဲ့ တခုတည်းသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ AA ရဲ့ နိုင်ငံရေး ပန်းတိုင်ကတော့ မရှင်းလင်းသေးပါဘူး။  ခွဲထွက်ရေး လုပ်မလား၊ ကွန်ဖက်ဒရေးရှင်းလား၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ရည်ရွယ်ထားတာလား စသည်ဖြင့် ဝါးတားတားပဲ ထားပါတယ်။ ရခိုင်ဟာ မျက်တွေ့အရ De Facto ထီးပြိုင်နန်းပြိုင်ပြည်ပုံစံနဲ့ ရပ်တည်နေပေမဲ့ စိန်ခေါ်မှုတွေ ရှိနေတုန်းပါပဲ။

  40. -12

    မြန်မာ့မြေပေါ်က တရုတ်အကျိုးစီးပွားနှင့် မြန်မာ့ပဋိပက္ခဖြေရှင်းရေး - လူကျော်လူမော်တို့၏ အမြင်ဖြင့် ချိန်ထိုးကြည့်ခြင်း (အပိုင်း-၃)

    မြန်မာ့မြေပေါ်က တရုတ်အကျိုးစီးပွားနဲ့ မြန်မာ့ပဋိပက္ခဖြေရှင်းရေးတွေနဲ့ပတ်သက်ပြီး ISP-Myanmar က ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ဖြေခဲ့တဲ့ လူကျော်လူမော်တွေရဲ့ အမြင်ကို ချိန်ထိုးကြည့်တဲ့  တင်ပြချက်ကို အပိုင်းသုံးပိုင်းခွဲ ဖော်ပြနေတာပါ။  အခုတတိယပိုင်းမှာတော့ မြန်မာ့အရေး တရုတ်နိုင်ငံရဲ့ ချဉ်းကပ်မှုနဲ့ တရုတ်နည်းတရုတ်ဟန် မြန်မာ့ပဋိပက္ခဖြေရှင်းရေးဆိုတာကို မြန်မာ့လူကျော်လူမော်တွေရဲ့ အမြင်တွေနဲ့ ချိန်ထိုးဆွေးနွေးသွားပါမယ်။

  41. -13

    မြန်မာ့မြေပေါ်က တရုတ်အကျိုးစီးပွားနှင့် မြန်မာ့ပဋိပက္ခဖြေရှင်းရေး - လူကျော်လူမော်တို့၏ အမြင်ဖြင့် ချိန်ထိုးကြည့်ခြင်း (အပိုင်း-၂)

    မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ဘယ်လို သဘောပေါက် ရှုမြင်ကြသလဲဆိုတာ သိရှိနိုင်ဖို့ ‘မြန်မာ့မူဝါဒအသိုက်အဝန်း’ရဲ့ သဘောထားစစ်တမ်းကို ISP-Myanmar အဖွဲ့က ကောက်ယူပြီး ထုတ်ဝေလာခဲ့တာ အခုဆိုရင် သုံးကြိမ်ရှိပါပြီ။ ဒါကို မြန်မာ့လူကျော်လူမော်တို့ရဲ့အမြင်လို့ ခေါ်ဆိုထားတာပါ။ အခုပေါ့ကတ်စ်မှာတော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ်အကျိုးစီးပွားတွေက ဘာတွေရှိမလဲဆိုတာကို ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

  42. -14

    မြန်မာ့မြေပေါ်က တရုတ်အကျိုးစီးပွားနှင့် မြန်မာ့ပဋိပက္ခဖြေရှင်းရေး - လူကျော်လူမော်တို့၏ အမြင်ဖြင့် ချိန်ထိုးကြည့်ခြင်း (အပိုင်း-၁)

    မြန်မာ-တရုတ် ဆက်ဆံရေးမှာ တရုတ်က မြန်မာကို ‘အမျိုးသားအကျိုးစီးပွား’အရ ဘယ်လို ရှုမြင် သလဲဆိုတာ နားလည်ဖို့ လိုအပ်ပါတယ်။ တဖက်မှာလည်း မြန်မာက ဘယ်လို ‘အမျိုးသား အကျိုးစီးပွား’ အခြေခံနဲ့ တန်ပြန်ဆက်ဆံမှာလဲဆိုတာကိုလည်း စဉ်းစားရမှာ ဖြစ်ပါတယ်။ အခုပေါ့ကတ်စ်မှာ မြန်မာ-တရုတ် ဆက်ဆံရေးရဲ့ လက်ရှိအခြေအနေကို အကျဉ်းချုပ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 

  43. -15

    ‘ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ’ - ထိုင်းနိုင်ငံဖောက်ရမည့်လမ်း

    ၂၀၂၅ ခုနှစ် ဧပြီလကုန်ကနေ မေလဆန်းအထိ တနင်္သာရီတိုင်းမှာ KNLA တပ်မဟာ-၄ နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ ထီးထာဗျူဟာနဲ့ ထီးခီးစခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာလည်း  KNU တပ်မဟာ-၆ လက်အောက်ခံတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီက အာရှလမ်းမကြီးကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ မအောင်မြင်သေးပါဘူး။ ထိုင်းနိုင်ငံကတော့ မြန်မာ့ပဋိပက္ခကို ဖြေရှင်းဖို့ စိတ်ဝင်စားပြီး အာရှလမ်းမကြီး ပြန်ဖွင့်ဖို့နဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကြားဝင်ဆောင်ရွက်နေပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ရှမ်းမြောက်မှာ တရုတ်နိုင်ငံရဲ့ ချဉ်းကပ်ပုံဖြစ်တဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးမက်လုံးအပေါ် အခြေခံပြီး ပဋိပက္ခလျှော့ချရေး မိုဒယ်ကို လိုက်ပြီး ကျင့်သုံးဖို့ဆိုတာမှာ အခြေအနေ မတူတာတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဒီကွာဟချက်တွေကို အခြေခံပြီး ကာလံဒေသံနဲ့ ကိုက်ညီမယ့် မဟာဗျူဟာ ဖန်တီးနိုင်မယ်ဆိုရင်တော့ ရလဒ်ကောင်းတွေ ထွက်ပေါ်နိုင်ပါတယ်။

  44. -16

    လူချမ်းသာများ အာသာဖြေသည့် ဆင်းရဲတွင်းက ညစ်ညမ်းရုပ်သံ

    မြန်မာနိုင်ငံမှာ ညစ်ညမ်းရုပ်သံဟာ တရားမဝင်ပေမဲ့ အင်တာနက်ပေါ်မှာ အလွယ်တကူရနိုင်ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း ဆင်းရဲမှုကို အလွန်အမင်းချဲ့ကားပြီး သနားညှာတာစိတ်ကို ဖမ်းယူတဲ့ “poverty porn” လို့ ခေါ်နိုင်တဲ့ ရုပ်သံတွေ လူမှုကွန်ရက်မှာ ပေါ်ထွက်လာပါတယ်။ ဒီညစ်ညမ်းရုပ်သံတွေဟာ လိင်ကိစ္စမပါဘဲ လူသားဆန်မှုကို အာသာဖြေဖို့ ဆင်းရဲသားတွေရဲ့ ဘဝကို အသုံးချပြီး အလှူငွေရှာလာကြပါတယ်။ “Poverty porn” ပျံ့နှံ့လာတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး အခု Podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။

  45. -17

    ခြံစည်းရိုးပေါ်က တော်လှန်ရေး

    အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီကို ပြန်မတိုက်ဘဲ စောင့်ကြည့်နေခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေထဲမှာ ကယန်းပြည်သစ်ပါတီလည်း ပါပါတယ်။ အဲဒီလို အဖွဲ့တွေကို free rider လို့ခေါ်ပါတယ်။ ကယန်းပြည်သစ်ပါတီဟာ ပြောင်းလဲလွယ်တဲ့ စစ်ရေးရပ်တည်ချက်ကို ထိန်းသိမ်းတာ၊ ကယန်းလူမျိုးရေးအခြေခံတဲ့ ဇာတ်ကြောင်းကို အရှိန်မြှင့်တင်တာ၊ တော်လှန်လူငယ်တွေကို တဆင့်ခံသဘော ကြီးကြပ်ပေးတာ  ပါတီရဲ့ နိုင်ငံရေးလိုအပ်ချက်ပေါ်မူတည်ပြီး ပါဝင်ပတ်သက်ရေးနဲ့ ကြားနေရေးနှစ်မျိုးလုံးကို လက်ကိုင်ထားပါတယ်။ ဒါပေမဲ့ ကယန်းပြည်သစ်ပါတီဟာ စစ်ရေးပျက်ကွက်မှုကြောင့် သြဇာကျဆင်းလာပါတယ်။ သူ့ရဲ့ညှိနှိုင်းရေးအင်အားဟာ ဘယ်ပုံဘယ်နည်းနဲ့ ဆက်ရှိမလဲ ဆိုတာနဲ့ ပတ်သက်ပြီး သုံးသပ်ချက်ကို  အခု Podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။

  46. -18

    O’ Northern Road: Subcontracting Sovereignty

    The China-brokered Lashio Model, which allowed the SAC to retake Lashio while the MNDAA held surrounding areas, marks a shift toward “subcontracting sovereignty” through externally mediated ceasefires. It risks deepening Myanmar’s fragmentation and weakening statehood. In this podcast generated by AI, we unpack what the Lashio Model reveals about shifting power dynamics, contested sovereignty, and the urgent need for political guardrails.

  47. -19

    ‘အို... မြောက်ပိုင်းလမ်း …’ အချုပ်အခြာအာဏာကို တဆင့်ခံကန်ထရိုက်ပေးခြင်း

    တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် MNDAA အနေနဲ့ လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်အပ်ခဲ့ရ ပါတယ်။ စစ်ကောင်စီဟာ သူ့ရဲ့ အားနည်းချက်ဖြစ်တဲ့ တိုင်းပြည်ကျရှုံးနိုင်ငံဖြစ်ပြီး ပြိုကွဲနိုင်ခြေကို လက်နက်သဖွယ်အသုံးချပြီး ဗဟိုမပြိုလဲရေးအတွက် တရုတ်နိုင်ငံကို ပြန်လည်ကျားကန်ခိုင်းတဲ့ နည်းလမ်းတခုလို့ ရှုမြင်နိုင် ပါတယ်။ အခု လားရှိုးမိုဒယ်က အောင်မြင်လာရင် အလားတူ ဆင်တူယိုးမှား မိုဒယ်တွေ၊ ဥပမာ- TNLA ထိန်းချုပ်ထားတဲ့မြို့တွေ၊ ဒါမှမဟုတ် မြန်မာ-ထိုင်းနယ်စပ်နဲ့ မြန်မာ-အိန္ဒိယနယ်စပ်က မြို့တွေမှာရော ပေါ်လာ နိုင်မလား ဆိုတာကို သုံးသပ်စရာ ဖြစ်လာပါတယ်။ မြန်မာ့ပဋိပက္ခဖြေရှင်းရေး တရုတ်နိုင်ငံရဲ့ လုပ်ငန်းစဉ်ဟာ မြန်မာပြည်သူလူထုဆန္ဒရဲ့ အထိန်းအထေ၊ ပါဝင်သင့်သူတွေ ပါဝင်ဖို့ လိုအပ်တဲ့အထိန်းအထေနဲ့ နိုင်ငံတကာက လက်ခံထားတဲ့ မူဘောင်တွေရဲ့အထိန်းအထေနဲ့တူတဲ့ ‘ကရွတ်ခွေ’ လိုအပ်နေတာ သတိပြုရပါမယ်။

  48. -20

    The March 28 Sagaing Earthquake: Earthquake Diplomacy and Potential Political Aftershocks

    The March 28 Sagaing Earthquake brought severe destruction to central Myanmar and prompted swift international aid and temporary ceasefires. While it offers a rare opening for “earthquake diplomacy,” structural weaknesses and ongoing conflict cast doubt on lasting peace.In this On Point, we examine whether the Sagaing Earthquake could become a turning point for Myanmar—or if it will be another crisis lost to politics and missed opportunities.

  49. -21

    နိုင်ငံရေးသမားကို ဆယ်လီဇာတ်သွင်းခြင်း

    တော်လှန်ရေးကာလမှာ ရန်ပုံငွေရှာဖွေပေးနိုင်တဲ့ အင်အားကြောင့် နိုင်ငံရေးအရ ပြောရေးဆိုခွင့်ရှိသူဆန်ဆန်၊ ခေါင်းဆောင်ဆန်ဆန် ပြောခွင့်အနေအထားတွေရသွားတာကလည်း စိုးရိမ်ဖွယ်ပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တော်လှန်‌ရေးအစိုးရ ဝန်ကြီးဆိုသူကပါ တော်လှန်ရေးဆယ်လီ ရန်ပုံငွေရှာဖွေသူတဦးကို ပြန်လည်တောင်းပန်ရတဲ့အထိ ဆယ်လီအရှိန်အဝါက ကြီးလာခဲ့ပါတယ်။ ဆယ်လီတွေ နိုင်ငံရေးအရပြောဆိုလာတဲ့ကိစ္စတွေ နိုင်ငံရေးသမားတွေကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှုပေါ်  အခြေခံပြီး ဆယ်လီပုံသွင်းတာတွေနဲ့ ပတ်သက်ပြီး အခု Podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။ 

  50. -22

    မြန်မာ့မြေရှားတူးဖော်မှု - ဗျူဟာမြောက်သတ္တုနောက်ကွယ်က ကပ်ဘေးသင့်ပြည်သူများ

    မြန်မာနိုင်ငံနဲ့ တရုတ်အကျိုးစီးပွားလို့ ပြောကြတိုင်း  ပထဝီနိုင်ငံရေးသြဇာချဲ့ထွင်တာ၊ အခြေခံအဆောက်အအုံတွေ၊ စီမံကိန်းကြီးတွေ၊ စီးပွားရေးစင်္ကြံကြီးတွေကို ပြေးမြင်ကြပါတယ်။ ပဋိပက္ခမီးတွေနဲ့အတူ ပိုပြီးကျယ်ပြန့်လာတဲ့  သယံဇာတတူးဖော်မှုတွေ ဥပမာ-မြေရှားတူးဖော်မှုလို ကိစ္စတွေကို မေ့ထားလို့မရပါဘူး။  တရုတ်နိုင်ငံအတွက် မြန်မာ့မြေရှားအရေးပါမှုနဲ့ မြေရှားတူးဖော်မှုတွေကြောင့် မျက်ကွယ်အခြေအနေတွေမှာ ဒေသခံတွေ ဘယ်လိုဒုက္ခရောက်နေကြရသလဲဆိုတာနဲ့ ဒေသခံတွေ လိုချင်တဲ့၊ လုပ်ချင်တဲ့ အရာတွေကဘာတွေလဲဆိုတာကို အခု Podcast မှာ နားဆင်ကြရပါမယ်။

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

HOSTED BY

ISP-Myanmar

CATEGORIES

URL copied to clipboard!