Arakan Sagawar (Rakine Version)
from Mizzima 108FM Hosted by Mizzima Radio
Mizzima 108FM Daily News Arakan Sagawar (Rakine Version) ရခိုင်ပြည်နယ်ရဲ့ News-You-Can-Use Talk Show နှစ်ပတ်တကြိမ် သတင်းအစီအစဥ် စကားပြော ရေဒီယို အစီအစဥ်နဲ့ အသံ podcast တွေကို ရိုဟင်ဂျာ၊ ရခိုင်ဘာသာစကား ၂ မျိုးနဲ့ တင်ဆက်ထားတာ ဖြစ်ပါတယ်။ Episode - 25 မှာတော့ - မောင်တောက ရိက္ခာသိုလှောင်ရုံ မီးရှို့ခံရမှု WFP ရှုတ်ချ - သံတွဲမြို့ ငပလီကမ်းခြေရှိ မဇင်လေဆိပ်ကို AA သိမ်းပိုက် - ဟိုင်ဂင် သဘောတူညီချက် ကျိုးပျက်၊ စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲစဖြစ် - စစ်ကြောရေး ရိုက်နှက်ဒဏ်ရာကြောင့် ဗျိုင်းဖြူရွာသား ၂၀ ကျော် ဆေးကုနေရ - ရခိုင်ပြည်အတွင်း ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်နေ - မြန်မာနိုင်ငံဘက်က နောက်ထပ်ပစ်ခတ်လာပါက လက်တုံပြန်သွားမယ်လို ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေး ဝန်ကြီး သတိပေး - AA ထံ လက်နက်ချအညံ့ခံမည့် မောင်တော နခခ ရဲတပ်ဖွဲဝင်များကို စစ်ကောင်စီအရာရှိများက ပါးရိုက် - မောင်တောမြို့မရဲစခန်း လက်နက်ကြီးကျည်ကျပြီးနောက် အချုပ်သား ၄၈ ဦး လွတ်မြောက်လာ - မြန်မာပြည်တွင်းနဲ့ နယ်နမိတ်ထိစပ်နိုင်ငံတွေက မြန်မာဒုက္ခသည်တွေကို ယူရို ၁၅ သန်း EU ထပ်တိုး ကူညီမည် စတဲ့သတင်းတွေနဲ့အတူ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားတဲ့ အခုတော့ ဇွန်လ တတိယ (၁၀) ရက် ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်တွေကို တင်ပြထားပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) က ထုတ်ပြန်ထားတဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတစ်ခုအတွင်း ကျ ရောက်နေပါက လုပ်ဆောင်ရမယ့်အချက်တွေလည်းကို တင်ဆက်ပေးထားပါတယ်။
Embed this episode
No transcript yet.