EPISODE · Nov 2, 2024 · 43 MIN
အယူအဆမှားများ အား ကျော်ဖြတ်ခြင်း Emotional Support Session Series 43/24
from Let’s Get Relaxed · host Serenity
ဒီတပတ်မှာတော့ 'အယူအဆမှားများ အား ကျော်ဖြတ်ခြင်း' ခေါင်းစဉ်ကို ဆွေးနွေးပေးသွားမှာပါ။အမျိုးသားများ စိတ်ကျန်းမာပျော်ရွှင်ဖို့သည်လည်း ဘဝအတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ သို့သော် များသောအားဖြင့် လူမှုအသိုင်းအဝိုင်းရဲ့အယူအဆမှားများကြောင့် အမျိုးသားများဟာ မိမိစိတ်ကျန်းမာရေးကို ပြောဆိုဖော်ထုတ်ဖို့ လွယ်ကူမှုမရှိကြပါဘူး။ ဝမ်းနည်းနာကျင်စရာ ရှိခဲ့ရင်တောင် ငိုဖို့မရဲတဲ့အခြေအနေတွေကြောင့် ပိုမိုနာကျင် ခံစားရနိုင်ပါတယ်။မိမိမိသားစု ပတ်၀န်းကျင်မှာရှိတဲ့ အမျိုးသားများရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ကို အမျိုးသားများသာမက အမျိုးသမီးများကလည်း နားလည်သိရှိထားဖို့လိုအပ်ပါတယ်။ ဒါမှလည်း တစ်ဦးစိတ်အခြေအနေကို တစ်ယောက်က နားလည်ပြီး သာယာ ပျော်ရွှင်တဲ့ မိသားစုဘဝကို ဟန်ချက်ညီညီ တည်ဆောက်နိုင်ကြမှာပါ။လူသားတစ်ယောက်ဖြစ်သော အမျိုးသားများလည်း မိမိစိတ်ကိုဖော်ထုတ်ဖွင့်ဟပြီး အယူအဆမှားတချို့ကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။
Embed this episode
NOW PLAYING
အယူအဆမှားများ အား ကျော်ဖြတ်ခြင်း Emotional Support Session Series 43/24
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.