ဗိုလ်နဂါး ဦးဆောင်သည့်တပ်များ ပုလဲမြို့ပေါ်မှ ပြန်ဆုတ်ခွာ၊ တိုက်ပွဲကြောင့် ပြည်သူသောင်းချီ စစ်ဘေးရှောင် episode artwork

EPISODE · Nov 16, 2024 · 3 MIN

ဗိုလ်နဂါး ဦးဆောင်သည့်တပ်များ ပုလဲမြို့ပေါ်မှ ပြန်ဆုတ်ခွာ၊ တိုက်ပွဲကြောင့် ပြည်သူသောင်းချီ စစ်ဘေးရှောင်

from DVB News · host Democratic Voice of Burma

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ စစ်ကောင်စီက တပ်သားအင်အားတိုးချပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်တာကြောင့် ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA နဲ့ မဟာမိတ်တပ်တွေ မြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ နိုဝင်ဘာ ၁၄ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက ရဟတ်ယာဉ် ၄ စီးနဲ့တပ်သားအင်အား ၁၀၀ ကျော် ပုလဲမြို့ပေါ်ကို ထပ်မံပို့ဆောင်ခဲ့သလို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA နဲ့ မဟာမိတ်အဖွဲ့တွေဟာ ပုလဲမြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာခဲ့ရတာပါ။ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့လာချတဲ့ စစ်သားတွေဟာ ဘုတလင်နယ်မှာ အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တဲ့ စစ်ကြောင်းက တပ်သားတွေဖြစ်တယ်လို့ ဒေသတွင်း PDF တွေက ပြောပါတယ်။ နိုဝင်ဘာ ၁၁ ရက်မှာ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA နဲ့ မဟာမိတ်အဖွဲ့တွေက ပုလဲမြို့ကို သိမ်းယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး မြို့ကို အပြီးသတ်သိမ်းယူနိုင်ခါနီးအထိ ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ https://burmese.dvb.no/post/677891

Episode metadata supplied by the publisher feed · Published Nov 16, 2024

Embed this episode

Ready to play

ဗိုလ်နဂါး ဦးဆောင်သည့်တပ်များ ပုလဲမြို့ပေါ်မှ ပြန်ဆုတ်ခွာ၊ တိုက်ပွဲကြောင့် ပြည်သူသောင်းချီ စစ်ဘေးရှောင်

0:00 3:01

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of DVB News?

This episode is 3 minutes long.

When was this DVB News episode published?

This episode was published on November 16, 2024.

Can I download this DVB News episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!