Burmese Podcast_Flirt Yinn Hluu_Interview with Founder Grace  episode artwork

EPISODE · Mar 17, 2024 · 20 MIN

Burmese Podcast_Flirt Yinn Hluu_Interview with Founder Grace

from The Generation of Resistance · host Struggling Generations

‘ကျနော်တို့ တာ,စထွက်ကတည်းက တူတူသွားကြမယ်ဆိုပြီး တူတူသွားခဲ့တဲ့ခရီး တချို့တွေပြတ်ကျန်ခဲ့တယ်....တချို့တွေက အရင်လိုနေသားကျတဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်။ သတိလေးကပ်ပြီး အာဏာရှင်တွေချုပ်ချယ်မှုကနေ ရုန်းထွက်လို့ရသေးတယ်။ ငါတို့အိမ်မက်တွေ မပြည့်သေးပါလား..၊နောက်ကလေးတွေအိမ်မယ်ဘယ်လိုဖြစ်လာမလဲဆိုတာ တွေးပြီး အာဏာရှင်ပြုတ်ကျရေးပွဲ အပြီးပါပေးကြပါလို့’ ဂရေ့စ်၊ Flirt Yinn Hluu ဖလစ်ရင်းလှူ ထောက်ပို့အဖွဲ့တည်ထောင်သူတွေထဲက တဦး ဖလစ်ရင်း (အကောင့်တခုခုကနေ မိမိ အကောင့် “မက်ဆင်ဂျာစကားပြောခန်း” ကို လာရောက်စကားပြောတာကို နားထောင်၊ ပြန်စကားပြောခြင်း)နဲ့ ရန်ပုံငွေ ကောက်ခံပေးနေတဲ့ လူငယ်တွေဦးဆောင်တဲ့ ထောက်ပို့ အဖွဲ့တဖွဲ့ရှိပါတယ်။ Flirt Yinn Hluu ဖလစ်ရင်းလှူ လို့ အမည်ရတဲ့ အဖွဲ့ပါ။ စကားပြောတာကို နားထောင်ပေး၊ ပြန်လည်စကားပြောပေးတဲ့ “ဖလစ်” တယ်လို့ ခေတ်ဗန်းစကားအရ လူငယ်တွေကြား ခေါ်လေ့ရှိတဲ့ လှုပ်ရှားမှု လုပ်တဲ့အဖွဲ့ပါ။ ၎င်းတို့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ၁ နာရီ စကားလာပြောမယ်ဆို ကျပ်ငွေ ၂၀၀၀ ကောက်ခံတဲ့ ဝန်ဆောင်မှုပါ။ ဒီဝန်ဆောင်မှုတွေကို လိုအပ်နေတဲ့ အဖွဲ့အစည်းအသီးသီးထံ ပို့ဆောင်ပြီး စားနပ်ရိက္ခာနဲ့ တခြားလိုအပ်ချက်များအတွက် ထောက်ပို့နေတဲ့အဖွဲ့ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် သြဂုတ်လကတည်းက ဒီအဖွဲ့ကို တည်ထောင်ခဲ့တာဖြစ်ပြီး (၂)နှစ်တာကာလအတွင်း သိန်း (၃၀၀) ခန့်နီးပါး အညာဘက်နဲ့ ကရင်နီတကြော လိုအပ်တဲ့နေရာတွေဆီ ဆေးဝါးနဲ့ရိက္ခာ စသဖြင့် ထောက်ပံ့ပေးနိုင်ခဲ့ပြီလို့ ပြောပါတယ်။ “ကျနော်တို့ လူငယ်တွေမှာရှိသင့်တဲ့ အခွင့်အရေးတွေကို စစ်အာဏာရှင်က ချုပ်ချယ်တယ်လို့ ခံစားနေရလို့..၊ ဒီနေရာမှာဘာမလုပ်နဲ့ ဘာမလုပ်နဲ့... ဆိုပြီး တားဆီးပိတ်ပင်ခံနေရတာမကြိုက်ပါဘူး။ လမ်းပျောက်နေရာက တခုခုလုပ်မယ်ဆိုပြီး ဒီထောက်ပို့အဖွဲ့ကို စလုပ်ဖြစ်ခဲ့တယ်” ဂရေ့စ်၊ Flirt Yinn Hluu ဖလစ်ရင်းလှူ ထောက်ပို့အဖွဲ့တည်ထောင်သူတွေထဲက တဦး ဖလစ်တယ်လို့ ခေတ်ဗန်းစကားအရခေါ်တဲ့ ‘စကားပြောတာကို နားထောင်ပေး၊ ပြန်လည်စကားပြောပေးတဲ့’ လှုပ်ရှားမှုအပြင် ကောက်ညှင်းပေါင်းတပွဲ၊ သနပ်ခါးတုံး စသည်ဖြင့် ရောင်းချပေးတဲ့ လှုပ်ရှားမှုတွေလည်း လုပ်နေပါတယ်။ မိမိချစ်ခင်နှစ်သက်သူ တဦးဦးရဲ့ ဖေ့ဘွတ်အကောင့်ကိုပြပြီး အကောင့်ပိုင်ရှင်အတွက် ကောက်ညှင်းပေါင်းဓာတ်ပုံ သို့မဟုတ် သနပ်ခါး စသည်ဖြင့် ဒစ်ဂျစ်တယ်ဓာတ်ပုံလက်ဆောင် ပေးပို့တဲ့ ဝန်ဆောင်မှုပုံစံမျိုးပါ။ သူတို့ရဲ့ ဆန်းသစ်တဲ့ ဒစ်ဂျစ်တယ်ထောက်ပို့နည်းလမ်းတွေအကြောင်း အကျယ်တဝင့်ကို ရုန်းကန်မှုနဲ့တို့မျိုးဆက် Podcast က မေးမြန်းကြည့်ထားပါတယ်။ Youtube: https://youtube.com/@TheGenerationofResistance?si=trZ5VgnJjuluqO-P Spotify: https://open.spotify.com/show/44xjYJXAxyZsu2wPVJEkDe Apple Podcast: https://podcasts.apple.com/us/podcast/the-generation-of-resistance/id1707996187 Google Podcast: https://podcasts.google.com/feed/aHR0cHM6Ly9hbmNob3IuZm0vcy9lNjY0ZWE3NC9wb2RjYXN0L3Jzcw #podcast #myanmar #burmese #youth #revolution #karenni #rakhine #youtubevideo #politics #politicalupdates #mediaonenews  #broadcast #activists #insightmyanmar #socialcohesion #interview #anti-juntasmovement #nodiscrimination #humanitarianwork #humanitarinaids #လူငယ် #ရုန်းကန် #စစ်အာဏာရှင်ဆန့်ကျင်ရေး #တော်လှန်ရေး #ကရင်နီ #လူမှုသဟဇာတ #လူသားချင်းစာနာထောက်ထားမှုအကူအညီ #podcastchannel #talkshow #interview #myanmarcoup #myanmarmilitary #springrevolutionmyanmar #whatshappeninginmyanmar

Episode metadata supplied by the publisher feed · Published Mar 17, 2024

Embed this episode

Ready to play

Burmese Podcast_Flirt Yinn Hluu_Interview with Founder Grace

0:00 20:26

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of The Generation of Resistance?

This episode is 20 minutes long.

When was this The Generation of Resistance episode published?

This episode was published on March 17, 2024.

Can I download this The Generation of Resistance episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!