EPISODE · Feb 17, 2024 · 3 MIN
စစ်မှုထမ်းဥပဒေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံရပါက တိုင်ကြားနိုင်ရန် NUG လူ့အခွင့်အရေးဌာန စီစဉ်
from DVB News · host Democratic Voice of Burma
ပြည်သူ့ စစ်မှုထမ်းဥပဒေကိုသုံးပြီး ပေါ်တာဆွဲတာ၊ ဖမ်းဆီးခံရတာတွေရှိလာရင် မိသားစုဝင်တွေက တိုင်ကြားစာပေးပို့တာကို လက်ခံနိုင်မယ့် ယန္တရားကို စီစဉ်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။ နအဖအစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက အမိန့်ထုတ်ပြန်ပြီး နောက်တရက်မှာပဲ မြေပြင်မှာ လူငယ်တွေဖမ်းဆီးခံရတာ၊ ပေါ်တာဆွဲခံရတာတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ဥပဒေကိုဗန်းပြပြီး နိုင်ငံတကာစစ်စည်းကမ်းနဲ့ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။ ဖမ်းဆီးခံရတာ၊ ပေါ်တာဆွဲခံရတာတွေရှိလာရင် ပြည်သူတွေအနေနဲ့ ကုလသမဂ္ဂမှာဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ဆီကို အထောက်အထားတွေ အချိန်နဲ့တပြေးညီ တိုက်ရိုက်ပေးပို့တိုင်ကြားနိုင်သလို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကနေတဆင့် ပေးပို့တိုင်ကြားနိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
Embed this episode
Ready to play
စစ်မှုထမ်းဥပဒေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံရပါက တိုင်ကြားနိုင်ရန် NUG လူ့အခွင့်အရေးဌာန စီစဉ်
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.