EPISODE · Dec 14, 2024 · 3 MIN
ဆီးရီးယားအာဏာရှင်လို မြန်မာစစ်ခေါင်းဆောင် မကြာခင်ကျရှုံးမည်
from DVB News · host Democratic Voice of Burma
ဆီးရီးယားမှာ အာဏာရှင်ကိုဖြုတ်ချနိုင်ခဲ့သလို မြန်မာစစ်ခေါင်းဆောင်လည်း မကြာခင်မှာ ကျရှုံးလိမ့်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၈ ရက်မှာ ဆီးရီးယားတော်လှန်ရေးအင်အားစုတွေက မြို့တော်ဒမတ်စကတ်ကို သိမ်းယူပြီး ၁၃ နှစ်ကြာတော်လှန်ရေးကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့တာပါ။ ရုရှားအစိုးရရဲ့ထောက်ခံမှုနဲ့ အာဏာရှင်စနစ်ကျင့်သုံးနေတဲ့ သမ္မတအာဆတ်ကတော့ ရုရှားနိုင်ငံကို ခိုလှုံခွင့်တောင်းခံပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ဖမ်းဝရမ်းထုတ်ခံရမယ့် အခြေအနေ၊ မြို့ပေါင်း ၉၀ အထိ ထိန်းချုပ်လာနိုင်ပြီဖြစ်တဲ့ ပြည်သူတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးအခြေအနေတွေကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မကြာခင်မှာ ကျရှုံးလိမ့်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီတာဝန်ရှိသူ ဦးငြိမ်းသစ်က ပြောဆိုလိုက်တာပါ။ စစ်ကောင်စီလက်အောက်ခံ အရာရှိ အရာခံတွေအားလုံးလည်း ဒီအခြေအနေကိုနားလည်ပြီး ပြည်သူ့ဘက်ကို ကူးပြောင်းကြဖို့ သူကတိုက်တွန်းပါတယ်။ NLD ဗဟိုပြန်ကြားရေးကော်မတီတာဝန်ရှိသူ ဦးငြိမ်းသစ် က “ဆီးရီးယားကအာဆတ်ဆိုရင် ရုရှား၊ အီရန် တကယ့်အင်အားကြီးနိုင်ငံတွေရဲ့ ထောက်ပံ့ကူညီမှုတွေ စစ်ရေးအကူအညီတွေ ရခဲ့တာပဲ။ ဒါပေမဲ့ သူဟာ ပြည်သူလူထုနဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေရဲ့ စုပေါင်းတော်လှန်မှုကြောင့် အာဏာလက်လွှတ်ခဲ့ရတယ်။ အခု မင်းအောင်လှိုင်ဆိုလည်း အင်အားကြီးတဲ့နိုင်ငံတွေသူ့ဘက်က ထောက်ခံမှုတွေရှိနေပေမဲ့ ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှုအားနဲ့ သူ့ရဲ့မတရားသဖြင့် အာဏာသိမ်းပြီးတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်မှုတွေကို ကမ္ဘာကလည်း လက်မခံဘူး မြန်မာပြည်သူတွေကလည်း လက်မခံဘူး။ သူဟာ အခုဆိုရင် ICC ရဲ့ဝရမ်းထုတ်ပေးဖို့ လျှောက်ထားမှုပါခံထားရတယ်။ မကြာခင်သူဟာ ဝရမ်းပြေးဘဝကိုလည်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မင်းအောင်လှိုင်က ဝရမ်းမှုရယ်၊ ပြည်သူလူထုက ဝိုင်းဝန်းဆန့်ကျင်မှုရယ်ကြောင့် သူလည်းပဲ မကြာခင် ကျရှုံးတော့မယ့် အာဏာရှင်တယောက်လို့ မြင်မိပါတယ်” လို့ ပြောပါတယ်။ https://burmese.dvb.no/post/681829
Embed this episode
Ready to play
ဆီးရီးယားအာဏာရှင်လို မြန်မာစစ်ခေါင်းဆောင် မကြာခင်ကျရှုံးမည်
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.