စကားပြောအက်ဆေး (၂)
from DNA Podcast Hosted by delta news agency
ကျွန်တော်နှင့်အိမ်သာ ဗြိတိသျှကိုကိုမောင် ပြီးခဲ့တဲ့တပတ်ကတော့ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ် တွေက အိမ်သာဋီကာ အကြောင်းတွေကို ကျွန်တော်ပြောပြခဲ့ပြီးပါပြီ။ ဒီကနေ့တော့ ကျွန်တော်တို့ရဲ့ ၂၁ ရာစုအိုင်တီခေတ်ကြီးထဲမှာ ကျွန်တော်ကိုယ်တိုင် ကြုံရဆုံရတဲ့ အိမ်သာကိစ္စများအကြောင်းပေါ့ဗျာ။ တခါတုန်းက အဖေကကျွန်တော့ကို သူ့လူပျိူဘဝ စိတ်ကူးပြောပြဖူးတယ်ဗျ။ အဲဒါက ဒီလို ... "ငါတို့ခေတ်တုန်းက ကတ်ဆက်တွေခေတ်စားတာပေါ့ကွာ.. ကတ်ဆက်နားထောင်ရတာ အကြီးမားဆုံး ဇိမ်ခံမှုပဲ။ အဲဒီတော့ ငါစိတ်ကူးယဉ်ခဲ့တာ ..အိမ်ထောင်ကျလို့ မိသားစုနဲ့ဖြစ်လာတဲ့အခါ ဧည့်ခန်းမှာ ကတ်ဆက်တလုံး၊ အိပ်ခန်းထဲမှာ ကတ်ဆက်တလုံး နဲ့ အိမ်သာထဲမှာ ကတ်ဆက်တလုံးထားမယ်.. စိတ်ကူးထားတာ ။ သီချင်းနားထောင်ရင်း အိမ်သာတက်ရင် ဇိမ်ပဲလို့ စဉ်းစားဖူးတယ်။" အဖေက ကျွန်တော့အဖေဖြစ်နေလို့လား ဒါမှမဟုတ် ကျွန်တော်ကပဲ အဖေ့သားဖြစ်နေလို့လားမသိပါဘူး .. အဲဒီလို ကတ်သီးကတ်သတ် တွေ အရမ်းတွေးတာ။ အမ်း .. အဖေ့စိတ်ကူးထဲကလိုအိမ်သာမျိုးကိုတော့ ကျွန်တော်ကြီးလာတဲ့အခါ သုံးလလောက်တက်ဖူးခဲ့တယ်ဗျာ။ အဲဒါဘယ်မှာလဲဆိုတော့. . .
Embed this episode
No transcript yet.