Content Marketing ကို မဟာဗျူဟာတစ်ခုအနေနဲ့ သုံးမယ်။ episode artwork

EPISODE · Jul 11, 2021 · 12 MIN

Content Marketing ကို မဟာဗျူဟာတစ်ခုအနေနဲ့ သုံးမယ်။

from The Derek Podcast by Dr. Phyo Paing · host Phyo Paing

1. Content Marketing as a long-term strategy ဆရာကျတဲ့ Marketing သမားတစ်ယောက် ဖြစ်ဖို့ Think Big ဖြစ်ဖို့လိုပါတယ်။ 2014-2015 လောက်တုန်းက Facebook ဟာ မြေဆီလွှာအရမ်းကောင်းတဲ့ ဒေသတစ်ခုဖြစ်ခဲ့တယ်။ အခုမျိုးစေ့ကြဲ၊ အခုအပင်ပေါက်တဲ့အချိန်ပေါ့။ ဒါကြောင့်လဲ ဒီ Facebook ကိုအသုံးပြုပြီး အရင်းအနှီးမလိုတဲ့ လုပ်ငန်းတွေ တစ်ခုခုပြီးတစ်ခု ကြီးထွားအောင်လုပ်ခဲ့တယ်။ တချို့ကို လပိုင်းအတွင်း ပြန်ရောင်းခဲ့တယ်။ ဒါပေမယ့် တချိန် Facebook ဟာ မြေဆီလွှာမသန်တော့ရင်ဆိုတာလေး ကြိုစဥ်းစားမိတယ်။ အဲ့ဒီနောက်ပိုင်းမှာ မဟာဗျူဟာ တစ်ခုကို အကောင်းအထည်ဖော်ခဲ့တယ်။ ဒီမဟာဗျူဟာကတော့ Content Marketing ပဲဖြစ်တယ်။ Content Marketing ဆိုတာ အရောင်းပို့ရေးတာမဟုတ်ပါ။ Content Marketing ဆိုတာ လူတွေရဲ့ "ယုံကြည်မှု"ရအောင် Expert Power တည်ဆောက်တာဖြစ်ပါတယ်။ Expert Power ကိုတည်ဆောက်ဖို့ content ကိုဖန်တီးသူဟာ သူလုပ်ကိုင်နေတဲ့ industry အကြောင်း၊ product အကြောင်း၊ ကိုယ့် content ကို consumer လုပ်မည့်သူတွေရဲ့ psychology အကြောင်း ကောင်းကောင်းသိထားရပါတယ်။ အများစု content writer လေးတွေဟာ စာရေးတတ်ပြီးပြီ လို့ထင်တတ်ကြတာ မမှန်ပါဘူး။ B2B လုပ််ငန်းတွေအတွက် White Paper ဆိုတာရှိပါတယ်။​ 2. Concept behind content marketing ဘာကြောင့် content marketing ကိုလုပ်ရသလဲဆို See-Think-Do လို့ခေါ်တဲ့ framework တစ်ခုကြောင့်ပါ။ See မြင်လိုက်တယ်။ Video တစ်ခု၊ Post တစ်ခုကိုမြင်လိုက်တယ်။ ဒီအကြောင်းကိုစိတ်ဝင်စားတော့ နားထောင်ကြည့်၊ ဖတ်ကြည့်ပြီး စဥ်းစားတယ်။ Think အပိုင်းပါ။ နောက်တစ်ဆင့်ကတော့ လုပ်ဆောင်တဲ့ Do အပိုင်းဖြစ်ပါတယ်။ Content Marketing ဟာ ဒီ See-Think-Do Framework မှာ စာဖတ်သူတွေရဲ့ အတွေးထဲကို လွမ်းမိုးထားချင်တာဖြစ်ပါတယ်။ ဒါကို permission marketing လို့လဲခေါ်ပါတယ်။ Video တွေမှာ pre-roll ad, mid-roll ad ထည့်တာ ဒါတွေကိုတော့ interrupted marketing လို့ခေါ်ပါတယ်။ Interrupted marketing လုပ်တဲ့အခါ လူတွေ စိတ်အနှောက်အယှက်ဖြစ်ပါတယ်။ ဒီနေ့လို အချိန်အခါမှာ ပြောင်းလဲလာတဲ့ Facebook ရဲ့ policies တွေ၊ coup တွေကြားမှာ လူတွေ attention ရဖို့ ရုန်းကန်နေတဲ့ ကြော်ငြာတွေ အများအပြားကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီအခြေအနေတွေကြားမှာ ကိုယ့်လုပ်ငန်းဟာ လူတွေနားထောင်ဖို့ စကားကို အတင်းလိုက်ပြောနေမည့်အစား၊ content marketing ကိုသာ ရင်းနှီးမြုပ်နှံမှုတစ်ခုအနေနဲ့လုပ်ထားရင် ကိုယ့်ရဲ့ authority တစ်ခုကိုတည်ဆောက်ပြီးသားဖြစ်ပါတယ်။ လူတွေနဲ့ ရင်းနှီးမယ်။​ လူတွေအတွက် အကျိုးရှိစေတဲ့ content တွေဖန်တီးထားတဲ့အတွက် ကိုယ့် brand ကို ယုံကြည်မယ်။​ လေးစားချစ်ခင်မယ်။ ဒီကောင်းကျိုးတွေကိုခံစားရမှာဖြစ်ပါတယ်။ 3. Mindset required to play the long-term game Content Marketing ကို မဟာဗျူဟာတစ်ခုအဖြစ်ရွေးချယ်တော့မယ်ဆိုရင် စဥ်းစားပုံစဥ်းစားနည်း၊ ခံယူချက်အရေးကြီးပါတယ်။ Content Marketing ဆိုတာ တစ်ရက်နှစ်ရက်၊ တစ်လနှစ်လနဲ့ ပြီးသွားမည့် game တစ်ခုမဟုတ်ပါ။ နှစ်ရှည်လများတည်ဆောက်ရပါတယ်။ Consistency လိုပါတယ်။ ဒါကြောင့် content marketing ကို မဟာဗျူဟာ တစ်ခုအနေနဲ့ ရွေးချယ်ခဲ့မယ်ဆိုရင် ကိုယ့်လုပ်ငန်းကို media ကုမ္ပဏီတစ်ခုလို စဥ်းစားဖို့လိုပါတယ်။ ကိုယ်က အကင်ဆိုင်ဖွင့်ထားရင် အကင်နဲ့ပတ်သက်လို့ media company တစ်ခုလိုစဥ်းစားပါ။ ကိုယ်က အိမ်ဆောက်ပစ္စည်းဆိုင်ဖွင့်ထားရင် အိမ်ဆောက်ပစ္စည်း media company တစ်ခုလိုစဥ်းစားပါ။ Content marketing ဟာ လုပ်ငန်းမှာ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုချဲ့ထွင်ဖို့ စျေးကွက်သုသေတစ်ခု တစ်ခုအနေနဲ့အသုံးပြုလို့ရပါတယ်။ ဥပမာ ကိုယ့်ရဲ့ content ပေါ် reponse လုပ်တဲ့အပေါ်မူတည်ပြီး သုံးသပ်လို့ရပါတယ်။ ဥပမာ Content တွေစတည်ဆောက်တဲ့အချိန်မှာ local SMEs/brand တွေလုပ်ငန်းတွေအတွက် အသုံးပြုလို့ရတဲ့ marketing လေးမရှိဘူးလား အစရှိတဲ့ မေးခွန်းလာကြတယ်။ Marketing လုပ်ရတာ ကုန်ကျစရိတ်များလိုက်တာ။ အစရှိတဲ့ audience တွေရဲ့အသံကိုနားထောင်ရင်း စရိတ်နည်းပါး၊ ထိရောက်မှုဆပွား Guerrilla Marketing Plan (GMP) ဖြစ်လာခဲ့တယ်။ 5. Content Marketing Style လူအများစုက ကိုယ်ဖန်တီးထားတဲ့ content တွေကို တခြားသူတွေယူသုံးမှာ စိုးရိမ်ကြတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ contents တွေလဲ ခဏခဏ ယူသုံးခံရပါတယ်။ ဒါကြောင့် content marketing ပြုလုပ်တဲ့အခါ style လိုပါတယ်။ ကိုယ့်နာမည်ကို ဖျောက်လိုက်ရင်တောင် ဒါဘယ်သူဖန်တီးထားတဲ့၊ ဘယ် ကုမ္ပဏီကဖန်တီးထားတဲ့ content ဆိုတာ သိနေဖို့အတွက် consistency အရေးကြီးပါတယ်။ Brand identity နဲ့ image ကို content marketing မှာ ထင်ဟတ်ဖို့ rule လေးတွေချထားရပါတယ်။​

Episode metadata supplied by the publisher feed · Published Jul 11, 2021

Embed this episode

Ready to play

Content Marketing ကို မဟာဗျူဟာတစ်ခုအနေနဲ့ သုံးမယ်။

0:00 12:40

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of The Derek Podcast by Dr. Phyo Paing?

This episode is 12 minutes long.

When was this The Derek Podcast by Dr. Phyo Paing episode published?

This episode was published on July 11, 2021.

Can I download this The Derek Podcast by Dr. Phyo Paing episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!