ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေဟု သားဖြစ်သူ ဝေဖန် episode artwork

EPISODE · Apr 20, 2024 · 2 MIN

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေဟု သားဖြစ်သူ ဝေဖန်

from DVB News · host Democratic Voice of Burma

မိခင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က ဝေဖန်ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ အကျဉ်းထောင်ကနေ နေရာရွှေ့ပြောင်းလိုက်တယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာတွေကိုပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သားဖြစ်သူ ကင်မ်အဲရစ်က ဝေဖန်လိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကင်မ်အဲရစ်က “ကျနော့်ဆီကို ကိုယ်တိုင်ကိုယ်ကျ ဘယ်သူမှ အသိပေးတာ မရှိပါဘူး။ ဘယ်သူမှ ဘာမှ မပြောပါဘူး။ သတင်းတွေထဲကနေပဲ သိရတာပါ။ ဒါကလည်း အနည်းအကျဉ်းပါပဲ။ ကျနော့်အမေကို နေရာရွှေ့တယ်ဆိုတာတော့ သေချာပါတယ်။ နေအိမ်အကျယ်ချုပ်ပုံစံမျိုး ရွှေ့လိုက်တာလား။ တခြားထောင်ကို ရွှေ့တာလားလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမဲ့ ရွှေ့ရတဲ့အကြောင်းကတော့၊ ကျန်းမာရေးအတွက်လို့ အကြောင်းပြပေမဲ့ ဒါက ဖြစ်နိုင်ခြေမရှိပါဘူး။ သူတို့အကြောင်းနဲ့ သူတို့တော့ ရှိမယ်လို့ ထင်တယ်။ နာမည်တပ်ပြောရရင်တော့ အမေ့ကို လူသားတံတိုင်းလုပ်ချင်တာလား၊ အပေးအယူလုပ်ဖို့ အသုံးချချင်တာလား မသိဘူး” လို့ ပြောပါတယ်။

Episode metadata supplied by the publisher feed · Published Apr 20, 2024

Embed this episode

NOW PLAYING

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေဟု သားဖြစ်သူ ဝေဖန်

0:00 2:40

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of DVB News?

This episode is 2 minutes long.

When was this DVB News episode published?

This episode was published on April 20, 2024.

Can I download this DVB News episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!