DNA 7 PM Podcast
from DNA Podcast Hosted by delta news agency
တော်လှန်ရေး တိုက်ပွဲကာလဖြစ်တာနဲ့အညီ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်းတွေ ကပဲ ဖုံးလွှမ်းထားတတ်ပါတယ်။ တော်လှန်ရေးထဲကလာတဲ့ စစ်ရေး၊ နိုင်ငံရေး သတင်းတွေအပြင် တနေ့တာသတင်းဖြစ်ရပ်တွေထဲ တခြားစိတ်ဝင်စားစရာ လူမှု၊ စီးပွား၊ ဘဝ သတင်းတွေလည်း ရှိနေတာပါ။ဒီကနေ့ ဇွန်လ ( ၁၅ ) ရက်မှာရရှိတဲ့ တနေ့တာသတင်းဖြစ်ရပ်တွေထဲက သတင်းတချို့ကို DNA Podcast အစီအစဉ်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။ ရန်ကုန်ကရွှေလုပ်ငန်းရှင်ကိုးဦးနဲ့ ဒေါ်လာဝယ်/ရောင်း လေးဦးဖမ်းဆီးစစ်ဆေးခံနေရ မီးရှို့ခံရတဲ့ ဆားတောင်မြို့၊ သာဇင်ရွာမှာ သက်ကြီးအမျိုးသမီးတဦးသေဆုံး၊အိမ်ခြေ (၆၀၀) ဝန်းကျင်ပျက်စီး စစ်ကောင်စီမီးရှို့လို့ ပျက်စီးခဲ့တဲ့နေအိမ် ခုနစ်သောင်းကျော်ပြီ အခုနှစ် ပထမငါးလအတွင်း အရပ်သားသေဆုံးမှုစံချိန်တင်မြင့်တက် ဂျပန်နိုင်ငံက နွေဦးရုပ်ရှင်ပွဲတော်ကနေ တော်လှန်ရေးရံပုံငွေ ကျပ်သိန်းနှစ်ထောင်ကျော်ရ ဟီရိုရှီးမားဗုံးထက် သုံးဆပိုပြင်းတဲ့ ရုရှားနျူကလီးယားလက်နက်တွေ ဘီလားရုစ်မှာ စတင်ဖြန့်ကျက် ထရမ့်ရဲ့ ယာဉ်တန်းကို နှောင့်ယှက် ဆန္ဒပြခဲ့တဲ့ အမျိုးသား အဖမ်းခံရ တယောက်တည်းမဟုတ်ပါဘူးလို့ တယောက်တည်းပြောပြောပြီး ငိုကြရတဲ့အကြောင်းများ၊ လင်းခါး
Embed this episode
No transcript yet.