DNA 7AM Podcast
from DNA Podcast Hosted by delta news agency
တော်လှန်ရေး တိုက်ပွဲကာလဖြစ်တဲ့အားလျော်စွာ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်း တွေကပဲ ဖုံးလွှမ်းထားတာပါ။နွေဦးတော်လှန်ရေးထဲက လာတဲ့ စစ်ရေး၊နိုင်ငံရေးသတင်းတွေအပြင် တနေ့တာ သတင်းဖြစ်ရပ်တွေထဲ ထူးခြား ထင်ရှားတဲ့ လူမှုဘဝ၊စီးပွားရေး သတင်းတွေလည်း ရှိနေတတ်ပါတယ်။ ယမန်နေ့ မတ်လ (၁၂)ရက် တနေ့တာ သတင်းဖြစ်ရပ်တွေထဲက ထူးခြား၊ထင်ရှားတဲ့ သတင်းဖြစ်ရပ်တွေကို DNA ကစုစည်း ဖော်ပြပေးလိုက်ပါတယ်။ #သံဃာသုံးပါးအပါအဝင် အရပ်သား သုံးဆယ်ထက်မနည်းသေဆုံး #လူသားချင်းစာနာမှု လိုအပ်နေသူတွေဆီ အတားအဆီးမရှိကူညီခွင့်ရဖို့ ဂျပန်အစိုးရတောင်းဆို #စစ်ကောင်စီနဲ့ အပစ်ရပ် ခုနှစ်ဖွဲ့ ဒီလကုန်တွေ့မယ် #မန္တလေးက မုန့်တီဆိုင်ကို လက်လုပ်ဗုံးနဲ့ သေနတ်ပြပြီး ဓားမြတိုက် # ထိုင်းနိုင်ငံမှာ သေဆုံးတဲ့ မြန်မာလင်မယားအတွက် နစ်နာကြေးပေးဖို့ ခြံရှင်က ငြင်းဆန်နေ #မြန်မာ့အရေး ငြိမ်းချမ်းစွာအဖြေရှာဖို့တောင်းဆိုတဲ့ အိန္ဒိယနဲ့ သြစတြေးလျ #နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဆက်သွယ်ရေးပုဒ်မနဲ့ ထပ်တိုးအမှုဖွင့်ခံရ #အရှင်မွေးလို့ နေ့ချင်းကြီးတယ် ဆိုတာထက် ပိုကြောင်း သက်သေပြရမယ့် တရုတ် ဝန်ကြီးချုပ်သစ် #နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး
Embed this episode
No transcript yet.