DNA 7PM Podcast
from DNA Podcast Hosted by delta news agency
တော်လှန်ရေး တိုက်ပွဲကာလဖြစ်တာနဲ့အညီ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်းတွေ ကပဲ ဖုံးလွှမ်းထားတတ်ပါတယ်။တော်လှန်ရေးထဲက လာတဲ့ စစ်ရေး၊နိုင်ငံရေးသတင်းတွေအပြင် တနေ့တာသတင်းဖြစ်ရပ်တွေထဲ တခြားစိတ်ဝင်စားစရာ လူမှု၊ စီးပွား၊ ဘဝ သတင်းတွေလည်း ရှိနေတာပါ။ ဒီကနေ့ ဧပြီလ(၁၉)ရက်မှာရရှိတဲ့ တနေ့တာ သတင်းဖြစ်ရပ်တွေထဲက သတင်းတချို့ကို DNA Podcast အစီအစဉ်မှာ စုစည်း ဖော်ပြပေးလိုက်ပါတယ်။ #ပဇီကြီးရွာကိုစစ်ကြောင်းထိုးလို့ဒေသခံတွေတိမ်းရှောင်နေရ #ရိုဟင်ဂျာအရေးဖြေရှင်းဖို့စစ်ကောင်စီအချိန်တိုးတောင်းမှုICJလက်မခံ #ကလေးမြို့မှာအပြန်အလှန်ပစ်ခတ်မှုဖြစ်၊ဆေးကုနေတဲ့ နှလုံးရောဂါသည်တဦးသေဆုံး #နှစ်သစ်ကူးကာလမှာ ဒုလ္လဘဝတ်ခဲ့တဲ့ အထူးတပ်ဖွဲ့ဝင်တွေ #ဒီးမော့ဆိုကနှစ်ရက်တာတိုက်ပွဲမှာလက်နက်ခဲယမ်းအများအပြားရခဲ့တယ်လို့ကရင်နီပူးပေါင်းတပ်ပြော #နှစ်ရက်ဆက်စစ်ကြောင်းထိုးလို့ ခင်ဦးဒေသခံထောင်ချီထွက်ပြေးနေရ #ပင်လယ်ထဲမှာ အမှိုက်ကောက်ရင်း ကမ္ဘာ့စံချိန် တင်ပြခဲ့တဲ့ အမေရိကန် ရေကူးမယ် #ဘေဂျင်းက ဆေးရုံ မီးလောင်မှုကြောင့် လူတွေ ပြတင်းပေါက်က တွယ်ဆင်းပြီး ထွက်ပြေး #တော်လှန်သင်္ကြန်သံချပ်ပြိုင်ပွဲမှာ ဆုအများဆုံးဆွတ်ခူးခဲ့တဲ့ "ဒေါင်းတို့မျိုးဆက် " သံချပ်အဖွဲ့
Embed this episode
No transcript yet.