DNA 7PM Podcast
from DNA Podcast Hosted by delta news agency
တော်လှန်ရေး တိုက်ပွဲကာလဖြစ်တာနဲ့အညီ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်းတွေ ကပဲ ဖုံးလွှမ်းထားတတ်ပါတယ်။ တော်လှန်ရေးထဲကလာတဲ့ စစ်ရေး၊ နိုင်ငံရေး သတင်းတွေအပြင် တနေ့တာသတင်းဖြစ်ရပ်တွေထဲ တခြားစိတ်ဝင်စားစရာ လူမှု၊ စီးပွား၊ ဘဝ သတင်းတွေလည်း ရှိနေတာပါ။ ဒီကနေ့ ဧပြီလ (၂၇) ရက်မှာရရှိတဲ့ တနေ့တာသတင်းဖြစ်ရပ်တွေထဲက သတင်းတချို့ကို DNA Podcast အစီအစဉ်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။ #လှူထားတဲ့ရေယာဉ်တွေ စစ်ကောင်စီက စစ်ရေးအတွက်သုံးနေလို့ ဂျပန်ကန့်ကွက် #အာဏာသိမ်းပြီးနောက်လူ(၆၃၀)ကျော်ရဲ့ပိုင်ဆိုင်မှုတွေချိပ်ပိတ်သိမ်းဆည်းခံထားရ #တမူးPDFဆီ CDMဝင်ထားတဲ့ စစ်သားလင်မယားက သေနတ်လေးလက်ယူပြီးပြန်ထွက်ပြေးတယ်လို့ဆို #နာရေးတွေကိုလည်းရိုက်ခတ်မှုရှိလာတဲ့အပူဒဏ် #လေးလအတွင်း စခန်းသိမ်းတိုက်ပွဲလေးဆယ်ကျော်ဖော်ဆောင်ခဲ့တယ်လို့NUG ကာကွယ်ရေးဝန်ကြီးဌာနပြော #ရုရှား တိုက်လေယာဉ် မီးလောင်ပျက်ကျတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ #အစာငတ် အသေခံဖို့ ဟောပြောတဲ့ ကင်ညာ ဘာသာရေးဂိုဏ်းနဲ့ ဆက်စပ်တဲ့ ရုပ်အလောင်း ခုနစ်ဆယ်ကျော်ထိ တွေ့ရှိလာ #ကဗျာဆရာရေအလျင်၊ လင်းခါး
Embed this episode
No transcript yet.