DNA 7PM Podcast
from DNA Podcast Hosted by delta news agency
တော်လှန်ရေး တိုက်ပွဲကာလဖြစ်တာနဲ့အညီ တနေ့တာသတင်းဖြစ်ရပ်တွေကို နွေဦးတော်လှန်ရေး သတင်းတွေ ကပဲ ဖုံးလွှမ်းထားတတ်ပါတယ်။ တော်လှန်ရေးထဲကလာတဲ့ စစ်ရေး၊ နိုင်ငံရေး သတင်းတွေအပြင် တနေ့တာသတင်းဖြစ်ရပ်တွေထဲ တခြားစိတ်ဝင်စားစရာ လူမှု၊ စီးပွား၊ ဘဝ သတင်းတွေလည်း ရှိနေတာပါ။ ဒီကနေ့ ဧပြီလ (၂၈) ရက်မှာရရှိတဲ့ တနေ့တာသတင်းဖြစ်ရပ်တွေထဲက သတင်းတချို့ကို DNA Podcast အစီအစဉ်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။ #တိုက်ပွဲနှစ်ခုအတွင်းစစ်ကောင်စီကငါးဆယ်ထက်မနည်းသေဆုံးတယ်လို့ KNDFပြော #နိုင်ငံတကာဆုတခုစီရခဲ့တဲ့ အဆိုတော်လင်းလင်းရဲ့တော်လှန်ရေးရုပ်ရှင်ကားနှစ်ကား #မြန်မာ-လာအိုနယ်စပ်ဂိတ်တွေကနေ တတိယနိုင်ငံသားတွေကိုပါဝင်ခွင့်ပေးဖို့ စစ်ကောင်စီစီစဉ်နေ #မီးမမှန်လို့ကုန်ကျစရိတ်နှစ်ဆတိုးလာတယ်ဆိုတဲ့ သီတဂူရေအလှူ #အကယ်ဒမီပေးပွဲမတက်တဲ့အနုပညာရှင်တွေဖမ်းဆီးခံရမယ်လို့စစ်အုပ်စုလော်ဘီတွေကခြိမ်းခြောက်နေ #အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုမှာ စစ်သင်္ဘောဟောင်း တစီးကို လက်တွေ့ ပစ်ခတ် နှစ်မြှုပ် #စစ်ဘေးကြုံနေတဲ့ ယူကရိန်း ပြည်သူတွေကို ကူညီဖို့ အခမဲ့ကဖေး ဖွင့်ခဲ့တဲ့ ဂျပန် အဖိုးအို #လေးဖြူ၊ အငဲ နဲ့ ဂိုးရှိုးသုံးဆယ်၊ ရာဝတီအယ်လ်ဘမ်
Embed this episode
No transcript yet.