EPISODE · Mar 31, 2024 · 48 MIN
Emotional Support Series 13/24
from Let’s Get Relaxed · host Serenity
ဘိုးဘိုးဘွားဘွားများနှင့် စိတ်ကျန်းမာရေး ဘဝရဲ့နေဝင်ချိန်ကိုရောက်ရှိနေကြပြီ တဘဝစာ ခန္ဓာရော စိတ်ပါ အစွမ်းကုန်ပင်ပန်းခဲ့ကြပြီး ဖြစ်တဲ့ ဘိုးဘိုးဘွားဘွားတွေအတွက် စိတ်ရော ကိုယ်ပါ အနားယူပြီး ငြိမ်းအေးမှုလေးရရှိသင့်တဲ့အရွယ်ပါ။ ဒီအချိန်မှာ မိသားစုဝင်တွေရဲ့ ကြင်နာမှု၊ ဂရုစိုက်မှု၊ သူတို့အပေါ် နားလည်းပေးတက်မှု တွေကလည်း အလွန်ကိုအရေးကြီးလှပါတယ် စိတ်သွားတိုင်း ကိုယ်မပါတော့တဲ့အခါ အရာရာစိတ်အလိုမကျမှု၊ မိသားစုကိုကူညီပေးချင်လျက်နဲ့မကူညီနိုင်မှုအပေါ် အားနာဝမ်းနည်းမှု၊ မိသားစုအတွက်လူပိုကြီးလားဆိုတဲ့ စိတ်ဓာတ်ကျမှု စတဲ့ စိတ်ခံစားမှုတွေနဲ့ စိတ်ပင်ပန်းမှုတွေရှိနေတက်ကြပါတယ်။ တကယ်တော့ အဘိုးအဘွားဆိုတာ မိသားစုရဲ့တန်ဖိုးထားစရာ ရတနာပါပဲ။ နှစ်တွေအကြာကြီး ဒီသားသမီး မြေး တွေအပေါ် ချစ်ခင်မှု လုံခြုံနွေးထွေးမှုတွေပေးခဲ့ဘူးတဲ့ အရိပ်အာဝသကြီးပါ။ ဘိုးဘိုးဘွားဘွားတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာနေမှလည်း ကျန်းမာပျော်ရွှင်သော မိသားစုဘဝရဲ့အနှစ်သာရကိုရရှိခံစားကြရမှာပါ။
Embed this episode
NOW PLAYING
Emotional Support Series 13/24
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.