EPISODE · May 1, 2024 · 1H
Emotional Support Session Series 17/24 (စိတ်ဒဏ်ရာအလွန် စိတ်ကျန်းမာရေး)
from Let’s Get Relaxed · host Serenity
ဒီတပတ်မှာတော့ စိတ်ကို မကျန်းမာစေတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်တဲ့ ''စိတ်ဒဏ်ရာ အလွန် စိတ်ကျန်းမာရေး'' ခေါင်းစဥ်ကို ဆွေးနွေးပေးထားပါတယ်စိ။ စိတ်နာကျင်ပင်ပန်းရမှုကို အဖန်ဖန်ကြုံတွေရတဲ့အခါ ဆိုးရွားလွန်းတဲ့ အတွေ့အကြုံတွေ ကြုံရပြီးတဲ့အခါ နာရမှန်းတောင် မသိတော့ဘူး။ နာလွန်းလို့ ဖော်ပြစရာစကားလုံးတောင် ပျောက်ဆုံးနေတယ်စတဲ့ စိတ်ထုံထိုင်းမှုမျိုးလည်း ခံစားရတတ်ပါတယ်။ ဒါဟာ မြုံနေတဲ့ဒဏ်ရာပါပဲ။ကုစားမှုမပြုဘဲ လစ်လျူရှုခြင်း၊ မေ့ဖျောက်ထားခြင်း အဲ့ကနေတဆင့် စိတ်ကျန်းမာရေးကို ထိခိုက်စေသော အခြေအနေတွေကို ကြုံရနိုင်ပါတယ်။ကုစားမှုတွေ ရယူခြင်းဖြင့်လည်း စိတ်ဒဏ်ရာအလွန် ကာလများမှာတော့ ယုံကြည်မှု၊ စိတ်ခွန်အားအပြည့်ဖြင့် လှပသောဘဝတစ်ခုကို ထုဆစ်ပုံဖော်နိုင်ပါလိမ့်မယ်။ဒီလို စိတ်အခြေအနေ ခံစားနေခဲ့ရရင် ဖုံးကွယ်ငြင်းဆန်နေဖို့ မလိုသလို နားလည် တတ်ကျွမ်းသူထံမှ အကူအညီ ရယူတာဟာလည်း ရှက်စရာမဟုတ်ပါဘူး။
Embed this episode
NOW PLAYING
Emotional Support Session Series 17/24 (စိတ်ဒဏ်ရာအလွန် စိတ်ကျန်းမာရေး)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.