EP 009: သီချင်းများနှင့်ညိုကီ episode artwork

EPISODE · Mar 8, 2025 · 30 MIN

EP 009: သီချင်းများနှင့်ညိုကီ

from ညိုကီ FM · host BurmaPodcastNetwork

အခုအလှည့်ကျသူကတော့ သီချင်းဆိုတဲ့ ညိုကီတစ်ယောက်ပါ။ အပြည့်အစုံမိတ်ဆက်ရရင် Born in Burma Art ရဲ့ Vocalist တစ်ယောက်လည်းဖြစ်၊ "နှစ်ချို့မှာတမ်း" Music Album ဖန်တီးထားသူ ကိုဂါဖြစ်ပါတယ်။ ဒီညိုကီက စကားပြောအေးသလို အင်မတန် သဘောကောင်းပါတယ်။ သီချင်းနဲ့ပတ်သက်ရင်တော့ သူသဘောမကောင်းဘူးလို့ ထင်တယ်။ အထူးသဖြင့် သူ့သီချင်းတွေကို ကော့်ဒ် ၄ ကွက်သိပြီး ဂစ်တာတီးတတ်တယ် ထင်နေတဲ့ ကျွန်တော့်လိုကောင်တွေ လက်ကမြင်းမှာ စိုးရိမ်ပုံရပါတယ်။ သူ့ရဲ့ Defense System က လှတယ်၊ သူ့ကိုယ်ပိုင် သီချင်းတွေကို ကာရာအိုကေ ဗားရှင်းထုတ်ထားပြီးတော့ သူငယ်ချင်းတွေ စကားဝိုင်း၊ အရက်ဝိုင်းသီချင်းတောင်းပြီဆို မတောက်တခေါက် ဂစ်တာသမားဆို လက်ကာပြပြီးတော့ စပီကာနဲ့ ချိတ်ပြီးဆိုတတ်တယ်။ သူ့အမူအကျင့်ကို နှစ်သက်လို့ တကူးတက ဖော်ပြတာပါ။ နားထောင်သူတွေလည်း ဘယ်လိုလူစားလဲဆိုတာ သိတော့ ပိုနားထောင်ရတာ မြိန်တာပေါ့။ ကိုဂါက ဂီတ/သီချင်းတွေကို သူ့ရဲ့ တန်ဖိုးကြီးလက်ဆောင်အဖြစ် ကျွန်တော်တို့ ညိုကီတွေရဲ့ စကားဝိုင်းတွေကို သယ်လာလေ့ရှိတယ်။ သီချင်းတွေကြောင့် ပျော်စေတယ်၊ ကြည်နူးစေတယ်၊ ပိုမိုက်တာက ညိုမတွေကို တီးပြဖို့ ရှားပါးသီချင်းလေးတွေလည်း သူနဲ့ ဝီရမိုးနေ ဆီက မကြာခဏ ရတတ်ပါတယ်။ ဒီအပိုင်းက စုစုပေါင်း မိနစ် ၃၀ ရှိပြီးတော့ သီချင်း ၃ ပုဒ်ထည့်ဖော်ပြထားတယ်။ သီချင်းတိုင်းက ကိုယ်ပိုင်သံစဥ်ဖန်တီးမှုတွေဖြစ်တယ်။ တိုက်ခန်းထဲက ညိုကီ၊ ထိုင်းက ညိုကီ၊ အော်ဇီက ညိုကီ၊ အမေရိကားက ညိုကီ၊ စာကြိုးစားနေတဲ့ညိုကီ၊ ရှေ့တန်းက ညိုကီ၊ ဗုံးခိုကျင်းထဲက ညိုကီ၊ ကြယ်ဖြစ်သွားတဲ့ညိုကီ အားလုံးအတွက် သူငယ်ချင်းဓာတ် အကြည်ဓာတ် ဖြစ်ဖို့ ချစ်ခြင်းများစွာဖြင့် ရည်ရွယ်တင်ဆက်လိုက်ပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

Episode metadata supplied by the publisher feed · Published Mar 8, 2025

Embed this episode

NOW PLAYING

EP 009: သီချင်းများနှင့်ညိုကီ

0:00 30:33

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of ညိုကီ FM?

This episode is 30 minutes long.

When was this ညိုကီ FM episode published?

This episode was published on March 8, 2025.

Can I download this ညိုကီ FM episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!