ဧရာဝတီ အယ်လ်ဘမ် (၃)
from DNA Podcast Hosted by delta news agency
အမိုးပေါက်ကကျလာတဲ့လရောင်ကိုလွမ်းသူ ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းမတိုက်ခတ်မီ ဆောင်းညချမ်းတရက်မှာ မြောင်းမြမြို့နယ်ပြင်ရွာမှာနေထိုင်ပြီး ရန်ကုန်ကိုရံဖန်ရံခါတက်လာတတ်တဲ့ ကဗျာဆရာ၊စာရေးဆရာတယောက်ကို ကဗျာဆရာလူငယ်တယောက်က ခေါ်ချလာပါတယ်။ အသားညိုညို၊ဆံပင်နက်နက် ပါဝါမျက်မှန်တပ်ထားပြီး မျက်မှန်အောက်က စူးရှတဲ့မျက်လုံးတွေက သူ့ရဲ့စကားပြေစကားလုံးတွေလို တောက်ပနေပါတယ်။သူ့စာတွေကို တလေးတစားဖတ်ဖူးပေမဲ့ သူနဲ့အခုမှ တွေ့ဆုံခွင့်ရတဲ့အတွက် သူ့ကိုစိတ်ဝင်တစားဖြစ်နေမိပါတယ်။ သူတို့နှစ်ယောက်နဲ့ကျောက်ကြမ်းလမ်းနံဘေးက စားသောက်ဆိုင်လေးတဆိုင်မှာထိုင်ရင်း ကဗျာအကြောင်းစာအကြောင်း တွေပြောကြပါတယ်။ ဖြတ်သန်းခဲ့ကြရတဲ့ ခေတ်ကာလအကြောင်း၊လူတွေအကြောင်းပြောကြရင်း . . . .
Embed this episode
No transcript yet.