ဧရာဝတီ အယ်လ်ဘမ် (၅)
from DNA Podcast Hosted by delta news agency
ဒူးယားအင်းနှင့်ကုလားသင်္ဘော ဒူးယားဆိုသောအမည်နဲ့ ပတ်သက်ပြီးကဗျာဆရာမောင်ချောနွယ်က လူ့ဘဝကို ယုဇနပင်လေးမှာ အသာချိတ် ဒူးယားတလိပ်နဲ့လည်း အိပ်ပျော်တတ်ခဲ့ပြီ လို့ရေးခဲ့ဘူးသလို စာရေးဆရာမ နုနုရည်အင်းဝ ကလည်း သောက်တော့ဒူးယား၊ နေတော့ခြုံကြား၊ ဝတ်တော့မလေးရှား ဆိုပြီး ဝတ္ထုတပုဒ်ရေးခဲ့ဘူးပါတယ်။ စတီရီယိုခေတ်ဦးရဲ့ တေးသံရှင်ဘိုဘိုဟန် ကတော့ သုံးလိပ်ကိုတကျပ်နဲ့ခေါင်းမူးသွားပြီ ဒူးယားသယ်ရေ လို့သီဆိုခဲ့ဘူးပါတယ်။ သည် ဒူးယားစီးကရက်ရဲ့အမည် မူလဘူတအစကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဒူးယားကျေးရွာက အစပြုခဲ့တာ ဖြစ်ပါတယ်။ ပါးစပ်ရာဇဝင်မှာ ဥမ္မာဒန္တီ မင်းသမီးလေး ဘုရားတည်ဖို့ မြေမာ ရှာဖွေစမ်းတူးရာ မြေတူးထားတဲ့ တူးယာတွေကို အစွဲပြုပြီး တူးရာ နောက်တော့ ဒူးရာ နောက်တော့ ဒူးယား ဆိုပြီး ဖြစ်လာတဲ့ ရွာကလေးလို့ဆိုကြပါတယ်။ ၁၉၆၃ခုနှစ်မှာ . . .
Embed this episode
No transcript yet.