ကျားဖြန့်ဆက်လုပ်ပါက ပြည်နှင်ဒဏ်ပေးမည်ဟု တရုတ်လုပ်ငန်းရှင်များကို ကရင်လက်နက်ကိုင် သတိပေး episode artwork

EPISODE · Jan 18, 2025 · 3 MIN

ကျားဖြန့်ဆက်လုပ်ပါက ပြည်နှင်ဒဏ်ပေးမည်ဟု တရုတ်လုပ်ငန်းရှင်များကို ကရင်လက်နက်ကိုင် သတိပေး

from DVB News · host Democratic Voice of Burma

ကရင်ပြည်နယ်အတွင်း ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးတာ၊ ငွေလိမ်လည်တာတွေ မလုပ်ကြဖို့နဲ့ ဆက်လုပ်ကိုင်ရင် အရေးယူပြီး ပြည်နှင်ဒဏ်ပေးမယ်လို့ တရုတ်လုပ်ငန်းရှင်တွေကို ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကခေါ်ယူ သတိပေးခဲ့ပါတယ်။ မြန်မာ - ထိုင်း နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF) အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA) နဲ့ ဒီမိုကရေစီ အကျိုးပြုတပ်မတော် (DKBA) တို့က ရွှေကုက္ကိုလ်အပါအဝင် ကရင်ပြည်နယ်အတွင်း ကျားဖြန့် တရုတ် ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးတာ၊ ငွေလိမ်လည်တာတွေ ဆက်မလုပ်ကြဖို့ တရုတ် လုပ်ငန်းရှင်တွေကို ဇန်နဝါရီ ၁၅ ရက်က ခေါ်ယူ သတိပေးခဲ့တာပါ။ BGF တပ်ဖွဲ့နဲ့ DKBA တို့က တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူပြီး ကျားဖြန့်အလုပ်တွေမှာ လူကုန်ကူးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိမ်လည်တာတွေ အပါအဝင် အသက်မပြည့်သေးသူတွေကို စေခိုင်းတာတွေရှိရင် လုပ်ငန်းပိတ်သိမ်းပြီး ပြည်နှင်ဒဏ်ပေးသွားမယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်က “နည်းလမ်းပေါင်းစုံနဲ့ လူတွေကို လိမ်ညာခေါ်ဆိုပြီး အတင်းအဓမ္မ ခိုင်းစေတယ်ဆိုတာ သိတယ်ဆိုရင် ဒါကို ပြင်းပြင်းထန်ထန် အရေးယူဖို့၊ လုပ်ငန်းပိတ်သိမ်းဖို့၊ ရပ်ဆိုင်းဖို့၊ နောက်ဆုံး ပြည်နှင်ဒဏ်ပေးဖို့ စည်းကမ်းတွေ ချရတာပေါ့။ စည်းမရှိ ကမ်းမရှိတော့ လူသားတွေကို ညှဉ်းဆဲတာလား၊ ရိုက်သလား ထုသလား အမျိုးမျိုး ကြားရတယ်။ နောက်နောင် လူသားတွေကို ညှဉ်းဆဲတာ၊ ရိုက်တာ၊ ကျင်စက်နဲ့ တို့တယ်ဆိုရင် ဒါသူတို့ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းရမယ်။ မောင်းထုတ်ခံရမယ်။ မိမိတိုင်းပြည်ကို ပြန်ဖို့ အဲ့အနေအထား ပြောထားတာ ရှိတာ။ဒီကို လာတဲ့ လုပ်ငန်းရှင် အသီးသီးကလည်း သူတို့အနေနဲ့ ဘာသာပြန်ပြီး ပြောကြဆိုကြတယ်။ သူတို့က သဘောတူတယ်။ လက်ခံတယ်။ ဒီအနေအထား ဆုံးဖြတ်ချက်ချကြတာပေါ့” လို့ ပြောပါတယ်။ ဇန်နဝါရီလအတွင်း တရုတ်နာမည်ကြီး သရုပ်ဆောင် ဝန်ဇင်း ထိုင်း-မြန်မာမှာ လူကုန်ကူးခံခဲ့ရပြီး ပြန်လွတ်မြောက်လာပြီးနောက် တရုတ်ခရီးသွားတွေကြား ထိုင်းနိုင်ငံကို လည်ပတ်ဖို့ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။ သရုပ်ဆောင် ဝန်ဇင်း ပြန်လည်တွေ့ရှိပြီးနောက် တရုတ် မော်ဒယ်တယောက်နဲ့ တရုတ် အမျိုးသမီးတို့လည်း ပျောက်ဆုံးနေပြီး ထိုင်းအာဏာပိုင်တွေဘက်ကလည်း လူကုန်ကူးခံရမှုတွေကို ကူညီကယ်ဆယ်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း လုပ်ဆောင်နေပါတယ်။

Episode metadata supplied by the publisher feed · Published Jan 18, 2025

Embed this episode

Ready to play

ကျားဖြန့်ဆက်လုပ်ပါက ပြည်နှင်ဒဏ်ပေးမည်ဟု တရုတ်လုပ်ငန်းရှင်များကို ကရင်လက်နက်ကိုင် သတိပေး

0:00 3:28

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of DVB News?

This episode is 3 minutes long.

When was this DVB News episode published?

This episode was published on January 18, 2025.

Can I download this DVB News episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!