EPISODE · Jun 6, 2022 · 17 MIN
ကျောင်းတက်ရမလား မတက်ရဘူးလား ? မင်းဘာမင်း တက်ချင်တက်မတက်ချင်နေ ။ ကျောင်းတက်တာ အကျိုးရှိမယ်ထင်ရင်တက်
from Myanmar-voice · host Myanmar-voice
ကျောင်းတက်ရမလား မတက်ရဘူးလား ? မင်းဘာမင်း တက်ချင်တက်မတက်ချင်နေ ။ ကျောင်းတက်တာ အကျိုးရှိမယ်ထင်ရင်တက် မထင်ရင် မတက်နဲ့ ။ ဟိုလူ့အားနာလို့ ဒီလူ့အားနာလို့ဆိုလည်း မတက်ဘဲနေ။ ဒါမှမဟုတ် ငါမတက်လည်း ငါပဲကျန်ခဲ့မှာဆိုလည်း တက်ချင်တက် ။ ဟိုလူအုပ်ချုပ်တာ မကြိုက်လို့ ဒီလူအုပ်ချုပ်တာမကြိုက်လို့ဆိုလည်း မတက်ချင်မတက်နဲ့ ။ ဘယ်သူအုပ်ချုပ်ချုပ် ငါကျောင်းတက်မှ ငါဘွဲ့ရမှာလို့ တွေးရင် တက်ချင်တက်။ ငါတော့ တော်လှန်ရေးမပြီးမချင်းမတက်ဘူးဆိုလည်း မတက်နဲ့ ။ မင်းဘာမင်း တက်တက် မတက်တက် ၊ ကျောင်းတွေကဖွင့်မှာပဲ ။ ကျောင်းမပြီးဘဲ သူဌေးဖြစ်အောင်လုပ်လို့ရတဲ့ အလုပ်တွေလည်းအများကြီးရှိတယ် ။ အဲ့လိုပဲ ကျောင်းပြီးမှ သူဌေးဖြစ်မယ့် အလုပ်ရမယ့် အလုပ်တွေလည်း အများကြီးပဲ ။ ကျောင်းပြီးမှ လူရာဝင်မယ်လို့လည်းမထင်နဲ့။ ကျောင်းမတက်ဘဲနေပြလို့လည်း လူအထင်ကြီးမယ်မထင်နဲ့ ။ မင်းဘာမင်း ကျောင်းတက်တက်မတက်တက် အစိုးရဆိုတဲ့လူတွေ နိုင်ငံရေးသမားတွေက မင်းရဲ့စာရင်းကိုပဲ စိတ်ဝင်စားတာ မင်းရဲ့ဘဝကိုစိတ်မဝင်စားဘူး။ မင်းကျောင်းတက်လို့ရှိရင် နစကက ကျောင်းဘယ်လောက်တက်တယ်ဆိုပြီး ထုတ်ပြန်မှာ ။ မတက်ရင်လည်း NUG က ဘယ်လောက် မတက်ဘူးဆိုပြီး ထုတ်ပြန်မှာ ။ မင်းကစာရင်းတစ်ခုပဲ သူတို့အတွက်က ။ မင်းအတွက်ကျတော့ မင်းက ဘဝတစ်ခု ။ ဒီတော့ မင်းဘာမင်းစဉ်းစား ။ မင်း ဦးနှောက်ကို မင်းဘာမင်းသုံး ။ မင်းဘာမင်း တက်ချင်တက် မတက်ချင်နေ ။ အေး တစ်ခုတော့ ရှိတယ်။ မတက်တဲ့သူတွေကို အပြစ်မပြောနဲ့။ တက်တဲ့သူတွေကိုလဲ ပြဿနာမရှာနဲ့။ အားလုံးက ကိုယ့်စိတ်နဲ့ကိုယ်။ ကိုယ့်သဘောကို ကိုယ်ဆောင်နေတာပဲ။ ဒါအမှန်တရားပဲ လက်ခံဖို့တော့ခက်လိမ့်မယ် ဒါပေမဲ့ လက်ခံလိုက်။
Embed this episode
Ready to play
ကျောင်းတက်ရမလား မတက်ရဘူးလား ? မင်းဘာမင်း တက်ချင်တက်မတက်ချင်နေ ။ ကျောင်းတက်တာ အကျိုးရှိမယ်ထင်ရင်တက်
No transcript for this episode yet
Similar Episodes
No similar episodes found.