ချင်းပြည်နယ်၌ စစ်ကောင်စီတပ်များ စခန်းအပြင်မထွက်ရဲတော့၊ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည် episode artwork

EPISODE · Dec 16, 2023 · 2 MIN

ချင်းပြည်နယ်၌ စစ်ကောင်စီတပ်များ စခန်းအပြင်မထွက်ရဲတော့၊ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည်

from DVB News · host Democratic Voice of Burma

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေဟာ စစ်စခန်းအပြင်ကိုတောင် မထွက်ရဲတော့တဲ့ အခြေအနေကြောင့် တော်လှန်ရေးတပ်တွေအနေနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက် ဖော်ဆောင်နိုင်ဖို့ တိုက်ပွဲဝင်နေတယ်လို့ ချင်းအမျိုးသားတပ်မတော်က ပြောကြားလိုက်ပါတယ်။ ချင်းတော်လှန်ရေးတပ်တွေအနေနဲ့ ချင်းပြည်နယ်မှာ ၈၀ ရာခိုင်နှုန်းအထိ နယ်မြေစိုးမိုးထားနိုင်ပြီး အင်အားပြည့်စုံလာတာနဲ့အတူ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဆင်နွှဲ တိုက်ပွဲဝင်သွားမယ်လို့ ချင်းအမျိုးသားတပ်မတော် ပြောခွင့်ရသူ ဆလိုင်းထက်နီက ဒီဗွီဘီကို ပြောပါတယ်။ ချင်းတော်လှန်ရေးတပ်တွေ အနေနဲ့ လက်ရှိမှာ ရိဒ်ခေါဒါရ်မြို့၊ လိုင်လင်းပီနဲ့ ရေဇွာမြို့တွေ အပါအဝင်  မြို့ ၇ မြို့ကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီး ပြည်သူ့အုပ်ချုပ်ရေး စတင်လည်ပတ်နေတဲ့မြို့ ၂ မြို့အထိ  ရှိလာပါတယ်။ ချင်းတော်လှန်ရေးတပ်တွေက မြေပြင်ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ် ထားနိုင်တဲ့နောက် စစ်ကောင်စီတပ်တွေဟာ လေကြောင်းကနေသာ ရိက္ခာ၊ စစ်ကူပို့တာတွေကို အားကိုးလာရပါတယ်။ ချင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်ကောင်စီအနေနဲ့ ပြန်လည် မတိုက်ခိုက်နိုင်တော့တဲ့အပြင် စစ်စခန်းတွေအပြင်ကို မထွက်ရဲတော့ဘူးလို့  ဆလိုင်းထက်နီက ဆိုပါတယ်။ ချင်းအမျိုးသားတပ်မတော် ပြောခွင့်ရသူ  ဆလိုင်းထက်နီက “ဒီနှစ်ပွင့်လင်းရာသီ ရောက်တဲ့အချိန်မှာ ကျနော်တို့ဘက်က ထိုးစစ်ဆင်ပြီးတော့ မြို့သုံးမြို့ကို သိမ်းနိုင်တဲ့အထိ ထိုးစစ်ကို ဆင်နွှဲလာနိုင်ခဲ့တယ်။ သူတို့ဘက်က စခန်းအပြင်ကိုမထွက်ဘူး။ မြို့ထဲမှာပဲ။ ပြီးတော့ စခန်းကနေကို မထွက်တော့တဲ့ အနေအထားမှာရှိတယ်ဆိုတော့ ဒီနယ်မြေစိုးမိုးမှုက ကျနော်တို့က ပိုပြီး စိုးမိုးလာနိုင်တယ်။ ပြောရရင်တော့  ၁၀၀ မှာ ၇၅/ ၈၀အကြား နယ်မြေအရ စိုးမိုးထားနိုင်ပြီ။ သူတို့က မြို့ပေါ်မှာပဲ ရှိတယ်ဆိုတော့ အရင်နှစ်တွေလို ပြည်မကနေ ထိုးစစ်ဆင်ဖို့ စစ်ယာဉ်တန်းကြီးနဲ့ တက်မလာနိုင်တော့ဘူးပေါ့။ ကျနော်တို့က နယ်မြေစိုးမိုးမှုမှာ အသာစီးရနေပါတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီကို ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်တဲ့ အခြေအနေရှိနေပြီလို့လည်း ချင်းအမျိုးသားတပ်မတော် ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။ နွေဦးတော်လှန်ရေးမှာ တတိုင်းပြည်လုံး ပါဝင်နေတဲ့အတွက် အာဏာရှင်စနစ်ကို ဖြုတ်ချပြီး  လိုချင်တဲ့ နိုင်ငံရေးစနစ်ကို တည်ဆောက်နိုင်မယ်လို့လည်း  ဆိုပါတယ် ဆလိုင်းထက်နီက “ကျနော်တို့တင်မဟုတ်ဘဲ တပြည်လုံး နွေဦးတော်လှန်ရေးမှာ ပါဝင်နေတာ။ တိုင်းရင်းသားလက်နက်ကိုင်တွေကအစ ကျနော်တို့ ဦးတည်ချက်ကိုက စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှ ဖြုတ်ချပြီး ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးစနစ် တည်ဆောက်မယ် ဆိုတော့။ ကျနော်တို့ လိုချင်တဲ့ အင်အားတွေ ကောင်းလာပြီဆိုရင်တော့ မြို့ပေါ်ထိ မြို့သိမ်းတိုက်ပွဲတွေက ဆင်နွှဲသွားမှာပါပဲ။ ဆက်ပြီးတော့ တိုက်ပွဲဝင်ဖို့ပဲရှိတာပေါ့” လို့ ပြောပါတယ်။ မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ အရှိန်မြင့်လာတဲ့ တော်လှန်ရေးတပ်တွေရဲ့ စစ်ဆင်ရေးတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ စစ်ကောင်စီဟာ စစ်စခန်း ၄၀၀ ကျော်နဲ့ မြို့ ၇ မြို့ကို လက်လွှတ်ထားရပါတယ်။ သီဟ

Episode metadata supplied by the publisher feed · Published Dec 16, 2023

Embed this episode

Ready to play

ချင်းပြည်နယ်၌ စစ်ကောင်စီတပ်များ စခန်းအပြင်မထွက်ရဲတော့၊ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည်

0:00 2:32

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of DVB News?

This episode is 2 minutes long.

When was this DVB News episode published?

This episode was published on December 16, 2023.

Can I download this DVB News episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!