EPISODE · Jan 27, 2024 · 2 MIN
ကရင်အချင်းချင်း မတိုက်ချင်သလို စစ်တပ်ဆီကပံ့ပိုးမှု မယူချင်တော့ဟု ဗိုလ်မှူးကြီး စောချစ်သူပြော
from DVB News · host Democratic Voice of Burma
ကရင်အချင်းချင်း မတိုက်ခိုက်ချင်တော့တဲ့အကြောင်းနဲ့ စစ်ကောင်စီတပ်ဆီက ရိက္ခာ၊ လစာ ပံ့ပိုးမှုတွေကို မယူချင်တဲ့အကြောင်းတွေကို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ဒီဗွီဘီကို ပြောပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူတို့ ဇန်နဝါရီ ၂၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးတုန်းမှာ BGF ဘက်က အချက် ၂ နှစ်ချက်ကို တောင်းဆိုခဲ့ပေမဲ့ အဖြေထွက်မလာသေးဘူးလို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။ “တောင်းဆိုတာကတော့ ထူးထူးထွေထွေ မဟုတ်ပါဘူး။ ကျနော်တို့အချင်းချင်း မတိုက်ချင်တော့တဲ့ အချက်တချက်။ တပ်မတော်ရဲ့ ရိက္ခာ၊ လစာပံ့ပိုးမှုကိုတော့ မယူချင်တော့တဲ့ဆန္ဒ အချက်တချက်။ အဲဒီအချက်နှစ်ချက်ကို အဓိက ကျနော်တို့ ဆွေးနွေးတာ အဖြေဆုံးဖြတ်ချက် မပေးနိုင်သေးဘူးလေ။ ပြန်လည်တင်ပြပြီးတော့ အဖြေပေးမယ်လို့တော့ အဲဒီအဖြေ မထွက်လာသေးလို့ ကျေးဇူးပြုပြီးတော့ ခဏလေး စောင့်ပေးဦးနော်။” BGF ဘက်က တောင်းဆိုချက်တွေကို ဒုချုပ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ ပြန်တင်ပြပေးမယ်လို့ အကြောင်းပြန်ခဲ့တယ်လို့လည်း သိရပါတယ်။
Embed this episode
Ready to play
ကရင်အချင်းချင်း မတိုက်ချင်သလို စစ်တပ်ဆီကပံ့ပိုးမှု မယူချင်တော့ဟု ဗိုလ်မှူးကြီး စောချစ်သူပြော
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.