#LettersForBlackLives - Burmese  //  Read by Waikhine Phu  //  #BlackLivesMatter episode artwork

EPISODE · Jun 9, 2020 · 9 MIN

#LettersForBlackLives - Burmese // Read by Waikhine Phu // #BlackLivesMatter

from Dear Asian Americans · host Just Like Media

A reading of the Letters for Black Lives translated into Burmese. Written and edited by the Letters For Black Lives Team. Translated by the #Translation-Burmese Team. Read by Waikhine Phu. Video available on: Instagram: www.instagram.com/dearasianamericans Facebook: www.facebook.com/dearasianamericans YouTube: www.youtube.com/dearasianamericans Transcripts of the letter below and also available at: https://lettersforblacklives.com/ //၂၀၂၀ ခုနှစ် ဇွန် လချစ်လှစွာသော မေမေ၊ ဖေဖေ၊ ဦးလေး၊ အဒေါ် ၊ ဘိုးဘိုး၊ ဘွားဘွား၊ ညီအစ်ကိုမောင်နှမ ဆွေမျိုးများသို့သမီးတို့ သားတို့နှင့် စကားပြောချိန် တန်ပါပြီ။လူကြီးမိဘတို့က အမည်းလူမျိုးတွေကြားမှာ ကြီးပြင်းမလာခဲ့ပေမဲ့ သား/သမီးတို့အနေနဲ့ကတော့ သူတို့တွေနှင့် ငယ်ပေါင်းကြီးဖော်တွေပါ။ အမည်းလူမျိုးတွေဟာ သား/သမီးတို့ရဲ့ဘဝမှာ အရေးပါ ပါတယ်။ သူတို့တွေဟာ သား/သမီးတို့ရဲ့ သူငယ်ချင်းအပေါင်းအသင်း၊ အိမ်နီးချင်းမိတ်ဆွေ၊ မိသားစုဝင်တွေပါ။ ယခုအချိန်ကာလမှာ သား/သမီးတို့လည်း သူတို့ရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်ပြီးစိတ်ပူမိပါတယ်။မကြာသေးမီက Minnesota ပြည်နယ်မှာ လူဖြူရဲ တစ်ယောက်က George Floyd လို့ခေါ်တဲ့ အမည်းလူမျိုးတစ်ယောက်ရဲ့ လည်ပင်းကို ၉ မိနစ်နီးပါး ဒူးနှင့်ထောက်၍ အသေသတ်ခဲ့ပါတယ်။ သူ့အသက်မဆုံးရှုံးခင်မှာ Floyd ဟာ သူအသက်ရှူမရကြောင်း အကြိမ်ကြိမ်ငိုယိုပြီး တောင်းပန်ခဲ့တာတောင် မသိကျိုးကျွန်ပြုခံခဲ့ရပါတယ်။ အဲ့ဒီအချိန်တွင်းမှာ နောက်ထပ်ရဲနှစ်ယောက်ကလည်း Floyd ကို ဝိုင်း၍ချုပ်နှောင်ထားခဲ့ပြီး အာရှတိုက်သားရဲတပ်ဖွဲ့ဝင်တစ်ယောက်ကတော့ ဘေးမှာ ဒီအတိုင်းအသာ ရပ်စောင့်ကြည်နေခဲ့ပါတယ်။ ယခုလို ရဲကြောင့်အသက်ဆုံးရှုံးခဲ့ရတာဟာ Floyd တစ်ယောက်တည်း မဟုတ်ပါဘူး။ Indiana ပြည်နယ်မှ Dreasjon Reed၊ မေလ၌ Florida ပြည်နယ်မှ Tony McDade၊ နှင့် မတ်လမှာ Kentucky ပြည်နယ်မှ Breonna Taylor တို့တွေလည်း ရဲသတ်မှုကြောင့်ဆုံးပါးသွားခဲ့ရပါတယ်။ ဖေဖေါ်ဝါရီလထဲမှာလည်း စုံထောက်ဟောင်းတစ်ယောက်ဟာ Georgia ပြည်နယ်၌ Ahmaud Arbery အမည်ရှိ အမည်းလူမျိုးတစ်ယောက်ကို သတ်ခဲ့ပါသေးတယ်။ယေဘုယျပြောရရင် ရဲများဟာ အမည်းလူမျိုးများကို သတ်တဲ့အကြောင်း သတင်းမီဒီယာပေါ်တွင်ပျံ့နှံ့နေလျှင်တောင်မှ အဲ့ဒီရဲတွေဟာ ဘာပြစ်မှုပြစ်ဒဏ်မှ မခံရတတ်ပါ။ ဒါဆိုရင် လူသိရှင်ကြားမဖြစ်ဘဲ အသက်ဆုံးပါးသွားတဲ့ အဖြစ်အပျက်တွေ ဘယ်လောက်တောင်ရှိနေဦးမလဲလို့ စဥ်းစားကြည့်ပေါ့။ဒါဟာ သား/သမီးတို့ ချစ်ခင်ရင်းနှီးရတဲ့ အမည်းလူမျိုးမိတ်ဆွေများရဲ့ ကြောက်လန့်စရာကောင်းတဲ့ တကယ့်နေ့စဉ်လက်တွေ့ဘဝပါ။လူကြီးမိဘတို့လည်း တွေးကောင်းတွေးမိလိမ့်မယ်၊ "ငါတို့လည်းလူနည်းစုပဲ။ ငါတို့ဆိုရင် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အမေရိကကို ရွှေ့ပြောင်းခဲ့ကြပြီး အောင်မြင်တဲ့ဘဝတွေကို ထူထောင်နိုင်ကြတာပဲ။ ငါတို့လည်း ခွဲခြားဆက်ဆံခြင်းခံခဲ့ရတာပဲလေ။ သူတို့ရောဘာကြောင့်ဒီအတိုင်း မလုပ်နိုင်တာလဲ" လို့ပေါ့။လူကြီးမိဘတို့တွေနှင့် သား/သမီးတို့ အမြင်တွေကို မျှဝေပါရစေ။ သား/သမီးတို့ အပါအဝင် လူသားအားလုံး ပိုကောင်းအောင် ပြုပြင်တိုးတက်စေချင်လို့ စိတ်စေတနာအပြည့်နှင့် ပြောပြနေတာပါ။များသောအားဖြင့် သား/သမီးတို့ နိစ္စဓူဝပုံမှန် လမ်းလျှောက်နေစဉ် တခြားသူများက သား/သမီးတို့ကို အန္တရာယ်ရှိတဲ့လူမျိုးလို့ သံသယစိတ်နှင့် မကြည့်ကြပါဘူး။ အိမ်ကထွက်တဲ့အခါမှာ ဒီနေ့အိမ်ပြန်လာနိုင်ပါ့မလားလို့ စိုးရိမ်မှုအမျိုးမျိုး သား/သမီးတို့ မခံစားမစဉ်းစားမိကြပါဘူး။ ရဲတွေစစ်ဆေးခံရတဲ့အချိန်မှာလည်း သား/သမီးတို့ ကိုယ့်အသက်ပျောက်ကွယ်နိုင်မလားလို့ ကြောက်ရွံ့စိတ်တွေလည်းမရှိပါဘူး။သား/သမီးတို့ရဲ့ အမည်းလူမျိုး သူငယ်ချင်းများအတွက်ကတော့ ဒီလိုအခြေအနေမျိုးမှာ မနေရရှာပါ။အမေရိကန် အမည်းလူမျိုးအများစုဟာ သူတို့ဆန္ဒမပါဘဲ ကျေးကျွန်အဆင့်အနေနဲ့ ရောင်းချခံခဲ့ရပြီး အမေရိကဆီ ခေါ်ဆောင်ခံခဲ့ရတဲ့ လူမျိုးနွယ်များမှ ဆင်းသက်လာသူများဖြစ်တယ်။ ရာစုနှစ်ပေါင်းများစွာချီပြီး အကျိုးအမြတ်ရဖို့အတွက် သူတို့အသိုက်အဝန်းတွေ မိသားစုတွေ ကိုယ်ခန္ဓာတွေကို ပစ္စည်းဥစ္စာသာသာ သတ်မှတ်ခံခဲ့ရပြီး အနှိပ်အစက်ခံခဲ့ကြရတယ်။ ကျွန်စနစ်ကို ဖျက်သိမ်းပြီးတဲ့နောက်ပိုင်းမှာလည်း အစိုးရက သူတို့ကို မဲပေးခွင့်၊ ပညာသင်ကြားခွင့်၊ အိမ်ပိုင်ဆိုင်မှု စီးပွားရေးပိုင်ဆိုင်မှု အခွင့်အရေးအမျိုးမျိုးတွေမပေးတဲ့အပြင် ကိုယ့်အားကိုယ်ကိုးပြီး ဘဝကို ပြန်လည်မတည်ဆောက်နိုင်ရန် နှိုပ်ကွပ်ခဲ့ကြတယ်။ ဒီလိုမတရားမှုမျိုးကို ရှေးယခင်က ကျွန်ထိန်းတဲ့အဖြူကင်းလှည့်တွေ၊ ကျွန်ခြံတွေက အားပေးအားမြှောက်လုပ်ခဲ့ကြပြီး ယခုခေတ်မှာတော့ ရဲတပ်ဖွဲ့တွေ၊ အကျဉ်းထောင်တွေမှ အနိုင်ကျင့်လုပ်ဆောင်နေကြပါတယ်။ အမည်းလူမျိုးတွေဟာ ယနေ့အထိတိုင်အောင် ဒီမတရားနှိပ်ကွပ်အကြမ်းဖက်မှုမျိုးတွေကြားမှာ အရိပ်တကြည့်ကြည့်နဲ့ ကြောက်ကြောက်လန့်လန့်နေရစဲပါ။ သူတို့ခံစားရတဲ့ ဖိနှိပ်ညှင်းပန်းခံရမှုဟာ အဆုံးမသတ်သေးဘဲ အစိုးရရဲ့ လုပ်နည်းလုပ်ဟန်တွေပဲ ပြောင်းလဲသွားရုံသာပါ။ဖိနှိပ်မှုမြောက်များစွာ တွေ့ကြုံနေရတဲ့ကြားမှပင် အမည်းလူမျိုးတွေက လက်မလျော့ရုံသာမက ဇွဲလုံ့လအပြည့်နှင့် ခုခံလုပ်ဆောင်နေကြတာပါ။ အခုကာလမှာ သား/သမီးတို့ ခံစားနေရတဲ့ တန်းတူညီတူ လူ့အခွင့်အရေးတွေ ရနိုင်အောင် အမည်းလူမျိုးတွေဟာ ရဲတွေရဲ့အရိုက်အနှက်ခံ၊ ထောင်ဒဏ်ချခံ၊ အသတ်ခံကာ တိုက်ပွဲဝင်ပေးခဲ့ကြပါတယ်။ ဒီလိုတစ်ယောက်နဲ့တစ်ယောက်ကို ရန်တိုက်ပေးနေတဲ့ မတရားစနစ်ကြားမှာတောင်မှ သား/သမီးတို့အားလုံးအတွက် မမျှတတဲ့ လူဝင်မှုဆိုင်ရာဥပဒေတွေ၊ လူမျိုးရေးခွဲခြားဆက်ဆံခံရမှုတွေရောကို နိဂုံးချုပ်ပေးခဲ့တာဟာ အမည်းလူမျိုး နိုင်ငံရေးလှုပ်ရှားသူတွေပါ။တိုးတက်မှုအချို့ရှိနေပေမဲ့ ဒီလိုမမျှတတဲ့စနစ်ဟာ ဆက်လက်နိုင်နင်းလွှမ်းမိုးနေတုန်းပါပဲ။ နှစ်ပေါင်းရာ​ကျော်ချီနေပေမဲ့လဲ ဒီအစိုးရက ယခုထက်ထိ အမည်းလူမျိုးတွေကိုသတ်ဖြတ်နေပြီး ဥပဒေဘောင် အပြင်မှာနေနိုင်တုန်းပဲလေ။ယခုလက်ၡိဖြစ်နေတဲ့ လုယက်ခြင်း၊ အဆောက်အအုံတွေကို ဖျက်ဆီးခြင်း ပုံရိပ်တွေကို မြင်ပြီး လူကြီးမိဘတို့ ကြောက်ရွံ့ တုန်လှုပ်နေမယ်ဆိုတာ သား/သမီးတို့ နားလည်သဘောပေါက်ပါတယ်။ ဒါပေမဲ့ လူကြီးမိဘတို့ ကိုယ်ချင်းစာကြည့်ပါ။ အစားပြန်ထိုးနိုင်တဲ့ သက်မဲ့ပစ္စည်းတွေကို ကိုယ်တိုင်မွေးထားတဲ့ သားသမီးထက် ပိုတန်ဖိုးထားတဲ့ လူ့ပတ်ဝန်းကျင်ကို ဘယ်လောက်ဒေါသထွက်မလဲ။ ကမ္ဘာအနှံ့ကပ်ရောဂါဖြစ်နေချိန် ဒီလို အရဲစွန့် သပိတ်မှောက်ဆန္ဒပြနေရလောက်အောင် သူတို့ ဘယ်လောက်ခံစားနေရမလဲ။ သမိုင်းနှင့်ချီပြီး ဘိုးစဉ်ဘောင်ဆက် ကိုယ့်အပေါ် မတရားခဲ့တဲ့ အစိုးရအကြမ်းဖက်မှုအပေါ် ယခုချိန်အထိ တိုက်ဖျက်နေရဦးမယ်ဆိုရင် ဘယ်လောက်ပင်ပန်းလိမ့်မလဲ။ဒါကြောင့် သား/သမီးတို့က အမည်းလူမျိုးတို့၏ အသက်များသည် တန်ဖိုးရှိပါသည် (Black Lives Matter) ဟူသော လှုပ်ရှားမှုကို အားပေးပြီးထောက်ခံပါတယ်။ဒီထောက်ခံမှုဆိုတာ ကိုယ့်အသိုက်အဝန်းမှာပဲဖြစ်ဖြစ် ကိုယ့်မိသားစုမှာပဲဖြစ်ဖြစ် ကြုံတွေ့တတ်တဲ့ အမည်းလူမျိုးတွေအပေါ် ကရုဏာကင်းစေတဲ့ ပြောဆို လုပ်ကိုင်ခြင်းတွေကို ခုခံကန့်ကွက်တာမျိုးလည်းပါဝင်တယ်။ သား/သမီးတို့နှုတ်ဆိပ်မှုကြောင့် ပေးဆပ်ရမဲ့ စရိတ်ကြီးမားလွန်းတဲ့အတွက် ဆွေးနွေးကြဖို့လိုအပ်ပါတယ်။လူကြီးမိဘတို့အပေါ် အမြဲတမ်း မျက်နှာသာမ​ပေးခဲ့တဲ့ ဒီနိုင်ငံမှာ နှစ်လချီ ရုန်းကန်နိုင်ခဲ့တာကို သား/သမီးတို့ ကျေးဇူးလည်းတင် ဂုဏ်လည်းဂုဏ်ယူလေးစားပါတယ်။ ဒီနိုင်ငံရဲ့ ဆင်းရဲခြင်းဒဏ်၊ ရောဂါကူးစက်ပြန့်ပွါးခြင်းဒဏ်၊ အကြမ်းဖက်ဝါဒီဒဏ်၊ ရာဇဝတ်မှုဒဏ်အားလုံး ကျွန်ုပ်တို့အပေါ် အကုန်အပြစ်တင် ပုံချခံခဲ့ရတယ် မဟုတ်လား။ သား/သမီးတို့ ဒီလိုတစ်ဖက်သတ် အမြင်ဆိုးဥပါဒါန်နှင့် ဝေးအောင် မရုန်းကန်ရအောင် လူကြီးမိဘတို့ ကြိုးစားခဲ့တာကြောင့် သား/သမီးတို့ အခု အမေရိကမှာ မျက်နှာသာရ နေပျော်ပါပြီ။

Episode metadata supplied by the publisher feed · Published Jun 9, 2020

Embed this episode

A reading of the Letters for Black Lives translated into Burmese. Written and edited by the Letters For Black Lives Team. Translated by the #Translation-Burmese Team. Read by Waikhine Phu. Video available on Instagram, Facebook, and YouTube @dearasianamericans

Distinct summary based on available episode metadata or transcript content.

NOW PLAYING

#LettersForBlackLives - Burmese // Read by Waikhine Phu // #BlackLivesMatter

0:00 9:23

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

Frequently Asked Questions

How long is this episode of Dear Asian Americans?

This episode is 9 minutes long.

When was this Dear Asian Americans episode published?

This episode was published on June 9, 2020.

Can I download this Dear Asian Americans episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!