မြန်မာစစ်တပ်က အရာရှိ၊ စစ်သည်အားလုံး ပြည်သူ့ဘက်ကို ကူးပြောင်းရန် တီမောသမ္မတ တိုက်တွန်း episode artwork

EPISODE · Dec 10, 2023 · 3 MIN

မြန်မာစစ်တပ်က အရာရှိ၊ စစ်သည်အားလုံး ပြည်သူ့ဘက်ကို ကူးပြောင်းရန် တီမောသမ္မတ တိုက်တွန်း

from DVB News · host Democratic Voice of Burma

မြန်မာစစ်တပ်က အရာရှိ၊ စစ်သည်အားလုံး ပြည်သူ့ဘက်ကို ကူးပြောင်းရန် တီမောသမ္မတ တိုက်တွန်း သုတချမ်းသာ မြန်မာစစ်ကောင်စီတပ်က အရာရှိ အကြပ်စစ်သည်တွေအားလုံး ပြည်သူ့ဘက်ကူးပြောင်းပြီး နိုင်ငံသစ်ထူထောင်မယ့်လမ်းကို ရွေးချယ်ကြဖို့  အရှေ့တီမောနိုင်ငံသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက တိုက်တွန်းလိုက်ပါတယ်။  မြန်မာစစ်တပ် အရာရှိ၊ အရာခံတွေနဲ့ တပ်သားတွေအားလုံး မြန်မာပြည်သူတွေဘက်ကို ကူးပြောင်းကြဖို့  တီမောလက်စ်တေနိုင်ငံ သမ္မတက ဒီဇင်ဘာ ၈ ရက်မှာ  အမျိုးသားညီညွတ်ရေးအစိုးရရဲ့  PVTV ကနေ ဗီဒီယိုသတင်းစကားပြောဆိုခဲ့တာပါ။ သမ္မတဟိုဆေးရာမို့စ်ဟော်တာက "အပစ်အခတ်ရပ်ဖို့ လက်နက်ချဖို့ လက်နက်တွေကို စစ်တန်းလျားမှာပဲ ပြန်ထားဖို့ အခွင့်အရေးကြီးရှိနေပါတယ်။ သင်တို့ရဲ့ ပြည်သူတွေကို ထပ်ပြီး မသတ်ဖြတ်ပါနဲ့တော့။ မြန်မာပြည်သူတွေအတွက် အရှေ့တောင်အာရှအတွက် အာရှသားတို့အတွက် နောက်ထပ် ဒီမိုကရေစီရရှိဖို့ ဘဝအသစ်တခုရရှိဖို့ အခွင့်အရေးဟာ သင်တို့လက်ထဲမှာ ရှိနေပါတယ်။ မြန်မာစစ်တပ်က ဗိုလ်မှူးများ၊ တပ်ကြပ်ကြီးများ၊ စစ်သားများ သင်တို့ဟာ နောက်ထပ်ကျည်တတောင့်မှ ထပ်မပစ်ရုံနဲ့ မြန်မာနိုင်ငံအတွက် တံခါးအသစ်တချပ်ကို ဖွင့်ပေးနိုင်ပါလိမ့်မယ်” လို့ သတင်းစကားပါးလိုက်ပါတယ်။ တိုက်ပွဲမဖြစ်ခင် ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့  စစ်သားတွေနဲ့ မိသားစုတွေကို လုံခြုံရေးအာမခံချက်ပေးထားပြီး Non CDM ဝန်ထမ်းတွေကိုလည်း အချိန်မီ CDM ဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကလည်း နိုဝင်ဘာ တတိယအပတ်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ NUG သမ္မတရုံးပြောခွင့်ရှိသူ  ဦးကျော်ဇော်က "စစ်တပ်မှာရှိနေတဲ့ အရာရှိအရာခံ အကြပ်တပ်သားတွေဟာ သမိုင်းမှာ သမိုင်းတွင်မယ့်အလုပ် ပြည်သူဘက်မှာရပ်တည်တဲ့အလုပ်ကို လုပ်လို့ရတယ်ဆိုတာ သတိပေးပြောကြားတာပေါ့နော်။ ပြည်သူတွေကကျွေးလို့ ပြည်သူ့ကြားမှာ ပေါက်ဖွားလာတာ အဲ့ဒီတော့ ပြည်သူ့ကို သစ္စာစောင့်ရမှာ။ အာဏာရူးတွေ၊ သူတို့အတွက်အ သက်ပေးနေမဲ့အစား မှတ်တမ်းကောင်းကောင်း ပြည်သူဘက်က ရပ်တည်တယ်ဆိုတဲ့ဟာ ဖြစ်အောင်လုပ်ကြဖို့ တိုက်တွန်းပြောကြားတာဖြစ်ပါတယ်"လို့ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး အောက်တိုဘာလကုန်ပိုင်းကနေ ရက် ၄၀ ကျော်ကာလအတွင်း ဒီဇင်ဘာ ၈ ရက်အထိ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေဆီကနေ လက် နက်ချ အလင်းဝင်လာသူ စုစုပေါင်း ၆၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ နိုင်ငံတ၀န်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ရဲတပ်ဖွဲနဲ့ စစ်သည် အရေအတွက် ၁၀၀၀၀ ကျော်အထိ ရှိနေတယ်လို့ NUG  ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ 

Episode metadata supplied by the publisher feed · Published Dec 10, 2023

Embed this episode

Ready to play

မြန်မာစစ်တပ်က အရာရှိ၊ စစ်သည်အားလုံး ပြည်သူ့ဘက်ကို ကူးပြောင်းရန် တီမောသမ္မတ တိုက်တွန်း

0:00 3:06

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of DVB News?

This episode is 3 minutes long.

When was this DVB News episode published?

This episode was published on December 10, 2023.

Can I download this DVB News episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!