Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၁ episode artwork

Nov 18, 2023 6 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၁

from DNA Podcast Hosted by delta news agency

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၁ ဗညားမော် ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေး စတင်တဲ့ ရက်တွေက ညစဉ် သံပုံးတီးသံတွေကို လွမ်းမိသေးတယ်။ စစ်ဂိုဏ်းအုပ်စုရဲ့ ပလ္လင်လုခြင်းအပေါ် လူထုရဲ့ အသည်းထဲက ပြန်ကန်လိုက်တဲ့ အသံ။ လူထုရဲ့ အကြမ်းမဖက် ဆန္ဒထုတ်ဖော်တဲ့ အသံတွေဟာ သေရဲတဲ့ကောင် ထွက်ခဲ့ ဆိုတဲ့ ကြိမ်းပသံရယ်၊ ပုံမှန်လူ့ယဉ်ကျေးတို့ နှုတ်ထွက်မရဲလောက်တဲ့ အယုတ္တအနတ္တ ဆဲဆိုသံတွေရယ် လက်တွေ့ တရားမဲ့ ဝင်ရောက်ဖမ်းဆီးခြင်းတွေအောက်မှာ တဖြည်းဖြည်း ပျောက်သွား။ သံပုံးသံ ခေတ်ရဲ့နောက်မှာ သေနတ်သံ ဗုံးသံ ခေတ် ရောက်လာတာပေါ့။ ပါးစပ်နဲ့ ပြောမရတဲ့ အခါ တူမီးနဲ့ ပြောရတယ်။ လက်လုပ်မိုင်းတွေနဲ့ ပြောရတယ်။ သံပုံးတီးနှင်တယ်ဆိုတာ မိစ္ဆာနှင်ပွဲက လာတာ၊ လူ့မိစ္ဆာတွေကတော့ သံပုံးတီးသံနဲ့ နှင်မရတဲ့ခါ လူထုတော်လှန်ရေးစစ်ပွဲနဲ့ နှင်ကြရတာပါပဲ။ အခုရက်ပိုင်း ဖြစ်သစ်လာတဲ့ နွေဦးတော်လှန်ရေးရဲ့ မျက်မှောက်ပြုနေတဲ့ အခြေအနေတွေမှာ သံပုံးတွေ တီးတဲ့နေ့ ဆိုပြီး ကိုသိမ်းမြတ်က ကဗျာရှည်တပုဒ်ရေးလိုက်တယ်။ သရော်လေသံ ခပ်ရွှင်ရွှင်နဲ့ “သံပုံးတွေ တီးတဲ့နေ့ထဲက ငါတို့စစ်ရှုံးရပြီဆိုတာ တကယ်တော့သိလိုက်ပါပြီလေ” တဖက် စစ်ဂိုဏ်းအုပ်စုရဲ့ စစ်သားတစ်ယောက် အသံနဲ့ ရေးထားတာ။ ကဗျာရှည်က ကဗျာလိုင်း ၁၁၉ လိုင်းထိ ရေးထားတာ ဆိုတော့ နွေဦးကဗျာအတွက် မျက်စိကျပေမဲ့ အတိုင်းအတာအရ အဆင်မပြေနိုင်ပါဘူး။ စာရှည်ရင် သိပ်မဖတ်ကြတဲ့ လူမှုမီဒီယာပေါ်မှာ နောက်ဆုံးမှာတော့ ကဗျာရေးသူကိုယ်တိုင် သူ့ကဗျာကို အပိုင်းလိုက် ခေါင်းစဉ်ပေးပြီး ခွဲတင်တာကို ဖတ်လိုက်ရတယ်။ ဒီနေ့အချိန် သပြေညိုရနံ့သင်းချိန် လူထုရဲ့ စိတ်တက်ကြွမှုအခြေအနေနဲ့လည်း ကိုက်ညီနေတယ်။ တဖက်က စစ်သားတွေ တချို့ကလည်း သူတို့ရဲ့ ဘဝမှန်နဲ့ အခြေအနေမှန်ကိုလည်း ရိပ်စားမိလာလို့ တိုက်ပွဲက ပြေးတာတွေ တိုက်ပွဲကို ငြင်းတာတွေ တိုက်ပွဲထဲ ဘက်ပြောင်းခိုဝင်တာတွေ လုပ်လာကြတာ တွေ့လာနေကြရပြီ။ ငါ့သားများ စစ်ထဲဝင်ရင်လေ ဆိုတဲ့ စစ်သားအဖေရဲ့ မှာတမ်းကို သူတို့သိကြစေချင်တာပါပဲ။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၁

0:00 6:35

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 6 minutes long.

When was this DNA Podcast episode published?

This episode was published on November 18, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.