Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၂ episode artwork

Nov 25, 2023 6 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၂

from DNA Podcast Hosted by delta news agency

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၂ ဗညားမော် ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေး အရေးတော်ပုံမှာ ခပ်လှမ်းလှမ်းက ပျံ့လွင့်လာတဲ့ အောင်ပွဲ ရနံ့တွေကို ရနေပြီတဲ့။ အောင်စိတ်နဲ့ စပြီးတိုက်ကြတဲ့ ပွဲ ဆိုပေမဲ့ ခုချိန်မှာ အောင်နိမိတ်တွေဟာ ပိုပြီး ထင်ထင်ရှားရှား တွေ့နေကြရသတဲ့။ လူဆိုတာ စိတ်ကူးယဉ်တတ် အိပ်မက်မက်တတ်တာ ဆိုတော့ နွေဦးရဲ့ အစပိုင်းမှာကို စစ်ကြီးပြီးရင်တို့ ဒါကြီးပြီးရင်တို့ ကဗျာဆရာတွေ ရေးကြ။ အဲ့ဒီထဲမှာ စစ်ကြီးမပြီးခင် သူ့ဘဝက ပြီးသွားရှာတဲ့ ကဗျာဆရာ ကြည်ဇော်အေးရဲ့ "စစ်ကြီးပြီးရင်" ဆိုတဲ့ကဗျာတပုဒ်ကို အကိုးအကားများကြ။ “စစ်ကြီးပြီးရင်/ ခန်းစီးအသစ်တွေလဲကြမယ်// ပျော်စရာကောင်းတဲ့/ ဖျော်ရည်တွေသောက်ကြမယ်// ဘုရားစင်ပေါ်မှာ/ အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ်// တောင်းရမယ့်ဆုက/ ချစ်သူများသာ အဓွန့်ရှည်ပါစေ။//”။ စစ်ကြီးပြီးရင် ဆိုတဲ့ အိပ်မက်ကို ကျွန်တော်တို့ နိုင်ငံသားတွေထဲက မမက်တဲ့ သူများ ရှိနိုင်ပါ့မလား။ ဒီအရေးတော်ပုံကာလ အသီးသီးပါဝင်ခဲ့ကြတဲ့ သူတွေထဲမှာ သာယာစီး အချောင်သမားများကလည်း စစ်ကြီးပြီးရင်ဆိုတဲ့ အိပ်မက်ကို အရင်ဆုံး ဝင်မက်ချင် မက်နေကြမှာပဲ။ တကယ်တမ်း မြေပြင်မှာ ရှေ့တန်းမှာ အသက်ရင်းပြီး တိုက်ခိုက်နေရသူတွေ၊ တကယ်တမ်း စစ်ပွဲဖြစ်ပွားရာ ဒေသတွေမှာ အိုးပျက် အိမ်ပျက် အိုးပျောက်အိမ်ပျောက် အိုးစွန့်အိမ်စွန့် စစ်ပြေးနေရတဲ့ လူထုပြည်သူတွေ သူတို့ဖြင့် အိပ်မက်တောင် မက်အားပါ့မလား ကျွန်တော် ရင်နာနာ စဉ်းစားနေမိတယ်။ မက်ခဲ့ရင်တောင် သူတို့ရဲ့ အိပ်မက်ထဲ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေဟာ ရောပြွန်းပါပြီး ဘရုတ်သုက္ခတွေ ဖြစ်နေလိမ့်မယ်ထင်တယ်။ အိပ်မက်ထဲ စစ်ကြီးက ပြီးပေမဲ့ ပြေးရလွှားရတာတွေက လုံခြုံရာ မရောက်နိုင် ဖြစ်နေမလား။ တိုက်ရ ခိုက်ရတာတွေက မပြီးနိုင်ဘဲ ကိုယ့်ဘေးက ကိုယ့်ရဲဘော် လက်နက်ကြီးကျည်စ လာမှန်လေမလား။ ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းထဲမှာ ဆာယာနွေ ရေးထားတဲ့ စကားပြေကဗျာထဲ ခေါင်းစဉ်ကအစ အနေဆင်းရဲ အစားဆင်းရဲတဲ့ တော်လှန်ရေးတပ်သားတွေရဲ့ ဘဝကို ထင်ဟပ်လေသလား။ “စစ်ကြီးပြီးရင် ဝက်သားဟင်းစားမယ်” တဲ့။ ရှူးရှဲချဉ်စပ် လက်ဖက်တထုပ်နဲ့ ထမင်းတဆုပ်နဲ့ တနပ်ပြီးလိုက်ရတဲ့ မြေပြင်က တပ်သားလေးဟာ ဒီကဗျာကို အရသာ ရှိနှင့်လေမလား။ နောက်တန်းက ထောက်ပို့ပြည်သူတွေရဲ့ အထူးဟင်းလျာ ချက်ပြုတ်စားဖို့ဆိုပြီး ပို့လိုက်တဲ့ ရန်ပုံငွေနဲ့ စီစဉ်ချက်ပြုတ်တည်ခင်းလိုက်တဲ့ ရှားရှားပါးပါး အသားဟင်းတနပ်ကို တန်းပြီး ပြေးမြင်မိတာ ဖြစ်နေလေမလား။ ကဗျာဆရာရဲ့ စစ်ကြီးပြီးရင် အိပ်မက်ဟာ စင်းစင်းကြီးအရသာတော့ ဖြစ်မနေခဲ့ပါ။ အခုပဲ သူ့ရဲ့ ဝက်သားဟင်းအိုးဆီ ချဉ်းကပ်ကြည့်လိုက်ကြပါစို့။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၂

0:00 6:37

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 6 minutes long.

When was this DNA Podcast episode published?

This episode was published on November 25, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.