Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၈ episode artwork

Jan 6, 2024 7 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၈

from DNA Podcast Hosted by delta news agency

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၈ ဗညားမော် နွေဦးတော်လှန်ရေးကာလထဲက လက်တွေ့ကျ ကြွေးကြော်သံက ငါတို့မှာ ငါတို့ပဲ ရှိတယ် လို့ဖြစ်နေရတယ်။ ဘာကြောင့်ဆို ကျွန်တော်တို့နိုင်ငံရဲံ တော်လှန်ရေးစစ်ပွဲရဲ့ အကျိုးသက်ရောက်မှုဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအတွက် အကျိုးစီးပွားအရ မှုလောက်တာ မပါတဲ့အတွက်လည်း ဖြစ်မယ်။ ကုလသမဂ္ဂလို ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တွေအတွက် ပြောဆိုဆောင်ရွက်နေတဲ့ အဖွဲ့အစည်းကြီးကလည်း အဖွဲ့ဝင် နိုင်ငံတွေရဲ့၊ အားပြိုင်မှုတွေနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ လက်ထဲ ကိုင်ထားတဲ့ ဗီတိုအာဏာနဲ့၊ ရှုပ်ထွေးများပြား နှောင့်နှေးတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ နှုတ်ကသာ ပါပြီး လက်မပါတဲ့ အရေးယူဆောင်ရွက်မှုတွေသာ ဖောဖောသီသီ ထုတ်ပေးနေတယ်။ ဒီတော့ ကျွန်တော်တို့နွေဦးရဲ့ နောက်ပိုင်း အရေးကြီးတဲ့ ကမ္ဘာပေါ်က ပဋိပက္ခ၊ စစ်ပွဲတွေနဲ့ နှိုင်းယှဉ်ရင် ကျွန်တော်တို့ဟာ ပြောခဲ့သလို ငါတို့မှာ ငါတို့ပဲ ရှိတယ် ဆိုတဲ့ အမြင်နဲ့ ကြွေးကြော်သံဟာ ဒီနွေဦးမှာ သိသာထင်ရှားလှတယ်။ ကျွန်တော်တို့ နောက် တနှစ်အကြာမှာ ဖြစ်တဲ့ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ ဒီနှစ် အောက်တိုဘာမှ ထဖြစ်တဲ့ အစ္စရေး ဟားမာ့စ် စစ်မှာတော့ ပထမစစ်မှာ ယူကရိန်းဘက်က အမေရိကန်နဲ့ အီးယူက စစ်ရေးအထောက်အကူများစွာ ပံ့ပိုးပေးခဲ့ပြီး ဒုတိယစစ်မှာတော့ အမေရိကန်ဟာ အစ္စရေးရဲ့ အဓိက နောက်ခံအင်အားအဖြစ် ဝင်ရပ်ခဲ့တယ်။ တစ်ဖက်က ဟားမာ့စ်တွေကလည်း အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်နဲ့ ဥရောပနိုင်ငံများက သတ်မှတ်ထားခဲ့ပေမဲ့ အီရန်နဲ့ အစ္စလမ်နိုင်ငံတချို့ရဲ့ ထောက်ပံ့တာကို ရထားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် စစ်မက်ဖြစ်လာတဲ့အချိန်မှာ အထိခိုက် အသေကြေအများဆုံး ခံရတာ အရပ်သား လူထုတွေပဲ ဖြစ်တယ်။ ဒီတပတ်မှာတော့ နွေဦး အမှတ်စဉ် ၁၀၀ တုန်းက ယူကရိန်းက ကဗျာတပုဒ်နဲ့ မြန်မာကဗျာတပုဒ်တင်ဆက်ခဲ့ဖူးသလို ယူကရိန်းနဲ့ ဂါဇာက ကဗျာတပုဒ်စီကို တင်ဆက်လိုပါတယ်။ စစ်ပြေးပြည်သူတွေဟာ ကမ္ဘာရဲ့ ဘယ်နေရာကပဲ ဖြစ်ဖြစ် အသက်ကို လုပြေးကြရတဲ့ စစ်ပြေးလမ်းမှာ လိပ်တွေလို အခွံမာကို အိမ်သဖွယ် ကျောပိုးပြီးသွားနိုင်ကြတာမဟုတ်တဲ့ လူသားတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအချိန်မှာ သူတို့အတွက် အိမ်ဟာ ဘယ်လောက် အရေးကြီးသလဲ ခံစားနားလည်ကြရှာမှာပဲ။ ကျွန်တော်တို့ဆီလည်း အိုးမဲ့ အိမ်မဲ့တွေဟာ သန်းနဲ့ချီ ရှိနေပြီ။ တချို့လည်း အိုးပစ်အိမ်ပစ် နိုင်ငံပစ် ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်နေကြတာ ခု စစ်ဂိုဏ်းရဲ့ အာဏာလုကာလအတွင်းမှာကို သန်းနဲ့ချီ ဦးရေ တိုးနေပါပြီ။ ပါလက်စတိုင်းက ကဗျာဆရာ မိုဆဗ် အဘူတိုဟာ ရဲ့ အိမ်ဆိုတာ ဘာ ကို သူ့ရဲ့ အိမ် ဗုံးဒဏ်နဲ့ မြေပေါ်ပြားကျသွားပြီးနောက်ပိုင်းမှာ ရေးထားတာပါ။ သူ့ရဲ့ အင်စတာဂရမ်မှာ ဒီကဗျာကို တင်တော့ သူက ပုံစာအနေနဲ့ တွဲတင်ထားတာက ဒီလိုပါ။ “ဒီကဗျာကို သိမ်းထားပြီး ခင်ဗျားနားက လူတွေကို ရွတ်ပြပါ။ ကျွန်တော့်ရဲ့အိမ်၊ တခြား လူတွေ အမြောက်အမြားရဲ့ အိမ်တွေ ဘာဖြစ်ခဲ့တယ် ဆိုတာ ပြောပြပါ၊ မိသားစုတချို့ အုတ်ကျိုးအုတ်ပဲ့ အပျက်အစီးပုံအောက် မြှုပ်နှံခံလိုက်ရကြောင်း ပြောပြပါ။” ဒီကဗျာကို မူရင်း အင်္ဂလိပ်လိုအပြင် တခြား ဘာသာစကား ၂၃ မျိုးနဲ့ ပြန်ဆိုပြီး ဖြစ်ပါတယ်။ အခု လွန်းရာရဲ့ မြန်မာပြန်ကနေ သူ့ကဗျာကို ဖတ်ကြည့်စေလိုပါတယ်။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၀၈

0:00 7:15

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 7 minutes long.

When was this DNA Podcast episode published?

This episode was published on January 6, 2024.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.