နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၂)
from DNA Podcast Hosted by delta news agency
နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၂) ဗညားမော် ဖေဖော်ဝါရီလဟာ မှတ်သားစရာများတယ်။ လတွေထဲမှာ ခွဲတမ်းရက် အနည်းဆုံး ရတဲ့လ။ ၃၀၊ ၃၁ တွေကြား သူ့မှာ ၂၈ ရက်ထဲ။ လေးနှစ်တခါ ၁ ရက်တိုးပြီးလည်း မှတ်လိုက်ရသေး။ တနှစ်တာရဲ့ ရက်ပေါင်းကို အလျှော့အတင်းလုပ်ပေးရာ လ။ မြန်မာတွေအတွက်ကျ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးလ၊ နှစ် ၇၀ ကျော်တဲ့တိုင် ညီအောင် မစုနိုင်သေးတဲ့ ပြည်ထောင်စု စာချုပ် ချုပ်ရာလ။ အခါခါ စစ်အာဏာသိမ်းကို ဒီတခါတော့ ချုပ်ငြိမ်းအောင် အမှန်တကယ် ဖယ်ချနိုင်တော့မယ့် မြန်မာ့နွေဦး စခဲ့ရာ လ။ ဒီ ဖေဖော်ဝါရီလကို ရောက်ပြန်ပြီ။ သုံးနှစ်ရှိပြီ။ ကဗျာဆရာက ပြောလိုက်သလို အကျဉ်းထောင်ထဲမှာ/ သုံးနှစ်ဆို/ နှစ်သုံးဆယ်လောက် ထင်ရတယ်/ ဒုက္ခကို ဖြတ်ကျော်တဲ့အခါ သုံးနှစ်နဲ့လည်း မလုံလောက်ပြန်ဘူး” လို့ ပဲ့တင်ထပ်ရတော့မှာလား။
Embed this episode
No transcript yet.