Skip to content
နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၄) episode artwork

Feb 17, 2024 6 min

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၄)

from DNA Podcast Hosted by delta news agency

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး (၁၁၄) ဗညားမော် နွေဦးတော်လှန်ရေးဟာ သုံးနှစ်တင်းတင်း ပြည့်ခဲ့ပြီဆိုတော့ အစပိုင်းမှာကို တော်လှန်ရေးအတွက် လေ့ကျင့်အားမွေး ပြင်ဆင်ရာ တောင်တန်းတွေ ဆီ ခိုဝင်သွားခဲ့တဲ့ ရဲဘော်လေးတွေမှာ အိမ်လွမ်းနာ ဘယ်လောက် ကြီးနေခဲ့ပြီလဲ။ ဘယ်သူဘယ်ဝါမဆို ခက်လို့ရရင်တော့ လွမ်းရေးက ခက်ချင်သူတွေ။ ဒါပေမဲ့ မနေသာလို့ ပြည်ထဲရေး စစ်ရေးဘက်ကို ပြေးထွက် ရင့်ကျက်လိုက်ရသူ လူငယ် ပျိုနုတွေထဲမှာ အမိရင်ခွင်ထဲ မိမိအတွက်လုံခြုံရာ အိမ်ထဲကနေ ခုမှ ဦးဆုံး ခွဲထွက်လာရပြီး စစ်မီးဟပ်ပြီး အသားတွေ ရှဲခနဲမြည်အောင် ကျက်ပြီး ရင့်ကျက်လိုက်ရသူ လူငယ်လေးတွေ များစွာ ပါဝင်နေခဲ့မှာပေါ့။ ကျွန်တော် လတ်တလော ဖတ်လိုက်ရတဲ့ ကဗျာထဲမှာတော့ ဇာတ်ဆောင်လူငယ်လေးဟာ စာတွေ အများကြီးဖတ်ထား ဝတ္ထုတွေထဲက သံယောဇဉ်ကင်းပြတ်သူလိုလို၊ အိပ်ဇစ်စတင်ရှယ်လစ္စလိုလို ကျရာပျော်နေမယ့် လူဆိုးလူတေလေးလိုလို ဇာတ်ကောင်တွေလို ကိုယ့်ကိုယ်ကိုယ် ထင်စားမိခဲ့သူဖြစ်ပေမဲ့ “သူ့အမေကို လွမ်းတဲ့ ရဲဘော်ဟာ ကျနော့်ဟီးရိုး ဖြစ်လာတယ်” ဆိုပြီး သူ့အမေကို လွမ်းတယ်လို့ ပြောတဲ့ ရဲဘော်ကို မြင်ပြီးမှ သူကလည်း ကိုယ့်အမေ ကိုယ် သတိရလာခဲ့တယ်တဲ့။ ကဲဗျာ အိမ်ပြန်ချင်သူ ရဲဘော်တွေရဲ့ ရင်ထဲ အတွေးထဲကို ကျွန်တော်တို့ ဦးဆုံး ဝင်စားကြည့်လိုက်ကြရအောင်ပါ။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၄)

0:00 6:24

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 6 minutes long.

When was this DNA Podcast episode published?

This episode was published on February 17, 2024.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.