Skip to content
နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၅) episode artwork

Feb 24, 2024 6 min

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၅)

from DNA Podcast Hosted by delta news agency

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး ၁၁၅ ဗညားမော် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းမှာ စစ်အာဏာ တည်းဟူသော ကုလားအုပ်ကြီးဟာ ၁၉၆၂ ခုနှစ်က စပြီး တကိုယ်လုံး ဝင်ချလာတယ်။ အဲ့ဒီနောက် ပြန်မထွက်တော့ဘူး။ ဒီလိုပဲ ဆိုရတော့မယ်။ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံအရ လူထု မဲဆန္ဒနဲ့ လွှတ်တော်ဖွဲ့စည်း အုပ်ချုပ်တယ် ဆိုတဲ့ ၁၀ နှစ်တာမှာလည်း လွှတ်တော်ရဲ့ ခန်းမထဲမှာ စစ်ဖိနပ်သံကို တတောက်တောက် ပေးနေခဲ့တာ ကျွန်တော်တို့အားလုံး သိခဲ့ကြပြီး ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်အာဏာ ဘီလူးဟာ သူ့အစွယ်ကို ပြောင်ပြောင်တင်းတင်း ထုတ်ပြလိုက်တယ်။ ပြည်သူလူထုတွေရဲ့ မဲဆန္ဒတွေကို မြောင်းထဲ ပစ်ချလိုက်တယ်။ ဒီလိုနဲ့ နွေဦးတော်လှန်ရေးဟာ မြန်မာနိုင်ငံရဲ့ လူထုအရေးတော်ပုံ သမိုင်းသစ်အဖြစ် စစ်ဂိုဏ်းအုပ်စုကို တွန်းလှန်ဖယ်ချဖို့ ပေါ်ထွန်းလာခဲ့တာပဲ ဖြစ်တယ်။ လူထုရဲ ဆန္ဒနဲ့ လိုလားချက်ကို စစ်ဂိုဏ်းအုပ်စုက အစိမ်းတိုက် နားရွက် တံတွေးဆွတ်လိုက်ခြင်း။ ဒီလိုနဲ့ လူထုနဲ့ နိုင်ငံရေးအင်အားစုတွေက လက်နက်ကိုင် တော်လှန်ရေးကို မဖြစ်မနေရွေးချယ်လိုက်ရတဲ့အခါ စစ်တပ်ဟာ ပြည်သူတရပ်လုံးကို ရန်သူသဖွယ် သတ်မှတ် တိုက်ခိုက် သတ်ဖြတ်တဲ့ ဗျူဟာကို တစတစနဲ့ အပြည့်အဝ ကျင့်သုံးလာခဲ့တယ်။ နိုင်ငံရဲ့ ဘတ်ဂျက်ကို အငမ်းမရ စားသုံးရင်း အင်အားကြီးမားလာခဲ့တဲ့ စစ်တပ်ကြီးဟာ ၃ နှစ်ကြာတဲ့ အခါမှာတော့ သူရင်ဆိုင်တိုက်ခိုက်နေရတဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ အပါအဝင် ခုမှ နှစ်ပိုင်းမျှဖြစ်ထွန်းလာတဲ့ နွေဦးတော်လှန်ရေးရဲ့ အရေးတော်ပုံရဲ့ စစ်အင်အားလှိုင်းလုံးကို သိသိသာသာ အရေးနိမ့်တဲ့ ပွဲတွေ ဟိုမှာ သည်မှာ ကြုံလှာရ၊ စစ်စခန်းတွေ အသိမ်းခံရ၊ မြို့တွေ အသိမ်းခံရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်တိုးလာတဲ့အခါ လူထုရဲ့ ချက်အောက်ကို ထိုးဖို့ အကွက်ကို ထုတ်သုံးလာတော့တာပါပဲ။ လူထုတရပ်လုံးကို စစ်ထဲ ထည့်သွင့်ဖို့ ကြိုးစားတဲ့အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာကို ပြဋ္ဌာန်းလိုက်တာပါပဲ။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၅)

0:00 6:07

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 6 minutes long.

When was this DNA Podcast episode published?

This episode was published on February 24, 2024.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.