Skip to content
နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၇) episode artwork

Mar 9, 2024 6 min

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၇)

from DNA Podcast Hosted by delta news agency

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး ၁၁၇ ဗညားမော် နွေဦးမှာ ကဗျာ ဘာအလုပ်လုပ်သလဲ။ ကဗျာရဲ့ အလုပ်မှာ တာဝန်ဆိုတာ ရှိသလား။ ကဗျာဟာ၊ အနုပညာဟာ ပညာရပ်ရဲ့ မိုးမြင့်ပေါ်ကို တကြိုးတည်း တက်ဖို့လား။ သာမန်ခံစားသူတွေရဲ့ မြေပြင်ကို ငဲ့ကြည့်ဖို့လား။ မယုတ်မလွန်သမားတွေ ရှိသလို အစွန်းရောက်သူတွေလည်း ရှိနိုင်ပါတယ်။ နွေဦးမှာတော့ ကဗျာဟာ လူထုနဲ့ အတူမရှိဘူးဆိုရင် တကိုယ်ကောင်းကဗျာ တကိုယ်တော်ကဗျာ အဖြစ် ပိုပြီးသက်ရောက်ပါလိမ့်မယ်။ ရေထဲ မိုးထဲ အချိန်မှာ ဆိုရင် ဘယ်သူမဆို ဘယ်နယ်ပယ်မှာ ကျင်လည်သည်ဖြစ်စေ ထီးဖြစ်ချင်ဖြစ် လှေဖြစ်ချင် ဖြစ်လို့ ဆိုလိုက်ချင်ပါတော့တယ်။ မိကျောင်းမှန်ရင် ဆန်ပြီး တုံးဖြစ်ရင် စုန်တယ် ဆိုသလိုပဲ အဆန်ခရီး မပြီးဆုံးသရွေ့ စွမ်းသမျှ ဆန်တက်နေကြသူတွေကို စုန်လိုက် မျှောလိုက်နေသူတွေထက် ကျွန်တော်တို့ဟာ အာရုံစိုက်မိကြရတာပါပဲ။ စစ်နဲ့ တော်လှန်ရေး ဆိုသည်က ကာလ ဒေသ ပရောဂ အခြေအနေတွေအရရော လူထုတရပ်လုံးရဲ့ နိုးကြားရှည်ကြာ ပါဝင်နိုင်မှုအရရော မျက်လှည့်ပြသလို အပြောင်းအလဲကိုကတော့ ဘယ်လိုမှ မျှော်လင့်လို့ မရနိုင်တတ်။ ဆူပွက်လောင်ကျွမ်းနေတဲ့ ကမ္ဘာပေါ်က ပဋိပက္ခနဲ့ စစ်မီးတောက်လောင်နေရာ ဒေသတွေ ကြည့်တော့လည်း ထူးမခြားနား။ ကျွန်တော်တို့နိုင်ငံထက် ကမ္ဘာ့အကျိုးစီးပွားအတွက်ရော အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေနဲ့ပါ ချိတ်ဆက်နေတဲ့ ဒေသရပ်ဝန်းတွေက စစ်ပွဲနဲ့ ပဋိပက္ခတွေမှာပင် ကမ္ဘာ့အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေရဲ့ ပါဝင်နိုင်တဲ့ အစီအစဉ်တွေဟာ အကန့်အသတ်များလွန်းလှတာကို လက်တွေ့ တွေ့မြင်နေကြရပါတယ်။ သုံးနှစ်ခရီးမှာ အိမ်နီးချင်း မြောက်ဘက်နိုင်ငံကြီးရဲ့ သူတို့ အကျိုးစီးပွားအရ ပတ်သက်လက်ရောက်မှုတွေရဲ့ လှိုင်းနဲ့အတူ မြောက်ပိုင်းညီနောင်တို့ရဲ့ အော်ပရေးရှင်းဟာ မြေပြင်အောင်မြင်မှုတွေအရရော စိတ်ဓာတ်ရေးရာအရပါ တနိုင်ငံလုံးကိုသက်ရောက်တဲ့ လှိုင်းလုံးကြီးတလုံးဖြစ်ခဲ့ပြီး စစ်ဂိုဏ်းအုပ်စုရဲ့ ကမ်းခြေကို ကောင်းကောင်းတိုက်စားပြီး သူတို့ရဲ့ ယိုင်နဲ့မှုကို မြင်သာစေခဲ့တယ်။ ဒါပေမဲ့ အမြဲတမ်းလို သူတို့နိုင်ငံရဲ့ တိုက်ရိုက်အကျိုးစီးပွားကလွဲရင် ပမာမထားတဲ့ အင်အားကြီးအိမ်နီးချင်းဟာ နှစ်ဘက်ခွ ကစားပြီး တော်လှန်ရေးဒီရေရဲ့ အရှိန်ကို အတိုင်းအတာတခုအထိ ရပ်တန့်စေအောင်စွက်ဖက်ခဲ့တယ်။ ကမ္ဘာ့အမြင်မှာ ငြိမ်းချမ်းရေးကို ကမကထလုပ်ပေးသူပုံစံ အပြအပြောတွေ ထုတ်ခင်းလာပြီး အနှစ်သာရကတော့ ကြက်ပန်းယာညက် အာဂျင်ဒါ ဖြစ်နေတာကို မြန်မာလူထုတွေကတော့ သမိုင်းသင်ခန်းစာတွေအရ သိမြင်နိုင်ကြပါတယ်။ အဲ့ဒီအတွက် နွေဦးကဗျာဆရာတွေ မျက်စိမမှောက်ဘူးဆိုတာကို ကဗျာဆရာက သူ့ကဗျာလိုင်းတွေထဲ ထည့်ပြလိုက်ပါတယ်။ “ ယာယီငြိမ်းချမ်းရေးဆိုတာ/ အရှိန်ယူတဲ့စစ်လို့/ သူတို့ သိတယ်/ ဒုက္ခတွေရဲ့အဆုံးသတ်မှာ/ နာကျင်အချိန်ပိုတွေ များမှာ/ စိုးရိမ်ကြတယ်။” လက်တွေ့နွေဦးရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေမှာတော့ နိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ လှိုင်းလုံးတွေ တဝုန်းဝုန်း ရိုက်ခတ်နေစဉ်မှာပဲ နိုင်ငံရဲ့ မြောက်ဘက်ပိုင်းမှာ အော်ပရေးရှင်း ကြီးကြီးတစ်ခုဟာ ကြေညာချက်နဲ့ကို ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ချိတ်ဆက်လှုပ်ရှားမှု ဆက်စပ်ပေါင်းစည်းမှုတွေဟာ တချိန်ထက် တချိန် တိုးတက်လာဖို့ မျှော်လင့်နိုင်ပါတယ်။ မတူတဲ့ အကျိုးစီးပွားတချို့နဲ့ မတူတဲ့ လာရာကို ကြည့်ပြီး တစုတစည်းလားရာဟာ ကွဲဖြာနေလိမ့်မယ်လို့ အပျက်ဘက် ပြန်ကန်ထွက်လာတဲ့ နောက်ပြန်ရိုက်ချက်တွေဟာလည်း ကျေပျက်မှုန်ဝါးသွားပါလိမ့်မယ်။ နွေဦးရဲ့ ကဗျာဆရာတွေဟာလည်း မတ်လရဲ့ ကဗျာ၊ နွေဦးရဲ့ ကဗျာ၊ အောင်ပွဲကြိုသပြေညိုကဗျာ၊ အိမ်ပြန်ချိန် ကဗျာ စသဖြင့် တော်လှန်ရေးခရီးရဲ့ အနိမ့်အမြင့်အတက်အဆင်းတွေမှာ သည်လှေ ရှေ့တက်နိုင်ဖို့ သည်ရွက်တွေကို ဖောင်းအောင် တသုန်သုန် ဆက်လက်တိုက်ခတ်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နွေဦးနဲ့ ကဗျာဆရာတွေရဲ့ အဆက်အစပ်ကို “မတ်လကဗျာ” အဖြစ် ကဗျာဆရာ ‘ခဇ’ ရေးထားတဲ့ ကဗျာကို ဆက်လက် နားထောင်ကြည့်ကြပါခင်ဗျား။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၇)

0:00 6:24

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 6 minutes long.

When was this DNA Podcast episode published?

This episode was published on March 9, 2024.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.