Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၅၇ episode artwork

Jan 14, 2023 8 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၅၇

from DNA Podcast Hosted by delta news agency

ဗညားမော် နွေဦးထဲမှာ ချောင်သလို ခိုနေတဲ့ သာသလို စီးနေတဲ့ မြို့တွေ မြစ်တွေ ရှိတယ်လို့ ပြောရင် ပြောသူအလွန် ဖြစ်မှာပေါ့။ မြို့သားဆိုတာက သံသားလို အားလုံး မမာနိုင်ဘူး။ ဖော့သားလို အားလုံး မဖွာနိုင်ဘူး။ ရွှံ့သားလို အားလုံး မပျော့နိုင်ဘူး။ မြို့သားဆိုတာ မြို့တစ်မြို့ထဲ မှီတင်းနေထိုင်တဲ့ လူသား၊ ဆိုရိုးစကားအရ လူချင်းတူပေမဲ့ အသက်ရှူချင်းကွဲတယ်ဆိုတဲ့ သူပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာဆိုတော့ စကားအရ မြို့တွေကို အပြစ်မဖို့နိုင်ဘူး။ ကိုယ့်လက် မပူသမျှ သောက်စားပျော်ပါး ပျော်ရွှင်ပွဲခံနေကြတဲ့ မြို့ထဲက တစ်ဘို့ထဲ လူတွေကိုတော့ လူထုအရေးတော်ပုံကို မလေးမစား မျက်နှာလွှဲထားရက်သူများလို့ အပြစ်ဖို့ကြတာမျိုးကတော့ မလွန်တန်ကောင်းပါဘူး။ ဒေါက်တိုင်မဟုတ် လောက်ကောင်မဟုတ် အလိုတော်ရိမဟုတ်တောင် နွေဦးတော်လှန်ရေးထဲ သူ့အသက် ကိုယ့်အသက် လုနေရတဲ့ ပွဲတွေမှာ အပြစ်မဲ့လူသားတွေ မထိခိုက်စေရဆိုပြီး လက်ရှောင်ရတဲ့ တော်လှန်ရေးသမား လူစွန့်စားတွေအဖို့ ဒီမြို့သားတွေဟာ တစ်နည်းအားဖြင့်တော့ နွေဦးရဲ့ အမှိုက်သရိုက်တစ်မျိုးပဲလို့ ဆိုချင်လည်း ဆိုထိုက်တယ်။ အာဏာလုစစ်ဂိုဏ်းအုပ်စုကတော့ သူလုပ်စရာရှိတာ သူတိုက်စရာရှိတာကို မထောက်မညှာ ရက်ရက်စက်စက် ပက်ပက်စက်စက် တိုက်တယ် သတ်တယ်ဆိုတာကို နှစ်နှစ်နီးပါး သာဓကများဟာ လုံလောက်တာထက်များစွာ သောင်းချီတဲ့ အထောက်အထားတွေ တွေ့နေရတာ အားလုံးအသိပါ။ သူတို့ကတော့ ပါးတဲ့နေရာတွေ ဖောက်စားမှာပဲ။ လူနေထူထပ်တဲ့ မြို့ကြီးတွေကတော့ အဖောက်ရကြပ်လို့ ယာယီ ပလပ်ထားတာမျိုးတွေ ရှိနိုင်တယ်။ ဒါတောင် ရန်ကုန်နဲ့ မန္တလေး ဖိအားမတူတာ ကျွန်တော်တို့အားလုံး အသိပဲ မဟုတ်ပါလား။ ဒါပေမဲ့ မြို့သားတို့၊ ရန်ကုန်သားတို့။ ရန်သူဟာ လိုအပ်ရင် သူ့အင်အားကို ချိုထားမှာ မဟုတ်တာကို သတိထားဖို့ လိုအပ်လှပါတယ်။ မကွေးစစ်ကိုင်းက ကျေးလက်သားတွေဟာ စွန့်စရာ အသက်ကလွဲရင် မကျန်တော့လို့ ရှိသမျှအင်အားနဲ့ ပြန်လှန်ကြလို့ လေကြောင်းကနေ နှံတယ်၊ ရွာမီးရှို့ မြေလှန်တယ်လို့ အလွယ် မတွက်ကြလင့်။ ဒီနှစ်ဦးထဲ အခုရက်ပိုင်း ချင်းအမျိုးသား တပ်ဦး ဝိတိုရိယစခန်းနဲ့ ကချင် ကေအိုင်အေရဲ့ တနိုင်းဘက် စခန်းတွေကို လေကြောင်းက ပစ်ခတ် ဗုံးကြဲခဲ့တာတွေကို ထောက်ရှုကြလို့ ပြောရမှာပဲ။ စစ်ဂိုဏ်းအုပ်စုဟာ သူခြေတွေက သွားတိုင်းမပေါက်ပေမဲ့ သူ့ငှက်တွေ ပျံတိုင်းရောက်နေသေးရင် ဘယ်နေရာမဆို သူ့တွက်ကိန်းထဲ ပါလာရင် ငှက်ချေးပါချနိုင်တယ် ဆိုတဲ့ အလားအလာကို ခုချိန် လက်နက်ကြီးသံ၊ လေယာဉ်ဗုံးသံ မကြားရသေးတဲ့ နေရာတွေဟာ ကြိုတွက်ဆထားသင့်တာ အမှန်ပါပဲ။ ဘာကြောင့်ဆိုတာ အလွန်ရှင်းလင်းပါတယ်။ မိုက်တွင်းကို နက်နက်တူးရဲနေတဲ့ စစ်အုပ်စုအဖို့ ပြေးလမ်းပိတ်နေတဲ့ အခြေအနေမှာ အလုံးစုံပျက်သုဉ်းရေးကို လက်တွေ့ မျက်နှာမူနေတာ အားလုံး မြင်နိုင်ကြပါတယ်။ အနေသာတဲ့ နေရာတွေက အရေးတော်ပုံကို မျက်နှာမမူပဲ မရေမရာလုပ်နေသမျှ ကျွန်တော်တို့ရဲ့ တော်လှန်ရေးကာလ ရှည်ကြာပြီး အားလုံး မရေမရာတဲ့ ဒုက္ခ အခြေအနေကြီးထဲ မပြီးမပြတ် ဖြစ်နေမှာကိုလည်း မြင်သင့်ကြပါတယ်။ ကဗျာဆရာကတော့ ကနဦးကကို ဒီအရေးကို အားမလို အားမရ ဖြစ်ခဲ့ရတယ်။ သူပုန်ဂေဇက် အတွဲ ၁ အမှတ် ၇ ထဲမှာ ညီမိုးဆွေရေးခဲ့တဲ့ ကဗျာပါ။ အကြမ်းမဖက် ဆန္ဒပြပွဲတွေကို မြို့လုံးပြည့် လူတွေ ထွက်ခဲ့ဖူးတဲ့ ရန်ကုန်ဟာ ကဗျာဆရာရဲ့ အသံကို ဘယ်လို သဘောရကြမလဲ စဉ်းစားစရာပဲ။ ကဗျာဆရာရဲ့ ကဗျာလိုင်းတွေကို တစ်ကြောင်းချင်း တစ်ကြောင်းချင်း နားထောင်ကြည့်ပါ။ စဉ်းစားရင်း ခံစားရင်းပေါ့လေ။ လူသန်းနဲ့ ချီပြီး ထူထူထပ်ထပ် နေထိုင်တဲ့ မက်ထရိုပိုလစ်တန်မြို့ကြီးထဲမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်သလား။ ငါတို့မြို့ကြီးမှာ တိုက်ပွဲတွေ မဖြစ်ဘဲ စစ်ဂိုဏ်းအာဏာလု အုပ်စု ပြိုလဲကျ အောင်ပွဲလည်းရ ဆိုတဲ့ အထိအရှမရှိတဲ့ အိပ်မက်ကို ကျွန်တော်တို့ မက်နိုင်ပါ့မလား။ ရန်ကုန်မြို့ထဲ တိုက်ပွဲတွေဖြစ်ရင် ကောင်းမယ်လို့ ကဗျာဆရာကတော့ ဆိုလိုက်တယ်။ မြို့သစ်မှာ ကျွန်တော်တို့ တစ်ယောက် တစ်ရောင် အလံတွေလွှင့်ကြဖို့ တစ်သံတည်းညီ တစ်ချီထဲ ရုန်းကြတဲ့နေရာမှာ ကျွန်တော်တို့ဟာ စစ်မီးအပူနဲ့ ဝေးရာ သာယာပျော်ရွှင်စည်ကားနေကြရုံနဲ့ ဖြစ်နိုင်ပါ့မလား တွေးဆကြည့်ကြဖို့ပါပဲ။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၅၇

0:00 8:49

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 8 minutes long.

When was this DNA Podcast episode published?

This episode was published on January 14, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.