Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၅၉ episode artwork

Jan 27, 2023 8 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၅၉

from DNA Podcast Hosted by delta news agency

ဗညားမော် နွေဦးထဲမှာ လူတိုင်းတော့ အေကေဖိုတီဆဲဗင်း ကိုင်ချင်တဲ့ သူတွေမဟုတ်ဘူး။ လူတိုင်းကလည်း ပြေးနိုင်လွှားနိုင် တိုက်နိုင် ခိုက်နိုင်တာမဟုတ်ဘူး။ ခက်တာက ဒီလူထုအရေးတော်ပုံကြီးမှာ လက်နက်ကိုင် တိုက်ခိုက်ရေးကလည်း မရှိမဖြစ် မဖြစ်မနေ ဖြစ်နေခဲ့ရတာ မဟုတ်လား။ ရန်သူက ကျွန်တော်တို့ရဲ့ သေနင်္ဂဗျူဟာကို ရွေးချယ်သွားခဲ့ပြီ။ တိုက်ပုံအင်္ကျီဖြူဖြူလေးဝတ် ပါးစပ်က ဘုရားဘုရားလိုလို အသံတုဝိဇ္ဇာလိုလို တောရမ်းမယ်ဖွဲ့ လျှောက်ပြောနေသူ သူတို့ စစ်ဂိုဏ်းအုပ်စု ရှေ့ထွက်မင်းသားရူးကို မြင်နေရသော်လည်း လက်က ကားယားကားယား စစ်ကျွန်စစ်မိစ္ဆာတွေဟာ လက်နက်မရှိတဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ် ပြည်သူ့ဥစ္စာတွေကို လုယက်ဖျက်ဆီး ပြည်သူ့အိုးအိမ်မြို့ရွာတွေကို မီးရှို့ဖျက်ဆီးနေမှတော့ အေကေဖိုတီဆဲဗင်းကိုင်ချင်သူတွေ ရိုးရိုးလူထု လူငယ်တွေထဲမှာ အများအပြားပေါ်လာနေတာ ဒါဟာ အရှိတရားပဲ။ အဲ့ဒီအဆင့် လက်နက်ကောင်းတောင် မကိုင်နိုင်ပါဘဲ တူမီးသေနတ်လောက် တစ်လုံးထိုးလုပ်သေနတ်လောက်နဲ့လည်း အဲ့ဒီမဖြစ်ညစ်ကျယ် တိုက်ပွဲဝင်လက်နက်လေး ကိုင်နိုင်သူဟာ သူ့အသက်ကို ကျည်ထိုးပြီး ဝက်ခေါင်းထိုး တိုက်ခိုက်ခဲ့ကြလို့ ဒီစစ်ဂိုဏ်းအုပ်စုဟာ အာဏာလုသက်တမ်း နှစ်နှစ်ပြည့်လုပြီ။ သေနတ်ကြီးလည်း ရှိ သတ်နည်းလည်း သိပေမဲ့ မိုးကွက်ကြားရွာသလို သဘောက်နဲ့ လောက်ကောင်၊ ဒေါက်တိုင်နဲ့ မင်းမြှောင်တွေရဲ့ စိတ်နှလုံးကိုတောင် အသေအချာ သိမ်းကြုံးအုပ်စိုး ထားနိုင်ရဲ့လား သံသယပွားစရာ အခြေအနေပါ။ အမှန်တိုင်း ပြောရရင် ကျွန်တော်ဟာလည်း သေနတ်လက်နက်ကို မကိုင်တွယ်ရဲ မပစ်ခတ်ရဲတဲ့ သူအုပ်စုထဲ ပါဝင်နေတဲ့ သူတစ်ယောက်။ လူနု လူပျော့ လူညံ့လို့ ပြောရင်လည်း ခံရတော့မှာပဲ။ နွေဦးတော်လှန်ရေး လူထု အရေးတော်ပုံ စလိုက်ပြီ ဆိုကတည်းက သူ့အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ဂျာနယ်လစ်ဇင်းလုပ်ငန်းထဲက မျက်မှောက်ရေးရာ သဘောထားအမြင်တွေကို လူထုဘက် ဓမ္မနဲ့ အဖြစ်မှန် ရှုထောင့်ကနေ စဉ်ဆက် ရေးသားနေတဲ့ မိတ်ဆွေ ကဗျာဆရာတစ်ယောက် ရှိပါတယ်။ နောက်ပိုင်းမှာတော့ အရပ်ရပ်အခြေအနေတွေအရ သူဟာ မူလနေထိုင်ရာ မြို့ပြကနေ ပိုပြီးလွတ်လပ်လုံခြုံနိုင်ရာ တောင်တန်းတွေဆီ ရွှေ့ပြောင်းသွားရပြီး သူနိုင်ရာ သူကျွမ်းရာ ကလောင်နဲ့ တိုက်ပွဲဝင်နေသူလို့ သူ့ကို သတ်မှတ်နိုင်တယ်။ သူခိုလှုံရာထိ စစ်ကြောင်းတွေ တိုက်ပွဲတွေ ဆိုက်လာတဲ့ တစ်ချိန်မှာတော့ ဒီထက် နက်ရှိုင်းတဲ့ နေရာအထိ ရှောင်ပြေးရတဲ့အတွေ့အကြုံတစ်ခု သူပြန်ပြောပြတယ်။ အဲ့ဒီလမ်းကြမ်းကို ကားနဲ့လစ်ကြရတဲ့အချိန် ကားနောက်မြီးမှာ တွဲခိုလိုက်လာတဲ့ ပီဒီအက်ဖ်လေးတစ်ဦးရဲ့ သေနတ်ကို ထိုင်လိုက်လာတဲ့ သူက ခေတ္တမျှ ကိုင်ပေးရတဲ့ အတွေ့အကြုံကို သူက ပြန်ပြောင်းပြောပြဖူးတယ်။ ကျွန်တော် အဲ့ဒီလို ခဏ ကိုင်ပေးထားရတာတောင် ဒီသေနတ်ကြီးက အေးစက်လေးလံလိုက်တာဗျာတဲ့။ လူသတ်လက်နက်ဆိုတာ သွေးနတ်တွေကလည်း စီးနင်းမနေဘူး ကျွန်တော်လည်း အတည်မပြုနိုင်ဘူးလေ။ ကျွန်တော်တို့လို ကလောင်နဲ့ လေနဲ့ သွေးရဲနေတဲ့ လူနု လူပျော့တွေဟာ တကယ့်လက်တွေ့မှာ အဲ့ဒီလို ခံစားမှုမျိုး မဖြစ်ဘူးလို့ မဆိုနိုင်။ ဒါပေမဲ့ စိတ်တွေကတော့ ကြမ်းလာ မာလာနေပြီ။ ရန်သူတွေ သာမန်စစ်သားတွေ သေကြေတယ် ဆိုတာထက် အထူးသဖြင့် အကောင်ကြီးတွေ စိတ်ရောကိုယ်ပါ အာဏာရမ္မက်ယန္တရားထဲက ချက်ကျသူတွေ ချေမှုန်းလိုက်နိုင်ပြီဆိုတဲ့ သတင်းများ ဖတ်ရရင် လူသေတာ ဝမ်းသာစရာမဟုတ်၊ အနည်းဆုံး ဝမ်းသာပြရမှာ မဟုတ် ဆိုတဲ့ အသိသတိကြားကနေ အားရပါးရဖြစ်သွားတဲ့ ကိုယ့်စိတ်ကိုယ် ညာမရနိုင်တော့ပါ။ ဒီတစ်ပတ် ကျွန်တော် တင်ဆက်ချင်တဲ့ ကျွန်ုပ်တို့ရဲ့ နွေဦးကဗျာဆရာတစ်ဦးရဲ့ ကဗျာမှာတော့ တွေဝေနူးညံ့သူ ကဗျာဆရာတစ်ဦးကို ကျွန်တော်တို့ တွေ့ကြရမှာပါ။ ဒီနှစ်ဆိုး နှစ်ကြမ်းတွေထဲ ထွက်ခွာသွားသူ ကဗျာဆရာကြီးတစ်ဦးနဲ့ အမှတ်တရလေးနဲ့ စထားတဲ့ ကဗျာတစ်ပုဒ်ပါ။ ကဗျာဆရာကြီးက ဒီလူငယ်ကဗျာဆရာလေးကို မင်းက ဘယ်သူတုန်း ဆိုတဲ့ မေးခဲ့ဖူးတာလေးနဲ့ စထားတာ။ တကယ်တော့ ကဗျာဆရာတွေဟာ နှင်းဆီဝေစုကိုသာ မှုကြတဲ့ သူတွေပါ။ ပြောကြရရင် လောကထဲမှာ ဘယ်တုန်းကမှ ခြင်္သေ့ဝေစုကို မရခဲ့ကြသလို မှန်းလည်း မမှန်းခဲ့ကြသူတွေပါ။ ဒါကြောင်း အေကေဖိုတီဆဲဗင်းတွေကိုလည်း ကိုင်ရဲချင်မှလည်း ကိုင်ရဲကြပေလိမ့်မယ်။ ကိုင်ရဲတဲ့ သူတွေလည်း အဲ့ဒီအေးစက်စက် လူသတ်လက်နက်တွေကို လူထုအတွက် အားတင်းပြီး ကိုင်နေကြလိမ့်မယ်။ ဒါပေမဲ့ အေကေဖိုတီဆဲဗင်း ကိုင်တဲ့ သူ မဖြစ်ချင်တဲ့ ကဗျာဆရာဟာ ဘာတော့ ဖြစ်ချင်သတဲ့လဲ။ ကျွန်တော်တို့ သူ့ကဗျာကို ဖတ်ကြည့်ကြပါစို့ခင်ဗျာ။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၅၉

0:00 8:22

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 8 minutes long.

When was this DNA Podcast episode published?

This episode was published on January 27, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.