Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၁ episode artwork

Feb 10, 2023 6 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၁

from DNA Podcast Hosted by delta news agency

ဗညားမော် နွေဦးထဲက နွေဦးကဗျာဆရာတွေထဲ နွေဦးကဗျာတွေ ထက်ထက်သန်သန် ရေးဖွဲ့နေတဲ့ ကဗျာဆရာတွေဟာ အနည်းဆုံး လက်ဆယ်ချောင်းနဲ့ ရေတွက်လို့ မကုန်နိုင်တဲ့အထဲ ကဗျာဆရာအောင်ဝေးက ရှေ့ဆုံးတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သူက သူ့ရဲ့ အဖြူရောင် ကဗျာမှာ ဒီလို ရေးခဲ့တယ်။ “ကျနော်က/ အမေ့အိမ်ရှေ့က/ သိမ်သိမ်မွေ့မွေ့/ စံပယ်ရုံကလေးပါ။// တစ်ငုံကျန်တဲ့အထိ/ မုန်တိုင်းကို/ မှုန်ဆန်သွားမယ်။// မည်သူမဆို/ ဘုံရန်သူကို/ ပုန်ကန်ရန်အခွင့်အရေးရှိတယ်။// ဒီကဗျာဆရာဟာ မြန်မာပြည်မှာပဲ နေနေ၊ အမေရိကားမှာပဲ နေနေ၊ မီးရှိဂန်မှာပဲ နေနေ၊ အင်ဒီယားနားမှာပဲ နေနေ စစ်အာဏာကို ဆန့်ကျင်တဲ့ နေရာတွေမှာ ရှိနေခဲ့တာ သူ့ရဲ့ ဖြတ်သန်းမှုတွေက သက်သေပြုနေပါတယ်။ သူ့ စပယ်ရုံက စပယ်ဖူးတွေကလည်း ကျည်ဖူးတွေလို နေ့စဉ်မပြတ် ထွက်နေခဲ့တာ၊ နွေဦးကဗျာဆရာတွေရဲ့ တခြားကဗျာတွေ ကျွန်တော်တို့ ဖတ်ချင်တယ် ဆိုရင် စောင့်ဆိုင်းကြရဦးမှာ။ ခုချိန်မှာ ဒီကဗျာဆရာတွေအဖို့ နွေဦးကဗျာတွေဟာ တကယ့်ကဗျာတွေပါ။ ဘာကြောင့်ဆိုတော့ သူတို့ဟာ နွေဦးကနေ ထွက်မပြေးနိုင်တဲ့ ထွက်မပြေးချင်တဲ့ ကဗျာဆရာတွေ။ နွေဦးကနေ ချောင်မခိုချင်တဲ့၊ မှောင်မခိုချင်တဲ့ ကဗျာဆရာတွေ။ ဒီထဲမှာမှ ကျည်ကွယ် မျက်ကွယ် နေရာကနေ ကဗျာလက်နက်ကို ကိုင်စွဲခွင့်ရတဲ့ ကိုအောင်ဝေးတို့လို ကဗျာဆရာတွေရဲ့ နွေဦးကဗျာတွေကတော့ ပစ်ရင် တည့်တည့်ပစ်မယ် ဆိုတဲ့ ကဗျာတွေပါပဲ။ ပြည်တွင်းက ကဗျာဆရာတွေလို သိုင်းကျမ်းထဲက အကွက်တွေ ရေပက်မဝင်အောင် ထည့်သုံးဖို့ မလို။ ဒီတစ်ပတ်မှာတော့ အဲ့ဒီ နွေဦးကဗျာတွေ ရာနဲ့ချီ ရေးခဲ့ပြီးပြီဖြစ်တဲ့ ကဗျာဆရာအောင်ဝေးရဲ့ “ကြောက်ခေတ်ကကြောက်ဖြစ်ရုပ်ကြွင်းကြောက်တုံးများသို့” ဆိုတဲ့ ကဗျာကို တင်ဆက်လိုပါတယ်။ ဒီကဗျာမှာ ကဗျာဆရာဟာ ပုံမှန်နဲ့ သာမန်အသုံးတွေမှာတွေ့ရသလို သူ့ရဲ့ ကျောက်တွေက ယပင့်ကျောက်တွေမဟုတ်ဘဲ ရရစ်ကြောက်တွေကိုပဲ သုံးထားတာကို သတိထားဖို့ လိုပါမယ်။ ကဗျာဆရာက သတ်ပုံမှားနေတာ မဟုတ်ဘဲ သူ့ရဲ့ ကဗျာရဲ့ ရည်ညွှန်းလားရာနဲ့ ကိုက်ညီစွာ သတ်ပုံမှန်အောင် တမင် စာလုံးပေါင်းထားတာပါ။ သူ့ကဗျာကို အပိုင်းနှစ်ပိုင်းနဲ့ ဖွဲ့ထားပြီး တစ်ပိုင်းစီက စာကိုး စကားကိုးတစ်ခုစီနဲ့ စပါတယ်။ ပထမအပိုင်းက ချမ်းဟိန်းကြွယ်ရဲ့ စကားနဲ့ စထားပြီး ဒုတိယအပိုင်းက မခင်မာကြည်ရဲ့ စကားနဲ့ စပါတယ်။ ချမ်းဟိန်းကြွယ်က ကိုအောင်ဝေးတို့ ပြည်တွင်း ကဗျာဖတ်ပွဲတွေမှာကတည်းက တွဲဖက်ခဲ့တဲ့ တယောဆရာ ဖြစ်ပြီး မခင်မာကြည်ကတော့ ကြောက်ခတ်ထဲ မကြောက်တဲ့ အရပ်သူ ဒီပဲယင်းသူ ဖြစ်ပါတယ်။ သူ့ရဲ့ ကဗျာတွေမှာ နွေဦးရဲ့ တောက်ပြောင်တဲ့ ဇာတ်ကောင်တွေရဲ့အမည်တွေ ထည့်သွင်းရည်ညွှန်းပြီး ရေးတတ်တာဟာ ကိုအောင်ဝေးရဲ့ နွေဦးကဗျာတွေမှာ တစ်မူထူးနေတဲ့ ဝိသေသတစ်ခုပါပဲ။ သူ့ရဲ့ တစ်ဖြောင့်တည်း ပြေးသွားတဲ့ ကဗျာနောက်ကို ကဗျာဖတ်သူဟာ အကွေ့အကောက်မရှိ လိုက်ပါသွားနိုင်ပါမယ်။ သူ့ရဲ့ ကြိမ်းပခြင်း၊ သူ့ရဲ့ ဖွင့်ဆိုချက်၊ သူ့ရဲ့ ရဲတင်းတိုင်သံတွေနောက် ဝီရသွေးတက်ကြွ လိုက်ပါသွားနိုင်မယ် ဆိုရင် ကဗျာဖတ်သူဟာ ကဗျာခေါင်းစဉ်မှာ ရည်ညွှန်းတဲ့ ကြောက်ခေတ်၊ ကြောက်ဖြစ်ရုပ်ကြွင်း၊ ကြောက်တုံး ဆိုတာတွေနဲ့ လုံးဝ မသက်ဆိုင်နိုင်ပါဘူး။ ဒါပေမဲ့ အဲ့ဒီ ရည်ညွှန်းချက်ဟာ ဘယ်ပုဂ္ဂိုလ် ဘယ်အစုအဝေး ဘယ်အဖွဲ့အစည်းတွေကို ညွှန်းသလဲဆိုတာ ကဗျာဆရာက ကဗျာရဲ့ နောက်ဆုံးပါဒတွေမှာ တိတိလင်းလင်း ညွှန်ပြသွားပါတယ်။ ကဗျာ အပြည့်အစုံကို ဆက်လက် နားဆင်ကြပါခင်ဗျား။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၁

0:00 6:47

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 6 minutes long.

When was this DNA Podcast episode published?

This episode was published on February 10, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.