Skip to content
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၂ episode artwork

Feb 17, 2023 8 min

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၂

from DNA Podcast Hosted by delta news agency

ဗညားမော် နွေဦးလို့ ဆိုလိုက်တဲ့အခါ ဒီစကားလုံးပေါ် သိမှုအမျိုးမျိုးအဖုံဖုံ ပြားနေလောက်တယ်။ သမပိုင်းရပ်ဝန်း လေးရာသီရှိတဲ့ နေရာတွေက ပထဝီခံစားမှုနဲ့ အီကွေတာ ရပ်ဝန်း သုံးရာသီထဲ ရှိတဲ့ နေရာတွေက ပထဝီခံစားမှုတွေက တစ်မျိုး။ နွေရာသီရဲ့ အဦးအစ ရက်ပိုင်းတွေကိုပဲ ကျွန်တော်တို့ဆီမှာ နွေဦးလို့ ဆိုရမှာ။ ဟန်နရီမိုးရဲ့ နွေရောက်ပြီ ဆိုတဲ့ အကြောင်း ဆိုတဲ့ နွေဖွဲ့ကဗျာရှည်တစ်ပုဒ်ထဲက ပါဒတချို့ထဲ ဒီလို ဖတ်လိုက်ရတယ်။ “အပျိုမကလေးက ခိုညည်းညည်းတယ်/ ဒီတနွေတော့ ပြန်ရောက်ကောင်းပါရဲ့လေတဲ့/ လူမမိ လူမသိအောင် ကြိတ်မျှော်ဆွေးနေတဲ့/ အပျိူကြီးမမက လရောင်ကလေးဆီ ငေးရီ/ အိပ်ယာပေါ်ဟိုလူးဒီလှိမ့်လို့/ သိမ့်နေအောင်ရှိုက်ရင်း ပြောတယ်/ ဟိုးလွန်ခဲ့တဲ့ တစ်နွေဆီကပေါ့ကွာတဲ့”။ ငိုက်မြည်းနေတဲ့ မွေးညှင်းလေးလည်းပါ၊ လယ်ကွက်ထဲ ပုန်းနေတဲ့ မျှော့သိုက်ကြီးလည်းပါ၊ လရောင်လှုံနေတဲ့ ညတွေလည်းပါ သူ့ရဲ့ နွေဖွဲ့ကဗျာဟာ ဝေဆာစည်ကားလှပေတယ်။ ကျွန်တော်တို့က နွေဦးလို့ သင်္ကေတ ပုံရိပ်ပြုရည်ညွှန်းတဲ့ လူထုအရေးတော်ပုံကြီးရဲ့ နိုင်ငံအပေါ်ကျရောက်ပုံတွေဟာ အဖိအဖော့ ကွဲပြားတာတွေရှိနေတယ်။ တစ်ပြည်လုံး အမှောင်ခေတ်ကြီး ဖုံးနေသလို ဆိုရပေမဲ့ အမှောင်ထဲ တစ်ကိုယ်ချင်းဘဝတွေကို လင်းနေအောင် ကြိုးစားခွင့် သာတဲ့ နေရာတွေလည်းရှိ၊ လမိုက်ည ဆိုတဲ့အထိ ကြယ်ရောင်တွေကလည်း ရွာရှို့မီးခိုးလုံးတွေကြား လို့ ဆိုရလောက်တဲ့ ပိန်းပိတ်အောင် မှောင်တဲ့ နေရာတွေလည်း ရှိနေတယ်။ မူလကတည်းက တော်လှန်ရေး ရည်မှန်းချက် ခိုင်မာသူတွေဟာ နွေဦးသက်ရောက်မှု အဖိအဖေါ့ ဘယ်သို့ ကြုံစေ အားတင်းဇွဲခတ်ထားတာ ဘယ်ခါမှ မလျှော့ တင်းနိုင်ပေမဲ့ သာမန် ရောယိမ်းလိုက် ဘသားယိမ်းလိုက် လုပ်နေသူတို့ကတော့ ကိုယ့်ဝန်းကျင်မှာ ဘေးသန်းတာ လျော့ပြယ်သွားတဲ့အခိုက် လောကီသားပီပီ ပျော်လိုက် ပါးလိုက် ကိုယ့်ချမ်းသာကြောင်းလေး ကြံဖန် ရှာနေလိုက် လုပ်နေသူတွေကိုလည်း တွေ့နိုင်ပါတယ်။ အဲ့ဒီလို စစ်သံဝေး မြို့ပြအရပ်တွေဆီ လှမ်းကြည့်မိတဲ့အခါ ပျော်ကြောင်းရှာရင်း လူထုအရေးတော်အတွက် အပျက်ဘက်ဦးတည်မသွားစေဖို့သာ ရည်မှန်းမိတော့တယ်။ တကယ်တမ်းကတော့ နိုင်ငံရဲ့ နေရာအနှံ့နေထိုင်ကြသူတွေမှာ လက်သည်းဆိတ် လက်ထိပ်နာရမယ့် ဆက်သွယ်နေမှုတွေက အများအပြား ရှိနိုင်ပါတယ်။ အခု စစ်ဒဏ်ပိနေရတဲ့ နေရာတွေမှာ သားချင်း ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းတွေ ရှိနေတဲ့ စစ်ဒဏ်အေး မြို့ပြနေရာတွေမှာ နေထိုင်သူတွေလည်း အဝေးပထဝီရပ်ဝန်းက ချစ်ခင်သူတွေအတွက် ပူပင်နေကြရတာပါပဲ။ ဗုံးသံ သေနတ်သံ လက်နက်ကြီးသံ မကြား မကျတဲ့ နေရာက လူတွေကတော့ ပက်ပင်းဆင်းရဲက သက်သာနေနိုင်မှာတော့ အမှန်ပါပဲ။ အခု ကျွန်တော် ဖတ်ပြချင်တဲ့ ကဗျာဆရာ ရိုးနီရဲ့ ငါ့အစ်မ အေးရီ ဆိုတဲ့ ကဗျာလေးထဲမှာတော့ မြို့ပြရောက် မောင်ငယ်တစ်ယောက်ဟာ အိမ်မီးရှို့ခံရ၊ အသက်လု စစ်ပြေးလုပ်နေရသူ အညာက အစ်မရဲ့ "ခေတ်ဆိုးကြီးထဲမှာ လူဖြစ်ခဲ့ရတဲ့ ငါ‌တို့တတွေ/ ခေတ်ဆိုးကြီးထဲမှာ သေရတော့မှာလား ငါ့မောင်ရယ်” ဆိုတဲ့ တယ်လီဖုန်းထဲက အသံကို ကြားလိုက်ရသူ ဖြစ်တယ်။ သူ့အစ်မရဲ့ ဖြစ်ထွေကို ကဗျာထဲမှာ ရိုးရိုးလေး ပြောပြသွားတယ်။ နွေဦးကဗျာတွေထဲက ကျွန်တော်တို့ လူထုပြည်သူတွေရဲ့ နာကြားမပြတ် အဆက်အစပ် ရှိပါစေ။ အဆိတ်ဆွ ခံနေရတဲ့ လက်သည်းတွေအတွက် ကျွန်တော်တို့ လက်ထိပ်တွေ နာနိုင်ပါစေ။ အမှောင်ခေတ်ကြီးထဲ တစ်ကိုယ်ချင်း လင်းအောင် ကြိုးစားဖို့ထက် တစ်နိုင်ငံလုံးလင်းမှ အားလုံးလင်းမယ်၊ နွေဦးမုန်တိုင်းရဲ့ အဖော့နေရပ်မှာ ရောက်နေပေမဲ့လည်း အဖိနေရပ်မှာ ပိပြားနေရသူတွေရဲ့ ဆင်းရဲကိုတော့ ကျွန်တော်တို့ စိတ်ဆင်းရဲခံ နားစိုက်ရင်း တော်လှန်ရေးလောင်စာတွေ ဖြည့်ဖို့အရေး အတွေးမပြတ်ကြပါစေနဲ့လို့ နှိုးဆော်လိုက်ပါတယ်။ လတ်တစ်လော ကဗျာဆရာ ရိုးနီရဲ့ ငါ့အစ်မ အေးရီရဲ့ ဒုက္ခကို ကြည့်ကြပါစို့။

Episode details come from the podcast's RSS feed.

Embed this episode

Ready to play

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၆၂

0:00 8:20

No transcript yet.

Requests help us decide what to transcribe next.

Frequently asked questions

How long is this episode of DNA Podcast?

This episode is 8 minutes long.

When was this DNA Podcast episode published?

This episode was published on February 17, 2023.

Can I download this DNA Podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.